ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့တော်မှာ တားမြစ်ထားတဲ့ မေဒေးနေ့ စုရုံး ဆန္ဒပြမှု တွေကို လုံခြုံရေး တပ်ဖွဲ့တွေက နံပါတ်တုတ် တွေ သုံးပြီး ဖြိုခွဲခဲ့ရာမှာ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။
အလုပ်သမား တစ်ထောင်လောက်နဲ့ အတိုက်အခံကို ထောက်ခံသူတွေဟာ အထည်ချုပ် စက်ရုံ အလုပ်သမားတွေရဲ့ လုပ်ခလစာ ပိုတိုးပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြမှုတွေ အတွင်း အကြမ်းဖက်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဆန္ဒပြမှုတွေကို တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂ္လားဒေ့ရှ်မှာလည်း မနှစ်က အထည်ချုပ် စက်ရုံ ပြိုကျခဲ့ရာမှာ ပါသွားခဲ့ ကြတဲ့ အလုပ်သမားတွေ အတွက် နစ်နာကြေး ပေးဖို့နဲ့ လုပ်ငန်းခွင် ပိုမို အန္တရာယ် ကင်းအောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုကြတဲ့ အလုပ်သမားတွေ ထောင်နဲ့ချီပြီး စီတန်း လှည့်လည် ခဲ့ကြပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်မှာတော့ လူ နှစ်သောင်းလောက် စုရုံး ဆန္ဒပြခဲ့ကြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ဘင်္ဂ္လားဒေ့ရှ်မှာ ပြုလုပ်တဲ့ မေဒေးနေ့ ဆန္ဒပြပွဲ |
အာရှတလွှား မေဒေးနေ့ ဆန္ဒပြမှုတွေ ဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
21:24
Rating: