သုံးခွမြို့မှာ ဆောက်နေတဲ့ တံတား ဘယ်သူတွေ အတွက်လဲ (ပေးစာ)

 ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၊ (၉) ရပ်ကွက်၊ သီတာလမ်းကို အခုအခါမှာ ပြုပြင်နေပါတယ်။

သီတာလမ်းပေါ်က တံတားလေးတစ်စင်းကို ပြီးခဲ့တဲ့ နွေကတည်းက ဖျက်ပြီး ဆောက်ခဲ့တာဟာ မကြာသေးခင်ရက်ပိုင်းအတွင်းကမှ ပြီးခဲ့ပါတယ်။ တံတားကို အချိန်မီ မပြီးခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ နွေရာသီမှာ ရေရှားပါးတော့ ရေလှူတဲ့ ကားတွေလည်း မ၀င်ရောက်နိုင်ခဲ့ဘဲ ပြည်သူတွေ ဒုက္ခရောက်ခဲ့ ရပါတယ်။

အခုလို မိုးစတင်ရွာလာတဲ့အချိန်မှာ ယာယီသစ်သားတံတားကက အလွန်ကျဉ်းပြီး တံတားအတက်အဆင်း နှစ်ဖက်စလုံးမှာလည်း ဗွက်တွေရှိနေပေမယ့် တံတားနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက ဒီအတိုင်းကြည့်နေပြီး အခုအချိန်ထိ ဖြတ်သန်းခွင့် ပေးမထားပါဘူး။

အစိုးရ လူကြီးတွေ လာမဖွင့်ပေးသေးလို့လား။ ပြည်သူတွေအတွက် ခင်းထားတဲ့လမ်း၊ ပြည်သူတွေအ တွက် တည်ဆောက်ထားတဲ့ တံတားဟာ ပြည်သူတွေ အခက်အခဲကြုံတွေ့ နေရချိန်မှာ ပြည်သူတွေအတွက် အသုံးပြုသင့်ပါကြောင်း နိုင်ငံတော်အကြီးအကဲများ သိရှိပြီး ကူညီနိုင်ရန် တင်ပြအပ်ပါတယ်။

 မောင်သုံးခွ



သုံးခွမြို့မှာ ဆောက်နေတဲ့ တံတား ဘယ်သူတွေ အတွက်လဲ (ပေးစာ)  သုံးခွမြို့မှာ ဆောက်နေတဲ့ တံတား ဘယ်သူတွေ အတွက်လဲ (ပေးစာ) Reviewed by သစ်ထူးလွင် on 19:55 Rating: 5
Powered by Blogger.