မိန်းမငယ်တစ်ဦး ပါးစပ်မှအမြှုပ်ထွက် သေဆုံးမှု အဖြေမသိရသေး

 သန်လျင်မြို့နယ်အတွင်း (၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပါးစပ်မှ အမြှုပ်များ ထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂၄ရက်၊ ညနေ ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်း ထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ သန်လျင်မြို့နယ်၊ သောက်တော်တွင်းရပ်ကွက်၌ နေထိုင်သူ အမျိုးသမီးငယ်သည် ၎င်း၏ ခင်ပွန်း ဖြစ်သူကို ရုတ်တရက်မူးသည်ဟုပြောဆိုကာ နေအိမ်အိပ်ခန်းအတွင်း လဲကျကာ ပါးစပ်မှအမြှုပ်များ ထွက်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

သေဆုံးသူ၏ခင်ပွန်းမှာ ၎င်း၏ဇနီးအဆိပ်သင့်သည်ဟုထင်၍ ကန်စွန်းရွက်များကိုချေပြီး ကန်စွန်းရွက်အရည် တိုက်ခဲ့သော်လည်း ထူးခြားမှုမရှိဘဲ သေဆုံးသွားခဲ့ခြင်းကြောင့် သေဆုံးသူကို သန်လျင်ဆေးရုံသို့ ပို့ဆောင် ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ဒု-ရဲမှူးဇော်မင်း၏ တရားလိုပြု တိုင်တန်းမှုကို သန်လျင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂၆/၁၄) ဖြင့် အမှု ဖွင့်ပြီး စစ်ဆေးလျက်ရှိသည်။

Written by  ကျော်စိုးမိုး

Mizzima - News in Burmese



မိန်းမငယ်တစ်ဦး ပါးစပ်မှအမြှုပ်ထွက် သေဆုံးမှု အဖြေမသိရသေး  မိန်းမငယ်တစ်ဦး ပါးစပ်မှအမြှုပ်ထွက် သေဆုံးမှု အဖြေမသိရသေး Reviewed by သစ်ထူးလွင် on 21:06 Rating: 5
Powered by Blogger.