ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဧပြီလ ၁၂ ရက် မနက် ၂ နာရီ ၁၀ မိနစ်အချိန်လောက်က ခရီးသည်တင်ယာဉ်တစ်စီးနဲ့ အိမ်စီးကားတစ်စီးတို့ တိုက်မိရာက မော်တော်ယာဉ် ၂ စီးလုံး မီးလောင်ကျွမ်းပြီး လူ ၁၂ ဦး သေဆုံးသွားပါတယ်။
ဖြစ်စဉ်မှာ တောင်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့ တောင်ပြာတန်းယာဉ်လိုင်းမှ ခရီးသည်တင်ကား ၅ဃ/ ၈၂၅၆ နဲ့ Cheaser Toyota အိမ်စီးကား 9A-9302 တို့ဟာ ပဲခူးတိုင်းအတွင်း မိုင်တိုင်အမှတ် ၁၁၆/၂ နဲ့ ၁၁၆/၃ တို့အကြားမှာ ချိတ်မိရာက ခရီးသည်တင်ကားကြီးအောက် အိမ်စီးကား ရောက်သွားပြီး ကား ၂ စီးလုံး မီးလောင်ကျွမ်းသွားတာလို့ သိရပါတယ်။
တောင်ပြာတန်းကားပေါ်ပါသူ ခရီးသည်တင် အယောက် ၄၀ထဲက ၆ ယောက်နဲ့ အိမ်စီးကားပေါ်ပါသူ ကလေးတဦးအပါအ၀င် ၆ ယောက် (ကျား၃၊ မ ၂) စုစုပေါင်း (၁၂) ယောက် သေဆုံးသွားကြတာပါ။ တောင်ပြာတန်း ခရီးသည်တင်ကားပေါ်က ထိခိုက်ဒဏ်ရာရသူ ၄ ဦး ဖြစ်တဲ့ မသန်းသန်းဝင်း၊ မခင်စန်းဝေ၊ ကိုအောင်မင်းသိန်းနဲ့ ဦးသက်လှိုင်ထွန်းတို့ကို ဖြူးးပြည်သူ့ဆေးရုံနဲ့ တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသထားတယ်လို့ သိရပါတယ်။
DVB TV News
Video: iCJ - Audio: muted
Updated: အမြန်လမ်း ၁၁၆မိုင် ယာဉ်မီးလောင်မှုမှာ ခလေးတစ်ဦး အပါအ၀င် လူ (၁၂)ဦး သေဆုံး (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
16:00
Rating: