ပြင်ဦးလွင်မြို့နယ်၊ သပြေရေကျေးရွာမှာ သိမ်းဆည်း ခံထားရတဲ့ လယ်မြေဧက ၁ဝဝ ကျော်မှာ ထွန်ယက်စိုက်ပျိုး နေကြတဲ့ လယ်သမားတွေနဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် မာဘယ်ကျောက်စက်ရုံက တာဝန်ရှိသူတွေ အကြား တင်းမာမှုတွေ ဖြစ်နေပါတယ်။
သိမ်းထားတဲ့ လယ်မြေ ၁ဝဝ ကျော်လောက်မှာ စက်ရုံ တာဝန်ရှိသူတွေရဲ့ တာဝန်ပေးချက်အရ ခြံဝန်းလာခတ်နေတဲ့အတွက် တောင်သူတွေက ဒီကနေ့ ထွန်တုံးတိုက်ပွဲဆင်နွှဲနေကြတာလို့ တောင်သူတွေက ပြောပါတယ်။
အဲဒီ လယ်မြေ ၁ဝဝ ကျော်လောက်ကို သပြေရေကျေးရွာက တောင်သူ ၃ဝ ကျော်လောက်က ပိုင်ဆိုင်ပြီး ၁၉၉၃ ခုနှစ်ကစလို့ ခမရ ၃၃ တပ်က သိမ်းယူခဲ့တာလို့ သိရပါတယ်။
RFA Burmese
သပြေရေကျေးရွာမှာ လယ်သမားတွေ ထွန်တုံးတိုက်ပွဲဆင်နွှဲ
Reviewed by သစ်ထူးလွင်
on
21:20
Rating: