ဒီမိုကရေစီ လမ်းကြောင်းကို ဟန့်တားလိုက်သော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကန့်သတ်ချက်


    ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေး ပါတီများဖွဲ့စည်းမှု၊ ရွေးကောက်ပွဲကျင်းပမှု၊ ရွေးကောက်ပွဲ ဥပဒေများ ကအစ ရွေးကောက်ပွဲ ကိုယ်စားလှယ်များကို ဖြုတ်၊ ခန့်အထိ အရေးကြီးသော အဖွဲ့အစည်းဖြစ် လာလေ တော့သည် . . .

ဒီမိုကရေစီနိုင်ငံတိုင်းတွင် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ ရွေးကောက် ပွဲများကို ကြီးကြပ်ရသော တာဝန်၊ ရွေးကောက်ပွဲ ဥပဒေ စသည်တို့ကို ကြီးကြပ်ကွပ်ကဲရန် ရွေးကောက်ပွဲ ကော်မရှင်ကို ထားရှိရသည်။ ရွေးကောက်ပွဲ ကော်မရှင်၏ အဓိကတာဝန်မှာ လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲဖြစ်ဖို့ ဖွဲ့စည်း ထားသော တရားမျှတသည့် ကော်မရှင် ဖြစ်သည်။ ရွေးကောက်ပွဲ ဥပဒေစည်းကမ်းများ သမာသမတ်ကျလျှင် ကျသလို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ များ ဖြစ်လာလေသည်။ ထိုရွေးကောက်ပွဲ ကော်မရှင် သည် လွတ်လပ်သော အဖွဲ့ အစည်းဖြစ်ရသည်။ မည်သည့်ပါတီ၊ မည် သည့်အစိုးရဌာနကမှ ရွေးကောက်ပွဲ ကော်မရှင်အပေါ် လွှမ်းမိုးမှုမရှိရပေ။ ရွေး ကောက်ပွဲကော်မရှင်ကလည်း မည်သည့် အပေါ်မှ ဘက်မလိုက်ရပေ။ အာဏာရှင် နိုင်ငံများ၌မူ ရွေးကောက်ပွဲကော်မရှင်ဖွဲ့ ထားသည့်တိုင် နောက်ကွယ်က သြဇာ အာဏာရှိသည့် ပါတီ၊ နိုင်ငံကို ချုပ်ကိုင် ထားသော အာဏာရှင်များ၏ လက် အောက်တွင် ရှိနေလေသည်။ …အတိုက် အခံများကို ဖိနှိပ်ရာတွင် ထိုကော်မရှင်ကို နောက်ကွယ်က ချုပ်ကိုင်ထားသူများက ညွှန်ကြားလျက်ရှိသလို နောက်ကွယ် အာဏာရှင်တို့၏ ထိန်းချုပ်မှု ကိုလည်း ခံရ လေ့ရှိပါသည်။ တချို့ဒီမိုကရေစီနိုင်ငံများ တွင် ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ် ချက်များကို မကျေနပ်လျှင် တရားလွှတ် တော်ချုပ်ကို တိုင်ခွင့်ရှိ၏။ လွှတ်တော်ချုပ် သည် သမာသမတ်အကျဆုံး၊ သြဇာအရှိ ဆုံး၊ ဥပဒေများကို အတည်ပြုနိုင်စွမ်းရှိ သော အမြင့်ဆုံး ဥပဒေဌာနကြီး ဖြစ်၏။ ရွေးကောက်ပွဲများ တရားမျှတမှုမရှိဟု ပြိုင်ဘက်ပါတီများက မကျေနပ်လျှင် ရွေး ကောက်ပွဲကော်မရှင်ကို တိုင်တန်းခွင့်ရှိ သလို ကော်မရှင်၏ ဆုံးဖြတ်ချက်ကို မကျေနပ်လျှင်လည်း တရားလွှတ်တော် ချုပ်၏ အဆုံး အဖြတ်ကို ယူနိုင်လေသည်။ လွှတ်တော်ကော်မရှင်သည် မည်သည့် ပါတီ၊ အဖွဲ့အစည်း၏ လွှမ်းမိုးမှုကိုမှ မခံရ ပေ။ ထိုမှသာ တရားမျှတပြီး လွတ်လပ်သော ရွေးကောက်ပွဲများကို ကော်မရှင်က ဖန်တီးနိုင်မည်ဖြစ်လေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အစိုးရက ရေးဆွဲအတည်ပြုခဲ့ပြီးသည့် နောက် ထိုဖွဲ့စည်းပုံပါ ဥပဒေပုဒ်မ များ အတိုင်း လွှတ်တော်၊ အစိုး ရနှင့် ရွေး ကောက်ပွဲကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ လေသည်။ နိုင်ငံအသီး သီးတွင် ရွေးကောက်ပွဲ ကော်မရှင်၌ ခန့်ထားသူများမှာ ဥပဒေပညာရှင်များ၊ အရပ်သား များ၊ နိုင်ငံ ရေးပါတီများ နှင့် ပြည်သူများကြားတွင် နိုင်ငံရေးဘက်ကင်းသည်ဟု လူထုက ယေဘုယျသတ်မှတ်ထားသော သမာ သမတ် ကျသည့် ပုဂ်္ဂိုလ်များ ပါဝင်လေသည်။ အရေးကြီးသည်မှာ ဖွဲ့စည်းလိုက် သော ရွေးကောက်ပွဲကော်မရှင်အပေါ် နိုင်ငံရေးပါတီအားလုံးနှင့် ပြည်သူများက အားထားယုံကြည်ဖို့ လိုပါသည်။ ဘက် လိုက်မှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသော ကော်မရှင်ဖြစ်ဖို့လို၏။ ကော်မရှင်ပါ အဖွဲ့ဝင်အားလုံးမှာလည်း မည်သည့် အစိုးရ၊ မည်သည့် နိုင်ငံရေးပါတိ၏ သြဇာခံ မဟုတ်ဘဲ ကိုယ်ကျင့်သိက္ခာရှိပြီး မျှတသော ပုဂိ္ဂုလ်များ ဖြစ်ရပေမည်။ ထိုသို့ မဟုတ်ဘဲ ဘက်လိုက်သည်။ တစ်စုံတစ်ရာ ၏ သြဇာခံနေရသည်ဟု လူထုက ထင် မှတ်ထားလျှင် ထိုကော်မ ရှင်မှာ လူထုက အားကိုးယုံကြည်သော ကော်မရှင်တစ်ခု မဖြစ်နိုင်ပေ။ ထိုသို့မဖြစ်ရန် ထိုရွေးကောက် ပွဲ ကော်မရှင်ပေါ်တွင် မူတည်လေသည်။ ထို့ကြောင့် အစိုးရတစ်ဖွဲ့တည်းက ရွေး ချယ်ခြင်း မဟုတ်ဘဲ နိုင်ငံရေး ပါတီများ၊ လွှတ်တော်၊ တရားရုံး စသည်တို့က ကော် မရှင်တစ်ဖွဲ့တည်းကို ဖွဲ့စည်းပေးနိုင်လျှင် အမြင်ကောင်းပြီး လူရိုသေနိုင်သော ရွေး ကောက်ပွဲကော်မရှင်ဖြစ်နိုင်လေသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ကော်မရှင်ကို ယခင်စစ်အစိုးရက ဖွဲ့စည်းပေး လိုက်ပါသည်။ နိုင်ငံရေးပါတီများနှင့် လွှတ်တော်တို့က ပါဝင်ရွေးချယ် ဖွဲ့စည်းထားသော ကော်မရှင်ဖြစ်ကြောင်း မသိရှိ ရပေ။ ရွေးကောက်ပွဲ ကော်မ ရှင် ဥက္ကဋ္ဌမှာ ယခင်စစ်အစိုးရလက်ထက် စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်၏။ သူ သည် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ မြန်မာ့စစ်အစိုးရ၏ စစ်ဗိုလ်ချုပ်ကြီးများတွင် နံပါတ် ၅ လား၊ ၆ လား မသိပေ။ စစ်ကောင်စီ၏ ထိပ် တန်း ဗိုလ်ချုပ်ကြီး ၁၀ ယောက်အတွင်း ၀င်လေသည်။ မည်သို့ပင်ဖြစ်စေ စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်သည်ကိုကား ငြင်း ကွယ်၍မရပေ။ စစ်ယူနီဖောင်းမှနေ အရပ် ၀တ်လဲဝတ်ဖို့ လမ်းပြမြေပုံ ၇ချက်အတိုင်း စစ်ကောင်စီက ဆောင်ရွက်ရာတွင် စစ် ကောင်စီနံပါတ် ၃ ကို လွှတ်တော်နာယက အဖြစ် တာဝန်ပေးပြီး နံပါတ် ၄ စစ်အစိုးရ လက်ထက်ဝန်ကြီးချုပ်ကို သမ္မတအဖြစ် ခေါင်းပေါင်းပေါင်းကာ တက်စေ၏။ နံပါတ် ၅ ကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် စစ်အစိုးရခေါင်ချုပ်ကတာဝန် ပေး၍ မြေပုံ အတိုင်း ချီတက်စေပါတော့ သည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းရာတွင် ရွေးကောက်ပွဲကော်မရှင်နှင့် ဆိုင်သည်။ ပါတီမှတ်ပုံတင်ခြင်းကိုလည်း ကော်မရှင်က ခွင့်ပြုမှ ဖွဲ့စည်းခွင့်ရှိသည်။ ရွေးကောက် ပွဲဝင်ခွင့်ရှိလေသည်။ ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများ ဖွဲ့စည်းမှု၊ ရွေးကောက်ပွဲကျင်းပမှု၊ ရွေးကောက်ပွဲ ဥပဒေများ ကအစ ရွေးကောက်ပွဲကိုယ်စား လှယ်များကို ဖြုတ်၊ ခန့်အထိ အရေးကြီး သော အဖွဲ့အစည်း ဖြစ်လာလေ တော့သည်။

မကြာသေးခင် ရက်ပိုင်းက ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသည် သူမကျေနပ်၊ ဘ၀င်မကျသော ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်း ဖြစ်ရပ်များကို အခြေခံကာ ပုသိမ်မြို့တွင် သူ့သဘောထားကို ရှင်းရှင်းပြတ်ပြတ် ပြောခဲ့လေသည်။ ရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး (ယခင်ဒုတိယဗိုလ်ချုပ်ကြီး တင်အေး) က ““လာမယ့် ရွေးကောက်ပွဲမှာ Election Campaign ကာလသတ်မှတ်ပေး ပါ့မယ်။ ကျွန်တော်တို့ လွှတ်တော ကိုယ် စားလှယ်လောင်းတွေ ပြောပါ။ မဆိုင်တဲ့သူ လာမပြောနဲ့။ ၀င်ချင်ဝင်၊ မ၀င်ချင်နေ။ ကျွန်တော် ဒီမြို့ ဒီရွာမှာ အရွေးခံမယ်ဆို ရင် ကျွန်တော် ပြောဖို့ပဲ လိုတာပေါ့။ တခြားသူလာပြောလို့ ဘာလုပ်မတုန်း။ ဒါ ကြောင့် ကျွန်တော်က အချိန်၊ နေရာ၊ လူ ကန့်သတ်ပါမယ်။ ဒါက ကျွန်တော့်လုပ်ပိုင် ခွင့်ထဲမှာ ရှိနေပါတယ်””ဟု ပြောဆိုသွားပါ သည်။ ဆိုလိုသည်မှာ မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ် စားလှယ် လောင်းများသည် မိမိမြို့နယ် အလိုက် မဲဆွယ်စည်းရုံးခွင့်ရှိသည်။ မိမိတို့ ပါတီမှ ဥက္ကဋ္ဌ၊ ဗဟိုအလုပ် အမှုဆောင် များ လာရောက် ပြောဆိုစည်းရုံးခွင့် မရှိကြောင်း ပြတ်ပြတ်သားသား ပြောဆိုလိုက် ခြင်းဖြစ်ပါသည်။ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မဲဆန္ဒနယ် ၄၄ နေရာ တွင် ၀င်ရောက်ယှဉ်ပြိုင်သည့်အခါ NLD ကိုယ်စားလှယ်လောင်းများအပြင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိုမဲဆန္ဒနယ်များကို လှည့်လည်စည်းရုံးခဲ့သည်။ သူက ထိုသည်ကို ရည်စူးကာပြော လိုက်ပုံရ၏။ ထိုကြားဖြတ်ရွေးကောက်ပွဲတွင် NLD က အမတ် ၄၄ နေရာတွင် ၄၃ နေရာ အနိုင်ရခဲ့သောကြောင့် ယခု ပုသိမ်တွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူးပြော လိုက်ပုံရပါသည်။ လွှတ်တော်က အတည် ပြုလိုက်သော ထိုရွေးကောက်ပွဲဥပဒေထဲတွင် ပါတီဥက္ကဋ္ဌတစ်ယောက်က မဲဆန္ဒ နယ်များကို သွားရောက် မဲဆွယ်ခွင့်ပါ၊ မပါကိုကား မသိပါ။ သို့သော် ယခုလို ပြောလိုက်ခြင်းသည် ဒီမိုကရေစီ မကျဟု ဆိုကြသလို သဘောတူ လက်ခံခြင်းလည်း မရှိကြပေ။ ပြည်ခိုင်ဖြိုးပါတီလွှတ်တော် အမတ် ဦးလှဆွေ ကမူ ကော်မရှင်ဥက္ကဋ္ဌ၏ ပြောဆိုချက်ကို ထုတ်ဖော်ထောက်ခံသွား ခဲ့၏။

ကော်မရှင်ဥက္ကဋ္ဌ၏ ပြောဆိုချက်သည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီ၊ မညီကိုကား မသိ။ ထိုသို့ သတ်မှတ်ထား သည်ကိုကား မကြားဖူးခဲ့ပေ။ နိုင်ငံတကာ တွင် ပါတီဥက္ကဋ္ဌများ၊ ပါတီခေါင်းဆောင် များသည် မိမိတို့ကို ထောက်ခံမှုနည်းသော ဒေသများသို့ သွားရောက်ကာ မဲဆွယ်လေ့ ရှိ၏။ ဒီမိုကရက်တစ်ပါတီမှ သမ္မတအို ဘားမားတို့၊ ယခင်သမ္မတဘီလ်ကလင် တန်တို့သည် သူတို့ကို ထောက်ခံမှုနည်း သော ဒေသများသို့ သွားရောက်ကာ သူတို့ကို ထောက်ခံလာအောင် မက်လုံး များပေးကာ မဲဆွယ်ကြသည်။ ၀င်ပြိုင် သည့် လွှတ် တော်အမတ်လောင်းကသာ မိမိမဲဆန်္ဒနယ်တွင် မဲဆွယ်ခွင့်ရှိပြီး တခြား သူက မဲဆွယ်ခွင့်မရှိဆိုသည်မှာ သဘာဝ မကျပေ။ မှန်ကန်မှုလည်း မရှိပေ။ မိမိတို့ အတိုက်အခံပါတီများကို သိက္ခာချသည် ကို တားမြစ်ထားသည်မှာ သဘာဝကျပါ သည်။ သို့သော် ဖဆပလခေတ်ကမူ ထို သို့ရှိခဲ့သည်။ သန့်ရှင်းဖဆပလမှ သခင် တင်ကို မီးခွက် မှုတ်သခင်တင်ဟု သိက်္ခာချ တိုက်ခိုက်မှုရှိခဲ့၏။ ခေါင်းဆောင်ကမဲ မဆွယ်ရ။ ဘယ်ကိုမသွားရ။ ညာကိုမသွား ရဟု ကန့်ကွက်ခြင်းမျိုးမရှိခဲ့ပါ။ သို့သော် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက NLD ပါတီနှင့် ဒေါ်အောင်ဆန်း စုကြည်ကို ရည်စူးပြီး ကိုယ်စားလှယ်လောင်းကလွဲ၍ တခြားသူလာရောက် မဲဆွယ်ခွင့်မရှိဟုဆိုသည်မှာ NLD ကို သိသိသာသာ ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဘ၀င်မကျကြောင်း ပြောခဲ့ဖူး သည်။ ၂၀၁၂ သြဂုတ်လတွင် ကျင်းပသော ကြားဖြတ်ရွေးကော်ကပွဲကို ဥရောပ သမဂ္ဂနှင့် နိုင်ငံတကာမှ တရားမျှတသော ရွေးကောက် ပွဲဖြစ်သည်ဟု သတ်မှတ်ခဲ့ သော်လည်း ကော်မရှင်ဥက္ကဋ္ဌကမူ-

““ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်လွန်းတာမှ ရွေးကောက်ပွဲမဲဆွယ်မှု Election Campaign ဆိုတာနဲ့ တောင် မတူဘူး။ ဆန္ဒပြနေသလား။ ၈၈ အရေးအခင်းများ ပြန်ရောက်နေသလားတောင် မှတ်ရ တယ်။ နဖူးစည်းလည်းပါတယ်။ ကြယ်ငါး ပွင့်အလံလည်း ပါတယ်။ ဘယ်သူကမှ ကန့်ကွက်သူမရှိဘူး။ ကန့်ကွက် သူရှိရင် ကျွန်တော်အရှုံးပေးပစ်မှာ။ ၂၀၁၅ မှာ ကန့်ကွက်ပါ။ ကျွန်တော် အရှုံးပေးပစ်ပါ မယ်။ ဒါဟာ ဥပဒေကို ဖောက်ဖျက်တာ။ အလံဥပဒေဆိုတာ ရှိပါတယ်””

ဟု ပြောခဲ့သည်ကို ကြည့်ခြင်းအား ဖြင့် သိသာပါသည်။ ထို့ကြောင့် ရွေး ကောက်ပွဲ ကော်မရှင်အနေဖြင့် ဆန်စဉ်ရာ ကျည်ပွေ့လိုက်နေ၍ မရပေ။ ဥပဒေ အတိုင်း အရေးယူခြင်း၊ ခွင့်ပြုခြင်းရှိရပေ မည်။ သတ်မှတ် ထားသော လုပ်ထုံးလုပ် နည်းများ အတိုင်း တင်ပြဆွေးနွေးပြီး အတည်ပြုကာ လုပ်ဆောင်ရပေမည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကော်မရှင်ဥပဒေနှင့် ကင်းလွတ်နေသည် ဆိုပါက ထိုအချိန်ကတည်းက အရေး ယူခြင်း၊ ဥပဒေပါအတိုင်း ဒဏ်ငွေရိုက်ခြင်းများဖြင့် အရေးယူဖို့ကောင်း၏။ ၈၈ အရေးအခင်းလိုဖြစ်နေတာတို့၊ နဖူးစည်း တပ်တာတို့၊ လွတ်လပ်လွန်းတာတို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောနေစရာမလိုပေ။ ယခု ဒေါ်အောင်ဆန်းစုကြည် သည် NLD ပါတီ၏ ဥက္ကဋ္ဌဖြစ်သည်။ သူ့ပါတီ မဲဆန္ဒနယ်များထံ သွားရောက် မဲ ဆွယ်ခွင့်ရှိပါသည်။ ဥပဒေအတိုင်း အရေး ယူဆောင်ရွက်ခြင်းသည်သာ မှန်ကန် သည်။ ထိုသို့ ဥပဒေမျိုးမှာ တရားမျှတသော ဥပဒေမျိုးမဖြစ်နိုင်ပေ။

ထက်မြက်

Myanmartandawsint Newspaper



ဒီမိုကရေစီ လမ်းကြောင်းကို ဟန့်တားလိုက်သော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကန့်သတ်ချက်  ဒီမိုကရေစီ လမ်းကြောင်းကို ဟန့်တားလိုက်သော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကန့်သတ်ချက် Reviewed by သစ်ထူးလွင် on 16:33 Rating: 5
Powered by Blogger.