အဘယ့်ကြောင့်ဆိုသော် . . .

ပြီးခဲ့သည့်ရက်ပိုင်းက မျိုးစောင့်ဥပဒေကို လက်မခံသောအဖွဲ့ အစည်းများက နိုင်ငံတော်သမ္မတ အပါအဝင် ပုဂ္ဂိုလ်အချို့နှင့်တွေ့ ဆုံခွင့်ရရန်တောင်းဆိုသည်။

မျိုး စောင့်ဥပဒေမပြဋ္ဌာန်းနိုင်ရေး သက် ဆိုင်ရာပုဂ္ဂိုလ်များအား တွေ့ဆုံဆွေး နွေးကန့်ကွက်သွားမည်ဟုဆိုသည်။ အမျိုးဘာသာသာသနာ စောင့် ရှောက်ရေးအဖွဲ့(အထက်မြန်မာ ပြည်)ကလည်း မျိုးစောင့်ဥပဒေ ကိုဆန့်ကျင်သောလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကိုအမျိုးသား ရေး သစ္စာဖောက်များအဖြစ်သတ် မှတ်ကြောင်းကြေညာသည်။ မဘ သ(ဗဟို)အဖွဲ့ကလည်းသတင်း စာရှင်းလင်းပွဲပြုလုပ်၍ရေးဆွဲနေ သောဥပဒေကို မလေ့လာမသိ ရှိသေးဘဲ ကန့်ကွက်နေသည်မှာ မသမာသည့်ရည်ရွယ်ချက်၊ သဘာဝမကျသည့် လုပ်ရပ်ဖြစ် ကြောင်း ကြေညာချက်ထုတ်ပြန် လိုက်သည်။

မဘသ(အထက်မြန်မာပြည်)၏ကြေညာချက်တွင် အမျိုးသား ရေးလုပ်ဆောင်ချက်ကို ဒေါ်လာ စားသောပါးစပ်၊ လူ့အခွင့်အရေး မျက်လုံး၊ ပြည်သူကိုအကျိုးမပြု သောလက်၊ နိုင်ငံအပေါ်သစ္စာ မစောင့်သောအသိဉာဏ်တို့ဖြင့် ဝေဖန်နေသူများကို အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းဟုပါရှိသည်။

မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ထိုသို့အငြင်းပွားမှုများ၊ စွပ်စွဲ ပြစ်တင်ခြင်းများ ကျယ်ပြန့်လာ ချိန်တွင် မဘသလှုပ်ရှားမှုနှင့် ပတ်သက်သည့်ရက်စွဲအချို့ကို ပြန်လည်ခြေရာကောက်မိသည်။

မျိုးစောင့်ဥပဒေကိုပြဋ္ဌာန်း ရန်အဓိကကြိုးပမ်းနေသည့်အမျိုး ဘာသာ သာသနာစောင့်ရှောက် ရေးအဖွဲ့(မဘသ)အဖွဲ့ ဖွဲ့စည်းရန် အကြိုအခမ်းအနားဟု ခေါ်ဆိုနိုင်မည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲကို မှော်ဘီဓမ္မဒူတဇေတဝန်တောရတွင် ကျင်းပ သည်။ ထိုအစည်းအဝေးကြီးက ၉၆၉ ဂဏန်းသည် ရတနာသုံးပါးကိုကိုယ်စားပြုသည့် ငြိမ်းချမ်းရေးသင်္ကေတဖြစ်၍ ဗုဒ္ဓသာသနာကို ညှိုးနွမ်းစေသည့်နေရာ ဌာနမျိုးတွင်အသုံးမပြုရန်ကြေညာသည်။

ထိုအစည်းအဝေးနှင့်တစ် ချိန်တည်းလိုလိုပင် အမေရိကန် သို့ရောက်ရှိနေသောလွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက လှုံ့ဆော်မှု များပြုလုပ်နေသော ၉၆၉ လှုပ် ရှားသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဝါရှင်တန်ဒီစီတွင်ပြောကြားသည်။ ထိုသတင်းနှစ်ခုက ၉၆၉ နှင့်ပတ် သက်၍ သံဃာအဖွဲ့အစည်းနှင့် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးထံမှ မီဒီ ယာသို့တရားဝင်ရောက်ရှိလာ သောသတင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇွန်လလယ်ကသတင်း။

၂၀၁၃ ဇူလိုင်လထုတ် Timesမဂ္ဂဇင်းတွင် The Face of Budd-hist Terror ဟူသော စာလုံးဖြင့်ဦးဝီရသူဓာတ်ပုံကို ဖော်ပြခဲ့သည်။ဇွန်လ ၂၂ ရက် တွင် နိုင်ငံတော်အစိုးရက Time မဂ္ဂဇင်းကိုကန့်ကွက်ကြောင်း ကြေညာခဲ့သည်။

ဇွန်လ ၂၆ ရက်တွင်တော့ အမျိုးဘာသာ သာသနာထိန်း သိမ်းစောင့်ရှောက်ရေးအတွက် သြဝါဒခံယူပွဲနှင့် ဦးဆောင်ဆရာ တော်ကြီးများတွေ့ဆုံညှိနှိုင်းပွဲ ပင့်လျှောက်လွှာကို သတင်းစာ အချို့တွင် ဖော်ပြကြေညာသည်။ ထိုပင့်လျှောက်လွှာတွင် အချက် သုံးချက်ပါဝင်ပြီး အကျဉ်းချုပ်မှာ ပဋိပက္ခမဖြစ်ပွားစေရေး၊ ဘာ သာပေါင်းစုံအတူတကွနေထိုင် နိုင်ရေးနှင့် အမျိုးဘာသာ သာသ နာကိုတရားဥပဒေဖြင့်ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရန်ဟု ဖော်ပြသည်။

ဇွန်လ ၂၆ ရက်တွင်အစည်း အဝေးပင့်လျှောက်လွှာဖော်ပြခဲ့ ပြီး ဇွန်လ ၂၇ ရက်တွင်ပြုလုပ် သော အစည်းအဝေးကြီး၌ ပြည်တွင်းပြည်ပသံဃာကိုယ်စားလှယ်၁၅၀၀ ကျော်က မျိုးစောင့် ဥပဒေပြဋ္ဌာန်းနိုင်ရေး တညီတညွတ်တည်းလက်ခံကြောင်း ကြေညာခဲ့သည်။ မျိုးစောင့်ဥပဒေက ကြိုတင်ရေးဆွဲပြီးဟုဆိုသည်။

ထိုအစည်းအဝေးကြီးမှာပင် မဘသလှုပ်ရှားမှု၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သည့် မြစေတီကျောင်းတိုက်ဆရာတော် က ‘‘မျိုးစောင့်ဥပဒေအား လွှတ် တော်သို့တင်သောအခါ ကန့်ကွက်မှုများရှိပါက ကန့်ကွက်သော လွှတ်တော်ကိုယ်စားလှယ်ကိုသိရှိ လိုပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် မဲမရစေရန်ပြုလုပ်သွားမည်’’ဟု မိန့်ကြားသည်။

ဇွန်လ ၂၉ ရက်တွင် သာသနာရေးဝန်ကြီးဌာနက Time မဂ္ဂဇင်းကိုကန့်ကွက်ကြောင်း ကြေညာသည်။ ဇူလိုင်လ ၁ ရက်တွင် Time မဂ္ဂဇင်းရှုတ်ချပွဲနှင့် နိုင်ငံတော် သမ္မတထောက်ခံပွဲကို မဟာဗန္ဓု လပန်းခြံအနီးတွင်ပြုလုပ်သည်။ ထိုပွဲတွင် ထောက်ခံပွဲသို့တက် ရောက်လာသည့်လူများကို မဘ သ၏ဥပဒေအကြံပေးဦးအေးပိုင် က သမ္မတကြီး၏ရပ်တည်ချက်ကို ကြိုဆိုပြီး ယင်းကဲ့သို့အမျိုးသား ခေါင်းဆောင်မျိုးကိုသာထောက် ခံရန်လိုအပ်ကြောင်း ဟောပြော သည်။ ထိုဟောပြောချက်မှာ လူ ထုအတွင်းသို့ ပထမဆုံးထုတ်လွှင့် အားစမ်းလိုက်သောလှိုင်းဖြစ် သည်။ ယင်းမတိုင်မီငါးရက်ခန့်က ပြောကြားခဲ့သော မြစေတီဆရာ တော်၏စကားနှင့် ဆက်စပ်ကြည့် နိုင်သည်။

ဇူလိုင် ၆ ရက်တွင် အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်၌ မ ဘသဆရာတော် ၁၀ ပါးအား ဒေါ်သန်းမြင့်အောင်၊ ဒေါ်ဇင်မာ အောင်၊ ဒေါ်နီလာသိန်းအပါ အဝင် အမျိုးသမီးခုနစ်ဦးတို့တွေ့ဆုံဖူးမြော်ကာ မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ လျှောက်ထား ဆွေးနွေးသည်။

ဇူလိုင် ၁၁ ရက်တွင် မဘ သ(ဗဟို)က အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရန် ကြေညာချက်ထုတ် သည်။ ထိုကြေညာချက်၏အမှတ် စဉ် (၃)တွင် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးနှင့်ပတ်သက်၍ကဲ့ရဲ့ ခြင်း၊ ရှုတ်ချခြင်း၊ ပုတ်ခတ်ခြင်း နှင့် ထောက်ပြဝေဖန်ခြင်းများကို ကြိုဆိုကာလမ်းပြသည်ဟု မှတ်ယူ လျက် အဆိုပါအချက်များကို လည်း ထည့်သွင်းစဉ်းစားမည်ဖြစ် သည်ဟုပါရှိသည်။

ထိုနေ့တွင်ပင် မိုးကုတ်ဝိပ ဿနာအဖွဲ့ချုပ်အောက်ရှိ အဖွဲ့ခွဲ များမှ ဓမ္မကထိကများအား တရားဟောကြားရာတွင် အခြားဘာသာ ဝင်များကိုမထိခိုက်၊ မနစ်နာ၊ စိတ်စနိုးစနောင့် မဖြစ်အောင် ဟောပြောရန် အဖွဲ့ချုပ်နာယက ဆရာတော်ကြီးများက သြဝါဒပေး ညွှန်ကြားခဲ့သည်။

စက်တင်ဘာ ၆ ရက်တွင် ၉၆၉ အမှတ်တံဆိပ်အသုံးပြုလှုပ် ရှားမှုများနှင့် သံဃာ့ကွန်ရက်များ ဖွဲ့ခြင်းသည် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ စည်းမျဉ်း ဥပဒေများနှင့် မညီကြောင်း သံဃမဟာနာယကအဖွဲ့က ညွှန်ကြား ချက်ထုတ်ပြန်သည်။ ထိုညွှန်ကြားချက်မှာ နိုင်ငံတော်သံဃနာယကအဖွဲ့ ၄၇ ပါးစုံညီအစည်းအဝေးက ဇူလိုင် ၁၅ ရက်တွင်ဆုံးဖြတ်ခြင်း ဖြစ်သည်ဟုဆိုသည်။

စက်တင်ဘာ ၂၇ ရက်တွင် မဘသအဖွဲ့ ဖွဲ့စည်းရေးအစည်း အဝေးကို မန္တလေးမြို့တွင်ကျင်းပ သည်။ ယင်းနေ့တွင်ပင် မန္တလေး တိုင်းသံဃနာယကအဖွဲ့က၉၆၉ လှုပ်ရှားမှုများနှင့်သံဃာ့ကွန်ရက်များ မ.ဟ.န ဥပဒေစည်းမျဉ်းနှင့်မညီညွတ်ကြောင်း ညွှန်ကြားချက်ထုတ်ပြန်သည်။

၂၀၁၄ ဇန်နဝါရီ ၁၅ ရက် တွင် မန္တလေးမြို့ မဟာအတုလ ဝေယံအတုမရှိကျောင်းတွင် မန္တ လေးတိုင်း မ.ဘ.သကိုဖွဲ့စည်း သည်။ ထိုအစည်းအဝေးကြီးမှာ ပင် ဒွိပိဋကဆရာတော်တစ်ပါး က ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာလျှင် အမျိုးဘာသာ သာသနာမှေးမှိန်စေမည်ဟု သီတဂူဆရာတော်ကမိန့်ကြားကြောင်းနှင့် ဦးသိန်းစိန်အားမဲပေးရန်ပြောကြားသည်ဟုဆိုသည်။ သီတဂူဆရာတော်ကြီးကမူ ယင်းစကားမျိုးမပြောခဲ့ကြောင်း ရှင်းလင်းခဲ့ရသည်။

၂၀၁၄ ဖေဖော်ဝါရီ ၂ ရက် တွင် ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်း ၌ ပုဒ်မ ၅၉(စ)မပြင်ရေး လူထု ဟောပြောပွဲတစ်ခုပြုလုပ်သည်။  ထိုဟောပြောတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့များပူးပေါင်းပါဝင်သည်။ ထိုမတိုင်မီ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပုဒ်မ ၅၉(စ)အပါအဝင် အခြေခံဥပဒေပါ ဒီမိုကရေစီအင်အားစုများ ပြင်လိုသည့်အချက်များမပြင်ဆင်ရန် ပြည်ခိုင်ဖြိုးကလက်မှတ် တစ်သိန်းလွှတ်တော်သို့တင်ပြပြီး ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်တွင် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် သမ္မတက လွှတ်တော်သို့ပေးပို့ သည်။ နောက်နှစ်ရက်အကြာ လွှတ်တော်ကအစိုးရအဖွဲ့သို့ ပြန် လွှဲသည်။ မတ်လနောက်ဆုံးပတ် တွင် ဒေါ်အောင်ဆန်းစုကြည်က မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ လွှတ်တော်သို့မတင်ပြမီ ဆွေးနွေးရန်မရှိသေးကြောင်း ပြောသည်။

မေလ ၁၀ ရက်တွင် ပဉ္စမ အကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီး ကျင်းပသည်။ အစည်းအဝေးကြီး မကျင်းပမီ မေလ ၈ ရက်တွင် မဘသအဖွဲ့က မ.ဟ.န ထံမှ သြဝါဒခံယူပွဲကျင်း ပသည်။ ထိုသြဝါဒခံယူပွဲတွင် မဘသ ဦးဆောင်ဆရာတော်ကြီးကပဋိပက္ခများမဖြစ်အောင် ကြို တင်ကာကွယ်ဖို့၊ ကြိုတင်ထိန်းသိမ်း ဖို့ မဘသကိုဖွဲ့စည်းရခြင်းဖြစ် ကြောင်း၊ မ.ဟ.န၏ သြဝါဒကိုခံယူပြီး ဆောင်ရွက်မှာဖြစ်ကြောင်း လျှောက်ထားသည်။

မေလ ၁၁ ရက်တွင် မျိုး စောင့်ဥပဒေထောက်ခံပွဲကို မ/ ဥက္ကလာပမြို့နယ်တွင် ပြုလုပ် သည်။ ထိုပွဲ၌ အခြားဘာသာဝင် များကိုဆန့်ကျင်အမုန်းပွားစေ သည့် စာရွက်များဝေငှသည်ဟု အဖွဲ့အစည်းအချို့ကဝေဖန်သည်။

ယင်းအချက်အလက်များမှာ မျိုးစောင့်ဥပဒေနှင့် ပတ်သက် သည့်ရက်စွဲများမှ အချို့ကို ပြန် လည်တူးဆွ ကြည့်မိခြင်းဖြစ် သည်။ ထို့ထက်များပြားသော အကြောင်းအရာများ ရှိပါသေး သည်။ ထိုရက်စွဲများမှ ထူးခြား ချက်မှာ နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့က မဘသလှုပ်ရှားမှုများကိုတစ် လျှောက်လုံး လက်မခံခဲ့ခြင်းနှင့် သာသနာရေးဝန်ကြီးက မဘသနှင့် ၉၆၉တို့ကိုကာကွယ် ပြောဆိုခြင်းတို့ကိုလည်းတွေ့နိုင် ပါသည်။ နိုင်ငံတော်အစိုးရက ဆိတ်ဆိတ်နေ၍ မသိကျိုးကျွံပြုသည်ကိုတွေ့မြင်နိုင်သည်။

ခြုံငုံ၍သုံးသပ်ရလျှင် မျိုး စောင့်ဥပဒေကိုမဖြစ်မနေရေးဆွဲ ပြဋ္ဌာန်းရန်လိုအပ်သည်ဟုယူဆ ကြသောဆရာတော်ကြီးများတွင် မှန်ကန်မြင့်မြတ်သော စေတနာတစ်ရပ်ရှိသည်။ ထိုအရာမှာ အမျိုးဘာသာ သာသနာကွယ် ပျောက်ပျက်စီးမှာကို စိုးရိမ်စိတ် ဖြစ်သည်။ ကန့်ကွက်သောလူများ တွင်လည်း ကောင်းမွန်သောစေ တနာတစ်ရပ်ရှိသည်။ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများဖြစ်ပွားကာ  အတောမသတ်နိုင်တော့ဘဲ နိုင်ငံတော်တည်ငြိမ်မှုနှင့် ဒီမိုကရေစီအခွင့်အရေးများဆုံးရှုံးကာ နောက် ဆုံးအမျိုးဘာသာ၊ သာသနာပင် ပျောက်ကွယ်ရမည့်အခြေအနေကို မှန်းဆမိ၍ဖြစ်သည်။

သို့သော်လည်း မဘသ ဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်များကိုခုတုံးလုပ်ကာ မျက်ကန်းမျိုးချစ်များ၊ နိုင်ငံရေးအလံရှူးများ၊ ဖျက်ဆီးရေးဒလန်များ၏လှုပ်ရှားမှုများကိုတွေ့နိုင်သည်။ ထို့အတူ မဘသကိုကန့်ကွက်သူများ၏ နောက်တွင်လည်း ဆရာတော်များစွပ်စွဲသောပြည်သူကို အကျိုးမပြုသူများ၊ ဒေါ်လာစားသော၊ အမျိုးသားရေးသစ္စာဖောက်များ ရှိနေပါလိမ့်မည်။ ဒါကကောင်းမွန်သောရည်ရွယ်ချက်အဖွဲ့အစည်းများ၏နောက်တွင်ကပ်ပါးကောင် များရှိနေသည်မှာ ဓမ္မတာဖြစ်၍ ပင်။

မည်သည့်အယူအဆပေါ် တွင်ဖြစ်စေ ဆန့်ကျင်သောအမြင် များ၊ ကွဲလွဲသောသဘောထားများ ရှိမည်မှာ သဘာဝသာဖြစ်သည်။ ထို့ကြောင့် မျိုးစောင့်ဥပဒေအပေါ် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း များလည်းရှိပါသည်။ မဘသ၏ ရည်မှန်းချက်မူဝါဒများ၊ ထုတ်ပြန် ချက်များတွင် ပဋိပက္ခမဖြစ်ပွား စေရေး၊ ဘာသာပေါင်းစုံအေး ချမ်းစွာနေထိုင်ရေး စသည်တို့ကို တွေ့ရှိရသော်လည်း မဘသ၏ ဦးဆောင်ဆရာတော်အချို့၏ စကားများ၊ မဘသအမည်ခံ ဆရာတော်များ၏ တရားပွဲများတွင် ဟောကြားချက်များက မဘသ(ဗဟို)၏ထုတ်ပြန်ချက်နှင့် ကွဲလွဲသောအပြုအမူများဖြစ်နေခြင်း၊ အစ္စလာမ်ဘာသာဝင်စာရေးဆရာများ၏ဟောပြောပွဲများကို တား ဆီးပိတ်ပင်ခြင်းတို့ ပြုလုပ်လာသည်ကိုတွေ့ရှိရပါသည်။

အဆိုးရွားဆုံးမှာ ဒေါ်အောင် ဆန်းစုကြည်ဆန့်ကျင်ရေး၊ ပုဒ်မ ၅၉(စ)မပြုပြင်ရေး စသည်တို့ ကို ဦးတည် ပြုလုပ်လာခြင်းဖြစ် သည်။ ထိုပုဒ်မများကိုမပြင်ဆင် ရေးလှုပ်ရှားမှုများမှာမဘသကို ထောက်ခံကြောင်းလက်မှတ်ထိုး ထားသည့် ပြည်သူလေးသန်း၏ ဆန္ဒအရဆိုပါလျှင်ကျန်ပြည်သူ သန်း ၅၀ ကျော်၏ဆန္ဒကိုချောင် ထိုးထားသည်နှင့်တူပါသည်။ အချို့ကိစ္စများမှာ မဘသ ဦးဆောင်ဆရာတော်ကြီးများ၏ ဆန္ဒမဟုတ်ဘဲ မဘသကို ခုတုံးလုပ်သူများ ၏ပြုမူဆောင်ရွက်ချက်များ ဖြစ်ကြောင်းကို အူရီးဒူးကုမ္ပဏီ ဆန့်ကျင်ရေးကြေညာချက်မှာ မ.ဘ.သနှင့်မဆိုင်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင်ရှင်းလင်းခဲ့ရသည်ကိုကြည့်လျှင်သိနိုင်ပေသည်။ ထိုကဲ့သို့လိုက်လံဖြေရှင်းရမှုများရှေ့၌လည်းရှိခဲ့ပြီး ဖြစ်ပါသည်။

ရာခိုင်နှုန်းအနည်းငယ်မှလွဲ လျှင် နိုင်ငံချစ်စိတ်၊ အမျိုးဘာသာ ချစ်စိတ် လူတိုင်းမှာရှိသည်ဆို သည်ကို ယုံမှားသံသယရှိစရာလို မည်မထင်ပါ။ သို့သော်လည်း မိမိ ယုံကြည်သည့်အတိုင်း အခြားသူ ကိုယုံကြည်စေရန်အတွက်မူ (အထူးသဖြင့် သာသနာတော်ဆိုင်ရာရေးလုပ်ငန်းမျိုးတွင်)စွမ်းအား တစ်ရပ်လိုအပ်ပါလိမ့်မည်။ ထိုစွမ်းအားမှာ ဗြဟ္မာစိုရ်တရားလေးပါးနှင့်ထုံမွှမ်းနေရပါလိမ့်မည်။

Author: နီဟိန်းမော်
7Day Daily



အဘယ့်ကြောင့်ဆိုသော် . . . အဘယ့်ကြောင့်ဆိုသော် . . . Reviewed by သစ်ထူးလွင် on 13:56 Rating: 5
Powered by Blogger.