ရန်ကုန်၊ ဧပြီ ၂၇
၂၆.၄.၂၀၁၄ ရက်နေ့ ၁၆၀၅ အချိန်တွင် အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်း၊ မ/၁၅၅ ရှိ (၂)ထပ်တိုက်၏ တိုက်ရှေ့ဝရန်တာအလျား(၄၀)ပေ၊ အနံ(၃)ပေ၊ ထုထည်(၁၅)လက်မခန့်ရှိ မီးခံတန်းပြိုကျခဲ့သဖြင့် တိုက်ဖျက် သည့်အလုပ်သမားများဖြစ်ကြသော တရုတ်ကြီး(ခ)သက်နိုင်ဖြိုး၊ (ဘ)ဦးဖြူကြယ်၊ ဒလမြို့နေသူနှင့် ချစ်စန်း၊ (၂၆)နှစ်၊ (ဘ)ဦးသိန်းအောင်၊ ဒလမြို့နေသူတို့(၂)ဦးအား ပိမိခဲ့ပြီး အောင်လင်း၊ (ဘ)ဦးချစ်သိန်း၊ ဒလမြို့ နေသူကို အုတ်ရိုးများလွင့်စင်ထိမှန်ခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။
အခင်းဖြစ်နေရာသို့ အမှတ်(၂) ပြည်နယ်နှင့်တိုင်း မီးသတ်ဦးစီးဌာန ကွပ်ကဲရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဘက်အတွင်းရေးမှူးနှင့်အဖွဲ့၊ အလုံမြို့နယ်
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ အလုံမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
၎င်းတိုက်ပြိုကျရာတွင်ပိမိနေခဲ့သည့် တရုတ်ကြီး(ခ)သက်နိုင်ဖြိုးနှင့် ချစ်စန်း တို့အား ၁၇၃၀ အချိန်တွင် ကယ်ထုတ်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်းနှင့် အုတ်ရိုးများလွင့်စင်ထိမှန်၍ ဒဏ်ရာရရှိခဲ့သူ အောင်လင်းမှာလည်း ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ၁၉၄၀ အချိန်တွင်သေဆုံးသွား
ခဲ့ပါသည်။
အဆိုပါအဆောက်အဦမြေပိုင်ရှင်မှာ ဦးကျော်သိန်း(စိစစ်ဆဲ)ဖြစ်ပြီး ၎င်းနေရာတွင် တစ်ကောင်ဖွား ဆောက်လုပ်ရေးမှ အသစ်ဆောက်လုပ်ရန်အတွက် အလုပ်သမားခေါင်းဆောင် ကရင်မ(ခ)ဒေါ်ခင်စန်းဝင်း ဦးဆောင် ပါဝင်သည့် အလုပ်သမား(၅)ဦးဖြင့် ဖြိုဖျက်နေခဲ့သော တိုက်ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းတို့(၃)ဦး သေဆုံးမှုနှင့်ပတ်သက်၍ အလုံမြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
အလုံမြို့နယ်၌ ဖြိုဖျက်နေသော တိုက်မှ မီးခံတန်း အုတ်ရိုး ပြိုကျသဖြင့် အလုပ်သမား (၃)ဦး သေဆုံး
Reviewed by သစ်ထူးလွင်
on
09:54
Rating: