ဆယ်စုနှစ်များစွာ နိုင်ငံရေးပြဿနာကြောင့် မြန်မာ့ တောနက်ကြီးများကို ကယ်နိုင်


နိုင်ငံက ပွင့်လင်းလာသည့် ယခုအခါတွင် မျိုးတုံးလုနီးပါးဖြစ်နေသည့် မြန်မာနိုင်ငံမှ ရှားပါးသတ္တ၀ါများ မည်သို့ဖြစ်လာကြမည်နည်း။ အမေရိကန်နိုင်ငံ အခြေစိုက် စမစ်ဆိုနီယံ သုတေသနအဖွဲ့က မြန်မာနိုင်ငံအတွင်း ၀င်ရောက်လေ့လာသုတေသနပြုခဲ့သည်။

နှစ် ၅၀ အတွင်း စစ်အစိုးရ ဖိနှိပ်မှုအောက်တွင် မြန်မာနိုင်ငံ မှ တောတောင်အများစုကို သိပ္ပံ ပညာရှင်များက စူးစမ်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ အပြောင်းအလဲများ လုံးဝရပ်တန့်နေခဲ့ပြီး စက်မှုလုပ် ငန်းများနှင့် ခရီးသွားလုပ်ငန်း များဖြင့် ထိတွေ့ခဲ့ခြင်း မရှိခဲ့သည့် တောနက်ကြီးများသည် ကမ္ဘာ့ရှားပါးတိရစ္ဆာန်များ (သို့မဟုတ်) မျိုးတုံးလုသတ္တ၀ါများ နားခိုရာ နေရာအဖြစ် သတင်းများထွက် ပေါ်လာရာ အာရှဆင်များ၊ ကျား သစ်၊ ကျားနှင့် ၀က်ဝံများပါဝင် သည်ဟု ဆိုသည်။

    ၂၀၁၁ ခုတွင် အစိုးရသစ်အာ ဏာရပြီးသည့်နောက် စမစ်ဆိုနီ ယံသိပ္ပံမှ သုတေသီများ၊ ဒေသခံသိပ္ပံပညာရှင်များနှင့် တောကျွမ်း သူ လမ်းပြများ၊ ဘီဘီစီရုပ်ရှင် မှတ်တမ်းအဖွဲ့ဝင်များက မြန်မာ့တောရိုင်းဒေသအတွင်း လေ့လာခွင့်ရခဲ့ကြသည်။ နှစ်လကြာသွား ရောက်လေ့လာချက်များအရ အံ့သြဖွယ်ရာ  တွေ့ရှိချက်များကို Wild Burma  ရုပ်ရှင်မှတ်တမ်း တွင် သုံးပိုင်းခွဲပြီး ပြသတော့မည် ဖြစ်သည်။

‘‘ကျွန်တော်တို့ရဲ့ ရည်ရွယ် ချက်ကတော့ အနောက်တိုင်း သားတွေအတွက် နှစ်ရှည်လများ ပိတ်ပင်ထားတဲ့ နိုင်ငံတွင်းက နေ ရာတွေမှာ ပထမဆုံး မှတ်တမ်း ရိုက်ကူးနိုင်ဖို့ပါ’’ဟု မြန်မာနိုင်ငံ စူးစမ်းလေ့လာရေးအဖွဲ့ဝင်တစ် ဦးလည်းဖြစ်သူ အမျိုသားသဘာဝသမိုင်းပြတိုက်၏ နို့တိုက်သတ္တ၀ါ ဆိုင်ရာ ဌာနမှူးမစ္စတာခရစ်ဟယ် ဂင်က ပြောဆိုသည်။ ‘‘အဲဒီနေရာ က တောတောင်တွေထဲမှာ ဘာ တွေ ရှိနေသလဲ၊  ဘာတွေကျန် နေသေးသလဲဆိုတာ  ကျွန်တော် တို့ သိချင်တာတွေ အများကြီးရှိ နေပါတယ်’’

  ဟယ်ဂင်နှင့် သူ၏ ထိန်း သိမ်းစောင့်ရှောက်ရေး  အဖွဲ့ဝင်များ သည် လူသူမရောက်သော နိုင်ငံ ၏ အစိတ်အပိုင်းများကို စတင် လေ့လာစူးစမ်းရန် ပြင်ဆင်ခဲ့ကြ ပြီး တောနက်ကြီးအတွင်း ရှားပါး တိရစ္ဆာန်များကို အလိုအလျောက် ဓာတ်ပုံရိုက်နိုင်ရန် ကင်မရာများ ထောင်ထားခဲ့သည်။ နိုင်ငံ၏ ၃ရာခိုင်နှုန်းကိုသာ ဥပဒေဖြင့် အကာအကွယ် ပေးထားသည့် အခြေအနေအောက်တွင် တောရိုင်းတိရစ္ဆာန်များ ဆက်လက်ရှင်သန်နိုင်ရေးအတွက် တောနက်ကြီးများကို အကာအကွယ်ပေးရန် လိုသည်။  ယင်းအတွက် ခိုင်မာသော သက်သေများရရန် မျှော်မှန်းထားခဲ့သည်ဟု ဆိုသည်။

သိပ္ပံပညာရှင်အဖွဲ့၏ ပထမခရီးတစ်ထောက်မှာ  အာရှဆင် များစွာကို  ရှင်သန်ခွင့်ပေးထား သည့် မြန်မာနိုင်ငံ အနောက်ဘက် ခြမ်းက  ရခိုင်ရိုးမတောနက်ကြီး ဖြစ်သည်။  တောရိုင်းဆင်များ ရှိသည်ဆိုသည့် ကောလာဟလ များ ထွက်ပေါ်နေသော်လည်း စမစ်ဆိုနီယံမှ မည်သူတစ်ဦးတစ် ယောက်ကမှ မမြင်တွေ့ခဲ့ဖူးပါ။ ဆင်ကျွမ်းကျင်သူနှင့် စမစ်ဆိုနီယံ ၏ တိရစ္ဆာန်ဥယျာဉ် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ဇီဝသိပ္ပံ သစ်ညွှန်ကြားရေးမှူးဖြစ်ခဲ့သူ ခရစ်ဝယ်မာကလည်း ဤအဖွဲ့ တွင် ပါဝင်သည်။ အာရှအရှေ့ပိုင်း နိုင်ငံများတွင် နှစ်ပေါင်း ၂၅ နှစ် ကြာ လှည့်လည်ကာ ယင်းဆင် ရိုင်းတို့ကို ရှာဖွေလေ့လာခဲ့သော် လည်း ထိုဒေသများတွင် သူမျှော် မှန်းထားသည့် ဆင်အုပ်ကြီးများ ကို မတွေ့ခဲ့ရပေ။

ပြီးခဲ့သည့် ရာစုနှစ်က ကမ္ဘာ ပေါ်ရှိ အာရှဆင် ၉၀ ရာခိုင်နှုန်း ပျောက်ကွယ်သွားခဲ့ရာတွင် အမဲ လိုက်မုဆိုးများ၏ သတ်ဖြတ်ခြင်း ကြောင့်ဖြစ်သလို လယ်သမားများ က ၎င်းတို့၏ လယ်မြေများကို ကာကွယ်ရင်း သတ်ဖြတ်ခံရခြင်း၊ စားကျက်မြေတို့မှ မောင်းထုတ်ခံ ရ၍   သေကျေပျက်စီးခြင်းတို့ ဖြစ်ခဲ့ကြသည်။ ဤအချက်များ ကြောင့်ပင် မြန်မာပြည်က လူသူ မနီးတောကြီးမျက်မည်းတွင် ဆင် အုပ်ကြီးများ ကျန်ရှိသေးကြောင်း ကို သက်သေသာဓက ပြသနိုင် ရေးက စူးစမ်းလေ့လာရေးအဖွဲ့ အတွက် အလျင်စလို လုပ်ဆောင် ရမည့် အစီအစဉ်တစ်ရပ် ဖြစ် လာခဲ့သည်။

 သို့သော် ရက်အနည်းငယ် အတွင်းမှာပင် သူတို့ကြိုးပမ်းရ ကျိုးနပ်သွားခဲ့သည်။ ရခိုင်ရိုးမ တောကြီးအတွင်း ဆင်အုပ်ကြီး နှင့် ၀င်တိုးမိ၍ ဖြစ်သည်။ ဆင် ပေါက်လေးများပါဝင်သည့် ဆင် အုပ်ကြီးကို  တွေ့ရှိလိုက်ခြင်းက မြန်မာနိုင်ငံသည်  ကမ္ဘာပေါ်တွင် အမှန်တကယ် ဆင်အရေအတွက်  များများစားစား ကျန်ရှိနေသည့် နောက်ဆုံးဒေသ  ဖြစ်ကြောင်း သတ်မှတ်နိုင်ခဲ့ကြသည်။

‘‘အာရှဆင်တွေကို အကာ အကွယ်ပေးဖို့အတွက် မြန်မာက အရေးကြီးတဲ့ ဒေသဖြစ်တယ်’’ ဟု မစ္စတာဝယ်မာက  ပြောဆို လိုက်သည်။ မြန်မာခေါင်းဆောင် များက အလွန်အကျွံနောက် မကျ မီ  စည်းမျဉ်းစည်းကမ်းများ ချ မှတ်ရန်  အရေးကြီးလှကြောင်း သူက ဆိုသည်။

 အလားတူ တွေ့ရှိချက်များ ကိုလည်း မြန်မာနိုင်ငံ၏ အခြား ဒေသများတွင် ရှိလာသည်။ ဒေသခံလမ်းပြများ၏ အကူအညီ ဖြင့်စမစ်ဆိုနီယံ သိပ္ပံပညာရှင်အဖွဲ့နှင့် အပေါင်းအပါတို့သည် ဝေး လံခေါင်သီသော အခြားတောင် တန်းတစ်ခုဖြစ်သည့် ဆာလုဆီသို့ တောနင်းဝင်ရောက်ပြီး နေ၀က်ဝံသားအုပ်နှင့်   ရှားပါးတော ကြောင် နှစ်မျိုးကို ဗီဒီယိုမှတ်တမ်း တင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် လည်း မြန်မာနိုင်ငံ တောင်ပိုင်း နှင့် မြောက်ပိုင်းက ထမံသီတောတွင်း နှစ်နေရာစလုံး၌ ကျားတိရစ္ဆာန် များကို ဗီဒီယိုမှတ်တမ်းတင်နိုင် ခဲ့သည်။ သူတို့၏ နှစ်လတာ ခရီး စဉ်ပြီးဆုံးချိန်တွင်   ရှားပါး(သို့ မဟုတ်) မျိုးတုံးလုဖြစ်နေသည့် တိရစ္ဆာန်အမျိုးပေါင်း ၂၇ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း မစ္စတာဟယ်ဂင်က ဆိုသည်။ ဤ စာရင်းအချက်အလက်များကို စုစည်းပြီး မြန်မာသမ္မတထံ  အစီ ရင်ခံစာတင်သွင်းခဲ့ကြောင်း သိရ သည်။ Wild Burma ထုတ်လွှင့် ချိန်၌ သူတို့၏တွေ့ရှိချက်များ ကို  လူအများကြည့်ရှုနိုင်တော့ မည်ဟု ဟယ်ဂင်က ပြောသည်။

ရာစုနှစ်ထက်ဝက်မျှ ဖြစ် ပေါ်နေခဲ့သော နိုင်ငံရေးအခြေ အနေများက တမင်မရည်ရွယ်သော်လည်း တောရိုင်းသက်ရှိ သက်မဲ့တို့အပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိခဲ့သည်။တိရစ္ဆာန်မျိုးကွဲပေါင်းများစွာက အနှောင့်အယှက်မရှိ တောနက်အတွင်းရှင်သန်ခွင့်ရခဲ့သည်။

သို့သော် ဤအခြေအနေက သိပ်ကြာကြာတော့ ခံမည်မဟုတ် ပါဟု ဟယ်ဂင်က သတိပေးပြော ဆိုလိုက်သည်။  သစ်ခုတ်ခြင်း၊ သတ္တုတူးဖော်ခြင်းတို့က သဘာဝ မျှတနေသော  တိရစ္ဆာန်တို့၏ရှင်သန်ရာစားကျက်မြေကို ခြိမ်း ခြောက်လျက်ရှိသည်။  ၀င်ငွေ ကောင်းလှသည့်  နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုက လည်း တရားမ၀င်တောလိုက်မှု များကို အားပေးနေသည်။

‘‘မြန်မာနိုင်ငံ ပွင့်လင်းလာ ပြီးဒီမိုကရေစီ ပြောင်းလဲရေး တချို့ဖြစ်လာတာက အင်မတန် ကောင်းပါတယ်’’ ဟု ဟယ်ဂင်က ဆိုသည်။ ‘‘ဒါပေမဲ့ တစ်ချိန်တည်းမှာ ပဲ ဒါက မြန်မာ့သဘာဝရေမြေနဲ့ သူ့ရဲ့ တောရိုင်းဘ၀တွေအတွက် အင်မတန် စိုးရိမ်စရာကောင်းတဲ့ အချိန်ဖြစ်နေပါတယ်။ ဒီအချိန်မှာ  ဒီဒေသတွေကို ချက်ချင်းလက်ငင်းနဲ့ အမှန်တကယ် အကာအကွယ် ပေးဖို့ လုပ်ရမယ့်အချိန် ဖြစ်ပါတယ်။

‘‘ဒီလိုမှ မဟုတ်ရင်တော့ သူ တို့တစ်တွေက သိပ်အကြာကြီးခံ တော့မှာ မဟုတ်ပါဘူး’’ ဟု ဟယ်ဂင်က မှတ်ချက်ပြုသည်။

Wild Burma မြန်မာတော ရိုင်းတိရစ္ဆာန်အကြောင်း အခန်းဆက် မှတ်တမ်းရုပ်ရှင်ကို အမေရိကန်အခြေစိုက်စမစ်ဆိုနီယံ ရုပ်မြင်သံကြားမှ မေလ ၇ ၊ ၁၄ ရက်နှင့် ၂၁ ရက်တို့တွင် ပြသသွားမည်ဖြစ်သည်။

(Smithsonian Magazine ပါ ဆောင်းပါးရှင် Kirstin Fawcett ၏ Decades of Political Strife Have Left Myanmar's Jungles Unexplored and Unchartered  ကို ခင်မေဇော် ဘာသာပြန်ဆိုသည်။

Author: ခင်မေဇော်

7DAY DAILY

မြန်မာ့သစ်တော့အတွင်းမှ ဆင်တစ်ကောင် (ဓာတ်ပုံ-ghvelephant.com)

ဆယ်စုနှစ်များစွာ နိုင်ငံရေးပြဿနာကြောင့် မြန်မာ့ တောနက်ကြီးများကို ကယ်နိုင် ဆယ်စုနှစ်များစွာ နိုင်ငံရေးပြဿနာကြောင့် မြန်မာ့ တောနက်ကြီးများကို ကယ်နိုင် Reviewed by သစ်ထူးလွင် on 16:24 Rating: 5
Powered by Blogger.