ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့် ဥပဒေမူကြမ်းကို နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ နဲ့ ဆွေးနွေး ပြီး ပြင်ဆင်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ပြောပါတယ်။
ရန်ကုန်မြို့ တာမွေမြို့နယ်က Sky Star ဟိုတယ်မှာ ပြုလုပ်တဲ့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေအကြား ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အစည်းအဝေးမှာ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောလိုက်တာပါ။
"ဥပဒေဆိုတာ ကျနော်တို့ပြင်လို့မရပါဘူး သို့သော်လည်းပဲ ကျန်တာတွေက တိုင်ပင်ပြီးမှ အများသဘောတူ အများကျေနပ်တာကို ချပြဆွေးနွေးပြီး မှ ပြင်ဆင်သွားမှာပါ ရွေးကောက်ပွဲမှာ အရမ်းအားနည်းချက်တွေရှိတယ် ၊ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိပညာအားနည်းတာတွေကို ကျနော်တို့ အနေနဲ့အားလုံးသိအောင်ကိုယ်တိုင်ပညာပေးရမှာပေါ့၊ကျန်တဲ့စနစ်တွေဆို
ရင်တွေဆိုရင် ဘာမှပြောင်းလဲစရာမရှိဘူး "
လာမယ့် ၂၀၁၄ခုနှစ်ကုန်ခါနီးမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့်စည်းကမ်းတွေကို ဥပဒေကြမ်း အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တာပါ။
အဲဒီအထဲမှာ မဲဆွယ်စည်းရုံးခွင့်ကာလကို တစ်လသာ သတ်မှတ်ပေးထား တာနဲ့ မဲဆွယ်စည်းရုံးမယ် ဆိုရင် ကြိုတင်ခွင့်ပြုချက်တောင်းခံရမယ်ဆိုတဲ့ အချက်တွေကို ဒီနေ့ တက်ရောက်တဲ့ နိုင်ငံရေးပါတီ အတော်များများက သဘောမတူကြဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စား လှယ်တွေ ကသာ သဘောတူတယ်လို့ သိရပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၅၆ ပါတီက ကိုယ်စားလှယ်စုစုပေါင်း ၁၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။
RFA Burmese
မဲဆွယ်ဟောပြောခွင့် ဥပဒေမူကြမ်းကို ပြင်ဆင်မယ်လို့ ဦးတင်အေး ပြောကြား
Reviewed by သစ်ထူးလွင်
on
21:52
Rating: