မြဝတီ-ရန်ကုန်ပြေးဆွဲ သည့် ပြည့်အားမာန်ခရီးသည် တင်ယာဉ်တိမ်းမှောက်ရာလိုက် ပါလာသူ ၂၃ ဦးအနက် ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဘားအံမြို့မရဲစခန်းမှ သတင်းရရှိသည်။
မေလ ၂၀ ရက် ည ၈ နာရီ ခန့်က မြဝတီမှ ရန်ကုန်မြို့သို့ မောင်းနှင်လာစဉ် ဘားအံမြို့ ထုံးအိုင်လမ်းပေါ်ရှိ ဇွဲကပင်ဟိုတယ်အနီးတွင် လမ်းဘေးအုတ်ခုံကိုဝင်တိုက်ကာ တိမ်းမှောက်သွားခြင်းဖြစ်သည်။
‘‘မိုးကနည်းနည်းသည်းနေ တော့ စလစ်ဖြစ်ပြီး လမ်းဘေး အုတ်ခုံကိုဝင်တိုက်မိတာ။ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်က ထွက်ပြေးသွားတယ်။ ခရီးသည် တွေရဲ့ အသက်အန္တရာယ်က တော့ စိုးရိမ်စရာမရှိတော့ပါဘူး’’ ဟု ဘားအံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးဝင်းက ပြောသည်။
ပြည့်အားမာန်ယာဉ်ပေါ် တွင် ခရီးသည် ၂၃ ဦးလိုက်ပါလာ ပြီး အမျိုးသားကိုးဦးနှင့် အမျိုးသမီး ကိုးဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသည့် ခရီးသည် ၁၈ ဦး ကို ဘားအံဆေးရုံသို့ တင်ပို့ပေးခဲ့ ပြီး ၁၇ ဦးမှာ စိုးရိမ်စရာမရှိတော့ ၍ မေလ ၂၂ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ဒဏ်ရာပြင်းထန်သည့် အမျိုးသားတစ်ဦးသာ ဘားအံဆေးရုံ အရိုး၊ အကြော အထူးကြပ်မတ်ဆောင်တွင် ကုသနေရကြောင်း ဒုရဲမှူးစိုးဝင်းက ပြောသည်။
ထွက်ပြေးသွားသည့် ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်ကို ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ အပြင် ယာဉ်ကိုစွန့်၍ထွက်ပြေးသွားပြီး သတင်းပေးရန်ပျက်ကွယ်မှုဖြင့် ပုဒ်မ ၂၀၂ ဖြင့် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။
Author: အောင်သစ်လွင်
7Day Daily

မြဝတီ-ရန်ကုန်ပြေးဆွဲသောပြည့်အားမာန်ခရီးသည်တင် ယာဉ်တိမ်းမှောက် ၁၈ ဦးဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
18:58
Rating: