ထောင်သုံးခုမှ စာမတတ်သော အကျဉ်းသားများအား ‘အ’သုံးလုံးသင်ပေးမည်


ထောင်ကျလာသော အကျဉ်းသားများထဲတွင် စာမတတ်မြောက်ဟု မှတ်ပုံတင်လာ သည့် အကျဉ်းသားများကို ‘အ’သုံး လုံး သင်ပေးသည့်အစီအစဉ်အား မြန်မာနိုင်ငံရှိ အကျဉ်းထောင်ကြီး သုံးခုတွင် စတင်ပြုလုပ်ပေးနေကြောင်း သတင်းရရှိသည်။

‘‘ထောင်ကျအကျဉ်းသားအဖြစ် မှတ်ပုံလာတင်တဲ့အခါ ပညာအရည်အချင်းနဲ့ပတ်သက်လို့ အသေးစိတ်မှတ်ပုံတင်ရတယ်။ အဲဒီမှာ စာမတတ်ဘူးလို့ မှတ်ပုံတင်လာရင် အဲဒီအကျဉ်းသားကို ‘အ’သုံးလုံး အစီအစဉ်နဲ့  စာအကြမ်းဖျင်းရေးတတ်၊ဖတ်တတ်အောင် သူ့လက်မှတ်သူထိုးတတ်အောင် သင်ကြားပေးနေပါတယ်’’ဟု ရန်ကုန်အင်းစိန်အကျဉ်းထောင်ရှိ တာဝန်ရှိသူတစ်ဦးကပြောသည်။

အကျဉ်းထောင်များအတွင်း စာတတ်မြောက်ရေး လှုပ်ရှားမှုကို အစိုးရသစ်လက်ထက်တွင် စတင် ပြုလုပ်ခဲ့သော်လည်း ၂၀၁၄ နှစ် ဆန်းပိုင်းမှစ၍ ပိုမိုအရှိန်ကောင်း လာပြီး အင်းစိန်ထောင်၊ မန္တလေး ထောင်နှင့် မိတ္ထီလာထောင်တို့၌ စာသင်ကြားရေးအစီအစဉ်ကို စတင်နေပြီဖြစ်သည်။

‘‘စာသင်ပေးတဲ့သူတွေက တော့ ထောင်ကျလာတဲ့ အကျဉ်း သားထဲမှာ ပါမောက္ခတွေ၊ ဘွဲ့ရ တွေ၊ ပညာရှင်တွေပါတယ်။ သူ တို့က ပြန်သင်ပေးတယ်။ အင်းစိန်ထောင်မှာဆို အ.လ.က (၁၃) ဖွင့်ပေးထားတယ်။ အဲဒီမှာဆို အချုပ်ကျနေတဲ့ ကလေးအကျဉ်း သားတွေကို သင်ပေးပါတယ်’’ ဟုအထက်ပါတာဝန်ရှိသူက ဆိုသည်။

လက်ရှိအချိန်တွင် အင်းစိန် အကျဉ်းထောင်အတွင်း ထောင် ကျအကျဉ်းသားနှင့် အချုပ်ကျ အကျဉ်းသားစုစုပေါင်း တစ်သောင်းဝန်းကျင်ခန့် ရှိသည်။

‘‘ထောင်တွေမှာ စာတတ် မြောက်ရေးလုပ်ပေးတာ ကြိုဆို သင့်ပါတယ်။  အရင်ခေတ်အ ဆက်ဆက်က တာဝန်မခံချင်လို့၊ အလုပ်မရှုပ်ချင်လို့ ၊ ခေါင်းရှောင် လို့ ထောင်ပိုင်တွေဟာ ဒီလိုအ ကျဉ်းသားအရေးတွေကို သိပ်မလုပ်ကြဘူး။ အကြောင်းလည်း အမျိုးမျိုးပြတယ်။ အခုကျတော့ ခေတ်လည်းပြောင်းတယ်။ ထောင်ပိုင်တွေကလည်း တာဝန်ခံနိုင်တဲ့သူတွေဖြစ်တော့ အကျဉ်း ထောင်အနေအထားက ပြောင်း လဲလာတယ်။ စာမတတ်တဲ့ အ ကျဉ်းသားက ထောင်ကထွက်လာ လို့ စာတတ်သွားရင် ကောင်းတဲ့ အလုပ်တစ်ခုပဲ’’ ဟု အင်းစိန် ထောင်တွင် နှစ်ပေါင်းများစွာ ထောင်ပိုင်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ အငြိမ်းစားထောင်ပိုင် ကြီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် တက္ကသိုလ်ဝင် တန်းစာမေးပွဲ ဖြေဆိုချိန်ကလည်း အင်းစိန်အကျဉ်းထောင်အတွင်း အကျဉ်းကျနေသူ တက္ကသိုလ်ဝင်တန်း ကျောင်းသား ၁၁ ဦးအနက် ၇ ဦးကို စာမေးပွဲဖြေဆိုနိုင်ရန် ထောင်အာဏာပိုင်များက စီစဉ်ပေးခဲ့ပြီး ၄ ဦးမှာ စာမေးပွဲဖြေချိန်တွင် ထောင်မှ လွတ်မြောက်သွားခဲ့ကြောင်း အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်သည်။

Author: အေးသူစံ
7Day Daily

ထောင်တွင်းတရားပွဲကျင်းပနေစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ထောင်သုံးခုမှ စာမတတ်သော အကျဉ်းသားများအား ‘အ’သုံးလုံးသင်ပေးမည် ထောင်သုံးခုမှ စာမတတ်သော အကျဉ်းသားများအား ‘အ’သုံးလုံးသင်ပေးမည် Reviewed by သစ်ထူးလွင် on 16:59 Rating: 5
Powered by Blogger.