လွှတ်တော်အထက်တွက် တပ်မတော်ရှိနေသကဲ့သို့ဖြစ်နေသဖြင့် ပုဒ်မ၄၃၆ကိုပြင်ဆင်လိုခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
နေပြည်တော် ၊ မေ၃၀
တပ်မတော်သည် လွှတ်တော်အထက်တွင် ရှိနေသကဲ့သို့ဖြစ်နေသည့် အတွက်ကြောင့် ပုဒ်မ၄၃၆ အားပြင်ဆင်လိုခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
''တပ်မတော် ကိုယ်စားလှယ် တွေက သဘောမတူရင် မပြင်နိုင်ဘူး ၊ တပ်မတော် ကိုယ်စားလှယ်တွေ သဘော တူတာမတူတာက တပ်ချုပ်အပေါ်မှာ မူတည်နေတယ် အဲ့ဒီဘက်အပိုင်းမှာ တပ်မတော်က လွှတ်တော်အထက်မှာ ရှိသလိုဖြစ်နေတယ်''ဟု ၄င်းက ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ခေတ္တခဏနားချိန် သတင်းသမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး ပြည်သူဆန္ဒ လက်မှတ်ရေးထိုးရေး လူပ်ရှားမူဟောပြောပွဲများတွင် တပ်မတော်အပေါ် ပြောကြားချက်များနင့် ပတ်သတ်၍လည်း ပြင်ဆင်ပိုင်ခွင့် ၊ ဆုံးဖြတ်နိုင်သော အခွင့်အရေးကို တပ်မတော်မှ ယူထားသည့်အတွက် ဖိအားပေးရခြင်း ဖြစ်ကြောင်း အဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ဒါကတော့ ဖိအားပေးရမှာပဲ ဖိအားပေးတယ်ဆိုတာ အနိုင်ကျင့်တာ မဟုတ်ဘူး ဖိအား မပေးလို့ လဲ မရဘူး တပ်မတော်က ဒီတာဝန်ယူထားတာကိုး တကယ်တော့ ဒါအခွင့်အရေးပါ တပ်မတော်က ဒါကို ပြင်ဆင်ပိုင်ခွင့် ၊ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးကိုယူထားတာကိုး အဲဒီတော့ အခွင့်အရေးယူထားတဲ့ အဖွဲ့ အစည်းကိုပဲ တိုက်တွန်းရမှာပေါ့"ဟု ၄င်းကထပ်မံဆိုသည်။
တပ်မတော်၏ ဆုံးဖြတ်ချက်သာ ချမှတ်မည်ဆိုပါက တစ်ရက်ထဲနှင့် ပြောင်းလို့ရမည်ဖြစ်ပြီး တပ်မတော်ကဆုံးဖြတ်ချက်သာအဓိကကျသည်ဟု ၄င်းကထပ်မံပြောကြားခဲ့သည်။
စိုင်းလမင်း
Popular Myanmar News Journal

Reviewed by သစ်ထူးလွင်
on
19:51
Rating: