ကျောင်းတွေဖွင့်တော့မည်

 မိုးသံ လေသံတွေနဲ့ အတူ ကျောင်းတွေဖွင့်တော့မည်။ ငယ်ငယ်တုန်းက ကျောင်းတက်ရ မည်ကို အလွန်ပျော်သည်။ ဘာပဲ ဖြစ်ဖြစ် ကျောင်းနေအရွယ်ကလေး ဘဝသည်တော်တော်ပျော်ဖို့ကောင်း တာကိုတော့အမှတ်တရရှိလှသည်။

အခုတော့ ကျောင်းသားဘဝ မဟုတ်ပေမယ့် ကျောင်းသားတွေနဲ့ မကင်းလွတ်သေး။ တူတွေ တူမ တွေက ငါးတန်း၊ ခြောက်တန်း ကျောင်းသားအရွယ်တွေဖြစ်နေလို့ လေ။
''သူငယ်တန်းကို ကျူရှင်ထား ရတယ်''ဟု လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြောလာသည်။ သူ့ ကလေးက ဒီနှစ်သူငယ်တန်း စ တက်ရမည်။ အဲဒီအတွက် အတန်း ပိုင်ဆီမှာ ကျူရှင်ထားရမည်။ အဆန်းမဟုတ်ပါ။ မူကြိုတောင် ကျူရှင်ထားရတယ်လို့ ကြားဖူး သည်။ဘယ်လိုခေတ်ကြီးပါလဲကွယ် ရို့လို့သာ ဆိုလိုက်ချင်တော့သည်။

ကျူရှင်၊ ဂိုက်၊ စာကျက်ဝိုင်း စတဲ့အသုံးအနှုန်းတွေသည် မြန်မာ့ ပညာရေးလောကတွင် ခေတ်စား နေသည်မှာ ဆယ်စုနှစ် နှစ်ခုနီးပါး ကြာခဲ့ပြီ။ မိဘတွေမှာလဲ အဲဒီအရာ တွေကို မနှစ်သက်ပေမယ့် သား သမီးအတွက်ဆိုပြီး မျက်စိမှိတ် ထားနေကြရသည်။

ကျောင်းမှန်မှန်တက်စာမခက် မဟုတ်တော့။ ကျူရှင်မှန်မှန်တက် စာမခက် ဖြစ်လာသည်။ ကျူရှင် ဆိုသည်မှာလဲ အပြင်ဆရာ ဆရာမ တွေသင်သည့်ကျူရှင်ထက်ကျောင်း က ဆရာ ဆရာမတွေသင်တဲ့ ကျူရှင်ကို အဓိကယူနေကြရ သည်။ ဒီတော့ ကလေးတွေမှာ ကျောင်း၊ ကျောင်းကျူရှင်၊ အပြင် ကျူရှင်ဆိုပြီးသင်ကြားရေးပေါင်းစုံ ကို ရင်ဆိုင်ကြုံတွေ့ရတော့သည်။
ပညာရေးအတွက် ကုန်ကျနေ ရတာတွေနဲ့ ပတ်သက်ပြီး တစ် လောကပဲ တက္ကစီမောင်းသမား တစ်ဦးက ပြောပြခဲ့သည်။

''သားနှစ်ယောက်မှာ တစ် ယောက်က ဂျီတီစီတက်နေတယ်။ BE ဝင်အောင် ကြိုးစားဖို့ ပြောနေ ရတယ်။ အငယ်ကောင်ကတော့ ကိုးတန်း။ ကျူရှင်စရိတ်တွေကလဲ မနည်းဘူး။ ဆယ်တန်းကို ရိုးရိုး ကျူရှင်ဝိုင်းက တစ်လတစ်သိန်း တဲ့။ ဒါတောင် ဂိုက်မပါသေးဘူး။ နောက်နှစ် သူ့အတွက် လုပ်ပေးရ ဦးမယ်။ တစ်လ တစ်လတော့ ရင် မောရဦးမှာပေါ့'တဲ့။
ယောင်ဝါးဝါးပညာရေးအကြား မျှော်လင့်ချက် တစ်စုံတစ်ရာနဲ့ ကုန်ကျနေရသည့် သာမန်မိဘတွေ ရဲ့ ပူပန်မှုတစ်ခုကို အထင်သား တွေ့မြင်ရသည်။

တတ်နိုင်သူတွေအဖို့ နိုင်ငံခြား ကျောင်း၊ ကိုယ်ပိုင်ကျောင်းတွေကို အားကိုးနိုင်ပေမယ့် ကလေးအနာ ဂတ်က ဝေဝါးနေဆဲဖြစ်သည်။
မူလတန်းကျောင်းသား တစ် ယောက်ကို ဗလာစာအုပ် ခြောက် အုပ်၊ ငွေကျပ်တစ်ထောင်ပြန်လည် ထောက်ပံ့ပြီး အခမဲ့ပညာရေးစနစ် ကို အစိုးရက အကောင်အထည် ဖော်နေသည်။ လက်တွေ့တွင် တကယ်အသုံးဝင်မဝင်က ကျောင်း သား မိဘတွေ အသိဆုံးသာ။
ဖေ့ဘုတ်မှာဖတ်လိုက်ရတဲ့ စာ လေးတစ်ခု။ အတိအကျ အပြည့် အစုံကို မမှတ်မိပေမယ့် သိသ လောက် ပြန်ပြောရရင် နိုင်ငံတစ်ခု မှာ အားကစားကဏ္ဍယိုယွင်းရင် ပြန်ပြင်ဖို့ ဆယ်နှစ်ကြာသည်။

စီးပွားရေးကဏ္ဍယိုယွင်းရင်ပြန်ပြင် ဖို့ နှစ်နှစ်ဆယ်ကြာသည်။ပညာရေး ကဏ္ဍ ယိုယွင်းသွားလျှင်တော့ တော်တော်နှင့် အဖတ်ဆယ်လို့ မရတော့။
အလွတ်မှတ်အလွတ်ကျက်ပုံစံ ခွက်ထဲကနေ ရုန်းထွက်ပြီး ကိုယ် ပိုင်စဉ်းစားÓဏ်အားကိုးမှုပုံစံကို အလေးပေးချင်ပေမယ့် ဖြေဆိုမှု ရ မှတ်တွေက အလွတ်ကျက်အလွတ် မှတ်ဘက်ကို အားသာနေခဲ့သည်။
ပိုက်ဆံတွေ အကုန်အကျခံ ပြုစုပျိုးထောင်ရသည့် ပညာရေး တစ်ခုသည် အလွတ်ကျက်အလွတ် မှတ်ပုံစံခွက်ထဲ အတင်းထိုးသွင်းခံ နေရသည်။
ယခုအခါတွင် ပြည်သူ့နီတိ၊ ယဉ်ကျေးလိမ္မာစတာတွေကိုဘာသာ ရပ်တစ်ခုနဲ့ သင်ကြားနေကြသည်။ ရည်ရွယ်ချက်ကောင်းသော်လည်း ကလေးတွေကထုံးစံအတိုင်းအလွတ် ကျက်ကြသည်။တကယ်လက်တွေ့ အသုံးချဖို့ကို မနည်းပြောယူကြရ တော့သည်။

ပညာရေးစနစ် ပျက်ယွင်းခြင်း အတွက် အမျိုးမျိုးအပြစ်ဖို့ကြ သည်။ အစိုးရမကောင်းလို့၊ စီးပွား ရေးမကောင်းလို့၊ ဆရာဆရာမတွေ မကောင်းလို့၊ သင်ရိုးညွှန်တမ်းမ ကောင်းလို့၊ ...လို့ ...အမျိုးမျိုး ပါပဲ။ မှန်လည်းမှန်သည်။ ပညာ ရေးနဲ့ပတ်သက်လို့ ပြုပြင်ပြောင်း လဲရမည့်အရာတွေက တစ်ပုံတစ် ပင်။ များလွန်းလို့ ဘယ်ကစရမှန်း တောင်မသိတော့။ စမ်းတဝါးဝါး ဖြစ်နေသည်။
ပညာရေး ဝေးသည်မရှိ ဆို သည်။ သင်ရင်းနဲ့ ဝေးသွားသော ပညာရေးကိုမူ မြန်မြန်ကုစားဖို့ တော့ လိုပြီ။
မိဘတစ်ယောက်အနေနဲ့ ကိုယ့် သား ကိုယ့်သမီး အတန်းထဲတွင် ထူးချွန်စေချင်ကြသည်။ သို့သော် အခုလိုပုံစံမျိုးဖြင့် အဆင့်တွေ ရရှိ လာတာကိုလဲ လိုချင်ကြပြန်သည်။ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ကြိုး စားကြီးပြင်းလာမှုကို အားပေးနိုင် သော မိဘဦးရေမှာ လက်ချိုးရေ တွက်လို့ရနိုင်ပါသည်။ အပြစ်မဆို သာ။ မိဘဆိုသည်မှာ သားသမီး ကို အကောင်းဆုံးဖြစ်စေချင်ကြ သည်သာ။

တစ်ခဏတာအတွက်အကောင်း ဆုံးမဟုတ်ဘဲ ဘဝတစ်သက်တာ အတွက် အကောင်းဆုံးဖြစ်ဖို့ကို စိတ်ပြောင်းနိုင်ကြလျှင်ရော...
ကျွန်မရဲ့ ထင်မြင်ယူဆချက် တစ်ခုသာ...မှန်ချင်မှမှန်မည်။
ပြည့်စုံကောင်းမွန်သောသင်ရိုး၊ ကိုယ်ပိုင်စဉ်းစားအားထုတ်မှုကို ဦးစားပေးသော သင်ကြားမှု စနစ်၊ အစိုးရရဲ့ လုံလောက်တဲ့ထောက်ပံ့ မှုတွေနဲ့သာ ဆိုလျှင်...
သားကိုမူကြိုထားဖို့ မိသားစု အကြား ဆွေမျိုးအကြား တိုင်ပင် ကြရပြီ။ မူကြိုထားသင့်ပြီလား မထားသင့်ပြီလား။ ကျောင်းနေ ပျော်အောင် ထားရမယ်ဆိုသူက ဆိုသည်။ ငယ်ငယ်လေးနဲ့ စာတွေ အများကြီးသင်ရဦးမယ်လို့ ပြော သူက ပြောသည်။ မူကြိုဆရာမ အတွေ့အကြုံရှိသည့်ဆရာမတစ်ဦး က အကြံပေးသည်။

''အခုပြောင်း လဲတဲ့ပညာရေးစနစ်က ခြောက်နှစ် မှ သူငယ်တန်းတက်ရမှာ။ အခုက တည်းက မူကြိုထားရင် သူငယ် တန်းစာကို သုံးနှစ်လောက် သင် ရမယ်။ ကလေးပျင်းသွားလိမ့် မယ်''တဲ့။ အခုကစပြီး ကလေး ပညာရေးအတွက် ခေါင်းခြောက် နေရပြီ။
ကျွန်မတို့ရဲ့ရွေးချယ်မှု၊ ဖြစ် လာမယ့် အပြောင်းအလဲများသည် ကလေးအတွက် အနာဂတ်ကောင်း တစ်ခုဖြစ်လာဖို့ တကယ်မျှော် လင့်မိပါတော့သည်။

ခင်နွယ်ဝင်း
The Union Daily


ကျောင်းတွေဖွင့်တော့မည်   ကျောင်းတွေဖွင့်တော့မည် Reviewed by သစ်ထူးလွင် on 19:41 Rating: 5
Powered by Blogger.