၁၅ မေလ ၂၀၁၄
ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ် ပုလဲရွာမှာ မေလ ၁၄ ရက်က မိုးကြိုးထိမှန်ပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်း သုံးခွမြို့နယ်ရဲစခန်းက ဒုရဲအုပ် နိုင်ဦးက ပြောပါတယ်။ သေဆုံးသူမှာ ဦးဖြိုးလှိုင် အသက်(၄၈)နှစ်စက်ဘီးစီးလာသူနဲ့ နိုင်နိုင် (၁၇)နှစ် ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
မေလ ၁၄ရက် ညနေ ၃ ခွဲ မိုးသည်းထန်စွာရွာသွန်းချိန်မှာ သုံးခွကနေ ပုလဲရွာဘက်ကို အပြန် လမ်းမပေါ်မှာ စက်ဘီးစီးလာသူ ဦးဖြိုးလှိုင်ကို ဆိုင်ကယ်စီးလာသူ နိုင်နိုင်က ကျော်အတက် စက်ဘီးနဲ့ဆိုင်ကယ် ယှဉ်အရက်တွင် မိုးကြိုးမှာ အလည်တည်တည် သို့ပစ်ချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
မိုးကြိုးထိမှန်သောဒဏ်ရာများကြောင့် မီးလောင်ဒဏ်ရာ၊ နားသွေးထွက်တဲ့ ဒဏ်ရာနဲ့ ပွန်းပဲ့ဒဏ်ရာတွေတွေ့ရှိရတယ်လို့ ရဲစခန်းရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ သုံးခွမြို့နယ်မှာ ၂၀၁၃ ခုနှစ်မိုးတွင်းကာလမှာလည်း မိုးကြိုးထိမှန်သေဆုံးသူ ၈ ဦးရှိခဲ့ကြောင်းနဲ့ အဆိုပါဖြစ်စဉ်ကို သုံးခွမြို့နယ်ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၁ (၂၀၁၄)နဲ့အမှု ဖွင့် ထားပါတယ်။
သဇင်ထွေး - DVB
ပုလဲရွာတွင် မိုးကြိုးပစ်၊ လူနှစ်ဦးတစ်ပြိုင်တည်းသေ
Reviewed by သစ်ထူးလွင်
on
17:16
Rating: