ရွှေပြည်သာ Startex အထည်ချုပ် စက်ရုံအဆောင်နေ ၀န်ထမ်း (၄၀) ကျော် အား အဆောင်မှ မောင်းထုတ်သဖြင့် ဆန္ဒထုတ်ဖော်


           ရွှေပြည်သာ Startex  အထည်ချုပ်   စက်ရုံ မှ အဆောင်နေ   ၀န်ထမ်း (၄၀)  ကျော်အား   အဆောင် မှ   မောင်းထုတ် သဖြင့်   အဆောင်နေ ၀န်ထမ်းများမှ  ဧပြီလ (၂၇)  ရက်နေ့ က တတိယ အကြိမ် အဖြစ် ထပ်မံ၍ ဆန္ဒ ထုတ်ဖော် ခဲ့ကြကြောင်း အလုပ်သမားများ ထံမှ သိရသည်။   ညတုန်းက အဆောင်သူ အယောက် (၄၀) ကို မထားတော့ဘူးဆိုပြီး အဆောင်အောက် အခန်းကျဉ်းကျဉ်းလေး ထဲကို ပြောင်းခိုင်းတယ်။   ဒီဘက် ကလည်း ပြောင်းမ ပေးဘူး ဆိုပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်””ဟု မခင်သိန်းနွယ် က ပြောသည်။

                ထို စက်ရုံမှ အလုပ်သမားများသည်   ဧပြီလ (၂၈) ရက်နေ့တွေ ရုံးချိန်ရှိပြီး အဆိုပါ နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် အလုပ်သမား (၁၈၀)ကျော် အား နစ်နာကြေးပေးကာ အလုပ်မှ ထုတ်ပယ်    သွားမည် ဖြစ်ကြောင်း သိရသည်။ နစ်နာကြေးက တစ်သိန်းလေးသောင်း ပေးမယ်လို့ ပြောတယ်။ အဲဒီမှာ အလုပ်သမား တွေက အနည်းဆုံး လုပ်သက်က ငါးနှစ်၊ ခြောက်နှစ် ရှိတယ်။ နစ်နာကြေး (၅) လစာ လောက်တော့ ရသင့်တယ်။    ကျွန်တော်တို့က တော့ အတတ်နိုင်ဆုံး လမ်းကြောင်းမှန်ပေါ် ရောက်အောက် ဆွဲခေါ်ပေးသွားမှာပါ””ဟု  အဆိုပါ ကိစ္စရပ်အား လိုက်လံကူညီဆောင်ရွက် ပေးနေသည့် မိုးဟိန်း စက္ကူစက်ရုံ အလုပ်သမား သမဂ္ဂ အတွင်းရေးမှူး ကိုကျော်စိုးဦး က ပြောသည်။ အဆိုပါ စက်ရုံမှ အလုပ်သမားများ သည် ယခင်က အလုပ်နားရက်မယူဘဲ တစ် နှစ်ပတ်လုံးရက်  အပြည့် အလုပ်ဆင်းပါက နှစ်စဉ် Bonus ကြေးများ ရရှိခဲ့ပြီး လုပ်သက် (၁၀)   နှစ် အထက် အလုပ်သမားတစ်ဦးလျှင် ဆုကြေးကျပ် တစ်သိန်းကျော်အထိ ရရှိခဲ့ သည်။

                ယခုအခါ အလုပ်သမား ဥပဒေသစ်အ ရ အလုပ်သမားတစ်ဦးလျှင် တစ်နှစ်ခွင့်ရက် (၁၀) ရက် တရားဝင် ရရှိမည်ဟု ပြဋ္ဌာန်းလာ သောကြောင့် အလုပ်ရှင်များ ဘက်မှ Startex  ကြေးများကို အဆမတန် လျှော့ချလိုက်ခြင်း နှင့် စက်ရုံတွင် All Super မှ   အလုပ်သမား များအပေါ် ကြမ်းတမ်းရိုင်းပျစွာ ပြောဆို ဆက် ဆံကာ   အလုပ်သမား  များအား ဆန္ဒထုတ် ဖော်ပါက ဖမ်းဆီး  ထောင်ချမှုများ ပြုလုပ်မည်   ဟု ခြိမ်းခြောက်ကြောင်း၊ အဆိုပါ ကိစ္စရပ်များ ကြောင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

The Messenger


ရွှေပြည်သာ Startex အထည်ချုပ် စက်ရုံအဆောင်နေ ၀န်ထမ်း (၄၀) ကျော် အား အဆောင်မှ မောင်းထုတ်သဖြင့် ဆန္ဒထုတ်ဖော်  ရွှေပြည်သာ Startex အထည်ချုပ် စက်ရုံအဆောင်နေ ၀န်ထမ်း (၄၀) ကျော် အား အဆောင်မှ မောင်းထုတ်သဖြင့် ဆန္ဒထုတ်ဖော် Reviewed by သစ်ထူးလွင် on 17:34 Rating: 5
Powered by Blogger.