ဟုမ္မလင်း၊ မေ ၁
စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်သို့ ဧပြီ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ လာရောက်ခဲ့သည့် ရဲဦးစီးချုပ် ရဲမှူးကြီး ဝင်းခေါင် ခရီးစဉ်၌ ၄င်းမှ သူ၏ ခရီးစဉ်အတွက် ကုန်ကျစရိတ်ကို ဒေသခံဝန်ထမ်းများထံမှ မကောက်ခံရန် မှာကြား ခဲ့သော်လည်း ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်ဋ္ဌေးမှ ခရီးစဉ်ကုန်ကျ စရိတ်များကို ဒေသတွင်းရှိ သက်ဆိုင်ရာ ရဲစခန်း၊ ရဲကင်းများတွင် ခွဲတမ်းချ၍ ကောက်ခံ လျှက်ရှိကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါသည်။
ထိုသို့ ခွဲတမ်းချ ကောက်ခံရာတွင် ဟုမ္မလင်း ရဲတပ်ဖွဲ့ စခန်းနှင့် မိုင်းကိုင်ရဲတပ်ဖွဲ့ စခန်းအား ကျပ် ၁၂ သိန်းစီ၊ ရေပေါ်မီးနှင့် ရွှေပြည်မြင့် ရဲတပ်ဖွဲ့စခန်းများမှ ကျပ် ၁၅သိန်း၊ နောင်ပိုအောင် ရဲတပ်ဖွဲ့စခန်းမှ ကျပ် ၆၁၂၅၀၀၊ မော်စိန်ရဲကင်းမှ ကျပ် ၆၁၂၅၀၀နှင့် ရဲဦးစီးချုပ်၏ သွားလာရေး ခရီးစရိတ်ကားခအဖြစ် မိုင်းကိုင် စခန်းမှ ကျပ် ၈ သိန်းတို့ကို ခွဲတမ်းချ ကောက်ခံလျှက်ရှိရာ ဒေသခံရဲစခန်းနှင့် ရဲကင်းများမှ ရဲတပ်ဖွဲ့ဝင်များမှာ အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရကြောင်း ဒေသခံ ရဲတပ်ဖွဲ့ဝင်များမှ သစ်ထူးလွင်ကို ပြောပြပါသည်။
BY THIT HTOO LWIN
ရဲဦးစီးချုပ် ခရီးစဉ်အတွက် ဒေသခံ ဝန်ထမ်းများထံမှ ခရီးစဉ် ကုန်ကျ စရိတ်များကို ကောက်ခံနေ
Reviewed by သစ်ထူးလွင်
on
06:52
Rating: