အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အရပ်ဖက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့လူ့ အခွင့်အရေး ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Sarah Sewall ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ၊ မြန်မာအစိုးရဒု- သမ္မတ ဦးဥာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအ၀င် အစိုးရထိပ်တန်း တာဝန်ရှိသူတွေ နဲ့ လည်းတွေ့ဆုံခဲ့ပါတယ်။
မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့စဉ် အတွင်း တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ရှေ့ကို တက်လှမ်းနိုင်ဖို့ အတွက် မြန်မာ့ တပ်မတော်ရဲ့ ထင်သာမြင်သာရှိတဲ့ ထောက်ခံမှုမျိုး အမေရိကန်ပြည်ထောင်စု ဘက်က မြင်တွေ့လိုတယ်ဆိုတာကို ပြောခဲ့ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall က ပြောပါတယ်။ အဲဒီထဲမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ခံမှုရှိဖို့ ၊ လူ့အခွင့်အရေးကိုလေးစားဖို့ နဲ့ အရပ်ဖက်အုပ်ချုပ်မှုကို ခွင့်ပြုဖို့ တွေလည်းပါဝင်တယ်လို့ သူမက ပြောပါတယ်။
ငြိမ်းချမ်းရေး နဲ့ ကလေးစစ်သားကိစ္စတွေ နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ တုံ့ပြန်ပြောကြားချက်တွေ နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အားရမိတယ်လို့ ပြောပါတယ်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကတော့ ရခိုင်လူမှုအသိုင်းအ၀ိုင်းက တာဝန်ရှိသူတွေ နဲ့ရော မွတ်စလင်လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ပါ အမေရိကန် သံရုံးမှာတွေ့ဆုံခဲ့ပါတယ်။
မေလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့ အထိ မြန်မာနိုင်ငံမှာရှိနေစဉ်အတွင်း သူမဟာ လူထုအခြေပြုလူမှု အဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တွေ၊ တိုင်းရင်း သားခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံ ခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ လူမျိုးစုအချင်းချင်းကြား အကြမ်းဖက်မှုတွေ အပြင် ကလေးစစ်သား ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာ့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ။ (သတင်းဓာတ်ပုံ- ကာကွယ်ရေး ဦးစီးချုပ် FB) |
ဒုတိယသမ္မတဦးဉာဏ်ထွန်းနဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ။ (သတင်းဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး) |
မြန်မာ့ကာကွယ်ရေးဦးစီးချုပ်နဲ့ ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ။ ( သတင်းဓာတ်ပုံ ကာကွယ်ရေးဦးစီးချုပ် FB) |
ပြုပြင်ပြောင်းလဲရေး ရှေ့တိုးဖို့ တပ်မတော်ရဲ့ ထောက်ခံမှု လိုကြောင်း ကန်လက်ထောက်ဝန်ကြီး ပြော
Reviewed by သစ်ထူးလွင်
on
08:47
Rating: