အဓမ္မပြုကျင့်လူသတ်မှု တရားရုံးကထောင်ဒဏ် နှစ် ၄ဝ ချမှတ်

ကသာ မေ ၂၆

ကသာမြို့နယ် အင်းရွာကျေး ရွာ၌ လွန်ခဲ့သောနှစ်နှစ်ကျော် ခန့်က (၁၂နှစ်)အရွယ် မိန်းကလေး အား အဓမ္မပြုကျင့်သတ်ဖြတ်ခံရ သည့် အမှုကို ယခုလ ၂၃ရက်တွင် ကသာခရိုင် တရားရုံးတော်က အမှုနှစ်ရပ်ပေါင်း ထောင်အနှစ် ၄ဝ ပြစ်ဒဏ်တစ်မျိုးစီချမှတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကသာမြို့နယ်အင်း ရွာရဲစခန်းပိုင် အင်းရွာလမ်းခွဲ၌ ၂ဝ၁၂ခုနှစ် ဇူလိုင် ၆ ရက်တွင် တရားလိုဦးငြိမ်း၏ဇနီးဒေါ်ကြိုင်က သမီးဖြစ်သူ မလှလှ(၁၂နှစ်)အား အင်းရွာလမ်းခွဲသို့ ဈေးဝယ်ခိုင်းရာ ပျောက်ဆုံးနေ၍ ရှာဖွေရာ အင်းရွာ လမ်းခွဲရှိ ဦးသန်းဇော်၏ကြံခင်း အနီး သေဆုံးနေသဖြင့် အင်းရွာရဲ စခန်းသို့ ၂ဝ၁၂ခုနှစ် ဇူလိုင် ၇ ရက်က တိုင်တန်းထားရှိရာ (ပ) ၇၇/၂ဝ၁၂၊ ပြစ်မှုပုဒ်မ-၃ဝ၂ အရ ရဲအုပ်မြတ်စိုး စခန်းမှူးက လက်ခံ စစ်ဆေးခဲ့သည်။

အဆိုပါ တရားခံ မြဒေါင်းအားဖမ်းဆီးပြီး ၂ဝ၁၂ ခုနှစ် သြဂုတ် ၁ဝ ရက် စွဲချက် အမှတ် ၈၇/၂ဝ၁၂ ဖြင့်တရားစွဲ ဆိုတင်ပို့ခဲ့ရာ ကသာခရိုင်တရားရုံး က ရာကြီးအမှတ် ၅၉/၂ဝ၁၂ဖြင့် ၂ဝ၁၂ ခုနှစ် သြဂုတ် ၁ဝရက်တွင် စတင်ကြားနာစစ်ဆေးခဲ့ရာ တရား သူကြီး ဦးသက်ထွန်းက တရားလို၊ သက်သေ၊ တရားခံစစ်ဆေးချက် များအရ အမှုကိုပြစ်မှုပုဒ်မ-၃ဝ၂/ ၃၇၆ အရ ကြားနာစစ်ဆေးပြီး တရားခံ မြဒေါင်း(ခ)အောင်မိုး (အသက်၆ဝ) အား ပြစ်မှု ၃ဝ၂ အရ ထောင်ဒဏ်နှစ်၂ဝ၊ ပြစ်မှု ၃၇၆ အရ ထောင်ဒဏ်နှစ် ၂ဝ ပြစ်ဒဏ်တစ်မှုစီ ချမှတ်လိုက်ရာ ထောင်ဒဏ် နှစ် ၄ဝ ချမှတ် လိုက်ကြောင်း ခရိုင်တရားရုံးတော် မှသိရသည်။

ငွေအိုး (ကသာ)
The Union Daily


အဓမ္မပြုကျင့်လူသတ်မှု တရားရုံးကထောင်ဒဏ် နှစ် ၄ဝ ချမှတ်  အဓမ္မပြုကျင့်လူသတ်မှု တရားရုံးကထောင်ဒဏ် နှစ် ၄ဝ ချမှတ် Reviewed by သစ်ထူးလွင် on 06:00 Rating: 5
Powered by Blogger.