ယင်လတ်နဲ့ မိသားစုကို စစ်တပ်က ထိန်းသိမ်း


  ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်နဲ့ သူ့မိသားစုဝင်တွေကို စစ်တပ်က ထိန်းသိမ်း ထားလိုက်ပြီလို့ သိရပါတယ်။

ယင်လတ်နဲ့အတူ အစိုးရအဖွဲ့ဟောင်းက အခြား နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဘန်ကောက်မြို့က စစ်စခန်းကို အစောပိုင်းက သတင်းပို့ခဲ့ကြရပါတယ်။

အဲဒီ စစ်စခန်းမှာ နာရီအတော်ကြာ ထိန်းသိမ်းခံထားရပြီး နောက်မှာ အတိအကျ မသိရတဲ့ နေရာကို ခေါ်ဆောင် ထိန်းသိမ်းခြင်း ခံလိုက်ရတယ်လို့ သတင်းရပါတယ်။

စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် ပရာယွတ် ချန် အိုချာဟာ သူ့ရဲ့ တပ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲတွေ မစခင် ပြုပြင် ပြောင်းလဲရေးတွေ အရင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

စစ်တပ်ရဲ့ ရာထူးအကြီးဆုံး အရာရှိ ၆ ယောက်ကို ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်ရေး ကဏ္ဍဍအသီးသီးကို တာဝန်ယူဖို့အတွက် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ယင်လတ်နဲ့ သူ့မိသားစုဝင်တွေအပြင် အစိုးရ ခေါင်းဆောင်ဟောင်းတွေကို ထိန်းသိမ်းထား

ယင်လတ်နဲ့ မိသားစုကို စစ်တပ်က ထိန်းသိမ်း ယင်လတ်နဲ့ မိသားစုကို စစ်တပ်က ထိန်းသိမ်း Reviewed by သစ်ထူးလွင် on 22:48 Rating: 5
Powered by Blogger.