ရန်ကုန်၊ ဧပြီ ၂၇
၂၆.၄.၂၀၁၄ ရက်နေ့ ၀၄၀၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးအတိုင်း တောင်မြောက်လမ်းဆုံဘက်မှ ရွာသာကြီးဘက်သို့ စိုင်းခမ်းမောင်(စိစစ်ဆဲ)မောင်းနှင်ပြီး နောက်ဘက်မှ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေသူများဖြစ်သည့် ကိုစောမင်းထွန်း (၂၈)နှစ်နှင့်အောင်နိုင်ဦး (၃၂)နှစ်တို့လိုက်ပါစီးနင်းလာသော JLM -110ခဲ/နက်ရောင် ဆိုင်ကယ်သည် အမှတ်(၅၃၃)တပ်ရှေ့အရောက် လမ်းဘေးတွင်ရပ်ထား သော ကွန်တိန်နာယာဉ်၏ နောက်ဝဲဘက်ခြမ်းကို ၀င်ရောက်တိုက်မိခဲ့ ပါသည်။
ထိုသို့တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ စိုင်းခမ်းမောင်နှင့် ကိုစောမင်းထွန်းတို့တွင် ဖူးရောင် ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ကိုအောင်နိုင်ဦးတွင် ဖူးရောင် ပေါက်ပြဲ ဒဏ်ရာရရှိခဲ့၍ မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။
ယင်းကဲ့သို့ ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ စိုင်းခမ်းမောင် (သေဆုံး)အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း ယာဉ်(ပ)၂၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၀၄-က ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
ဆိုင်ကယ်မှ ရပ်ထားသော ကွန်တိန်နာယာဉ်ကို ၀င်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်စီးနင်းသူ(၃)ဦးသေဆုံး
Reviewed by သစ်ထူးလွင်
on
18:04
Rating: