ကျောက်ဆည်၊ မေ ၂၁
ကျောက်ဆည်မြို့နယ်၊ တောင်နံသာရပ်ကွက်တွင် မေလ (၂၀) ရက် ည (၉း၂၇) နာရီတွင် ဖယောင်းတိုင်မီး ဆော့ရာ ခြင်ထောင်မီးစွဲမှုမှတဆင့် နေအိမ်မီးလောင်သောကြောင့် မချောစုလင်း အသက် (၆) နှစ်အရွယ် ကလေးတစ်ဦး မီးလောင်သေးဆုံးခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုကြောင့် ၂၈ ပေ x ၂၁ ပေ (၄x၃) ပင် ဝါးကပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်ကိုလည်းကောင်း၊ နေအိမ်ပေါ်ရှိ အသက် (၆) နှစ်အရွယ် မချောစုလင်း (အဖ) ဦးသန်းဌေးမှာ မီးလောင်ခဲ့ပြီး သေဆုံးခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်းဖိုးမှာ (၂၉၄၀၀၀) ကျပ် ဖြစ်ပြီး အိမ်ရှင် ဦးသန်းဌေး (၂၈) နှစ် (အဖ) အား မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ (ပ)၂၄၁/၁၄ ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်ရာသို့ ကျောက်ဆည်မြို့ နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် (၃) စီးနှင့်အတူ သန္ဓေတပ်ဖွဲ့ဝင် (၁၂) ဦးတို့နှင့်အတူ ရပ်ကွက်သူရပ်ကွက်သားများ ဝိုင်းဝန်းငြှိမ်းသတ်သောကြောင့် ည(၉း၃၅) မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
MOI Webportal Myanmar

ကျောက်ဆည်မြို့နယ်တွင် ဖယောင်းတိုင်မီးမှ မီးလောင်မှုဖြစ်ပွား၊ ကလေးငယ်တစ်ဦး သေဆုံး
Reviewed by သစ်ထူးလွင်
on
16:12
Rating: