ထိုင်းနိုင်ငံ၌ စစ်တပ် အာဏာသိမ်း ထားသောကြောင့် နယ်စပ်ဂိတ်များသို့ ကုန်အ၀င် နည်းကာ ထိုင်းကုန်စည်များဈေး တက်နေကြောင်း သတင်းရရှိ သည်။
‘‘ဈေးတွေတက်နေတာ သုံး ရက်လောက်ရှိပြီ။ ထိုင်းစစ်တပ် အာဏာ သိမ်းလိုက်တော့ ဈေး ကွက်တွေ ရပ်ထားရတယ်။ ဒီ တော့ဟိုဘက်က ကုန်မပို့သလို ဒီဘက်ကလည်း အ၀င်လက်မခံဘူး။ အရင်ကဆို ကားရာချီပြီး ၀င်တာ။ မနေ့ကဆို ပစ္စည်းတွေတောင် မ၀င်ဘူး။ လှောင်ထားတာကိုပဲ ချရောင်းနေရတယ်’’ဟု မော်လ မြိုင်ဈေးကြီး ကုန်စည်ဒိုင်မှ ဦး ထွန်းကပြောသည်။
ထိုင်းနိုင်ငံတွင် မေလ ၂၄ ရက်၌ ထိုင်းစစ်တပ်က အာဏာ သိမ်းယူခဲ့ပြီးနောက် နယ်စပ် ကုန် သွယ်ရေးလုပ်ငန်းအများစုရပ်နား သွားပြီး နယ်စပ်လမ်းကြောင်း အချို့မှ ကုန်အ၀င်မရှိသလောက်နည်းပါးခဲ့သည်။
ထိုသို့ကုန်အ၀င်နည်းလာမှု ကြောင့် ဈေးကွက်အတွင်း၌ ကုန် ပစ္စည်းပြတ်လပ်ကာ ဈေးနှုန်းမြင့် တက်မှုများ ဖြစ်ပေါ်လာခဲ့သည်။
‘‘ယိုးဒယားမှာ ဆန္ဒပြနေကြ တော့ အ၀င်အထွက်သိပ်မရှိဘူး။ စပ်ကူးမပ်ကူးကာလဆိုတော့ ဈေးတွေက တအားတက်လာတယ်။ ဈေးတင်ရောင်းပြန်တော့ ၀ယ်သူမရှိဘူး။ ရောင်းအားကျလာတယ်။ ဒီလိုသာ ဈေးဆက်တက်နေမယ်ဆိုရင် ၀ယ်စားသူတွေဆန္ဒပြကြမယ့် အခြေအနေမှာရှိတယ်’’ဟု မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ရွှေဝါချောင်ကျေးရွာမှ လက်လီရောင်းချသူ ဒေါ်ငယ်က ပြောသည်။
အဆိုပါဖြစ်စဉ်များကြောင့် မော်လမြိုင်ဈေးကွက်တွင် ပစ္စည်းအမျိုးအမည်အလိုက် ငွေကျပ် ၁၀၀၀ မှ ၁၅၀၀ ၀န်းကျင်ကြား ဈေးနှုန်းမြင့်တက်မှုများဖြစ်ပေါ် နေကြောင်း သတင်းရရှိသည်။
ရန်ကုန်ဈေးကွက်တွင် ထိုင်း ဘက်မှ ကုန်အ၀င်ပိတ်ထားသော် လည်း အချို့နယ်စပ်များ (တောင် ကြီး၊ ကော့သောင်း၊ တာချီလိတ်) မှတစ်ဆင့် ရန်ကုန်ဈေးကွက်အ တွင်းသို့ ကုန်ပစ္စည်းများ ၀င် ရောက်နေခြင်းနှင့် လက်ကျန် ကုန်ပစ္စည်းများရှိနေခြင်းတို့ကြောင့် ဈေးနှုန်းမမြင့်တက်ဘဲ ပုံမှန်သာရှိနေကြောင်း ညောင်ပင်လေးဈေးရှိ ထိုင်းပစ္စည်း ရောင်းချသူများကပြောသည်။
‘‘မြ၀တီလမ်းကြောင်းပိတ် ထားတယ်။ ကျွန်တော်တို့ဆီမှာလည်း လက်ကျန်ရှိနေလို့ ကုန်ကို သိပ်မဆွဲဘူး။ ဒီမှာက ရာသီဥတု အခြေအနေကြောင့် အရောင်းအ ၀ယ်ကလည်းပါးတော့ သိပ်မမှာ ဖြစ်တော့တာ။ ဒါပေမဲ့ အခု မော်လမြိုင်မှာ တက်နေပြီဆိုရင် ညောင်ပင်လေး ဈေးကွက်က ကြောက်ဖို့ကောင်းတယ်။ တစ်ခုခု သတင်းကြားတာနဲ့ တက်မှာ’’ ဟု ညောင်ပင်လေးဈေးရှိ ကိုဟန် လင်းထွန်းက ခန့်မှန်းပြောဆို သည်။
‘‘လတ်တလောတော့ ဒီမှာ ပုံမှန်ဖြစ်သွားပါပြီ။ ၂၃ ရက်က မနက်ပိုင်းခဏလေးပဲဖြစ်သွား တာပါ။ ကုန်ပစ္စည်းဈေးကလည်း မတက်ဘူး။ ငွေဈေးလည်း ငြိမ်နေတယ်။ ကားတွေလည်း သွားနေ ပြီ။ ပုံမှန်ပြန်ဖြစ်သွားပြီ။ ခဏပဲ မနက်ပိုင်းပိတ်သွားတာပါ’’ဟု မြ၀တီမှ ကုန်သည်တစ်ဦးကပြော သည်။
မြ၀တီ-မဲဆောက်နယ်စပ် ကုန်သွယ်ရေးတွင် တရားဝင် ကုန်သွယ်မှုများပုံမှန်အတိုင်း ပြု လုပ်နိုင်သော်လည်း လှေဆိပ်များ ပိတ်ထားသဖြင့် တရားမ၀င် ကုန် သွယ်မှုများရပ်တန့်နေသည်။
Author: ယမင်း၊ အိမွန်ကျော်
7Day Daily

ထိုင်းနိုင်ငံမှ တင်သွင်းရောင်းချသည့် စားသောက်ကုန်စည်များ (ဓာတ်ပုံ - နစ်ကီ) |
ထိုင်းကုန်စည်များဈေးတက်
Reviewed by သစ်ထူးလွင်
on
11:26
Rating: