ကမ္ဘာတစ်ဝန်း ကြီးမားစွာ ပျံ့ နှံ့လာသည့် Selfie ဟူသည့် ဓာတ် ပုံ ယဉ်ကျေးမှုကြီး တစ်ရပ် မြန်မာ နိုင်ငံတွင် အရှိန်အဟုန် ကောင်းမွန်လာပါပြီ။ ဘာလုပ်လုပ်၊ ဘယ်ရောက်ရောက် မိမိကိုယ်ကိုယ်ဓာတ်ပုံ ရိုက်၍ လူမှုကွန်ရက်စာမျက်နှာ များပေါ် တင်၍ ဖြန့်ဝေရခြင်းက မြန်မာ လူငယ်တို့ အတွက် အလုပ် တစ်ခုဖြစ်လာခဲ့လေသည်။
ပျော်ပွဲရွှင်ပွဲမှသည် ဈာပန အခမ်းအနားများပါမရှောင်၊ မိမိကိုယ်ကိုယ်ဖုန်းဖြင့် ဓာတ်ပုံပြန်ရိုက် သည့် Selfie ပုံများက လူငယ်တို့ ဘ၀ထဲတွင် အစိတ်အပိုင်းတစ်ခု အဖြစ် နေရာယူလာခဲ့သည်။
Selfie ဆိုသည်မှာ ဒစ်ဂျစ် တယ်ကင်မရာ၊ ဖုန်းတို့ဖြင့် မိမိ ကိုယ်ကိုယ်ဓာတ်ပုံရိုက်ခြင်းကို ခေါ်ဝေါ်ပြီး မှန်ရှေ့တွင် ရပ်လျက် ဒစ်ဂျစ်တယ်ကင်မရာဖြင့် ကိုယ့် ကိုယ်ကိုယ်ရိုက်ကူးခြင်းကို ခေါ် ဝေါ်သည်။ ယခုနောက်ပိုင်းတွင် ဖုန်းဟန်းဆက်များ၌ ကင်မရာ အဆင်သင့် ပါဝင်လာသော ကြောင့် ဖုန်းဖြင့် ရိုက်ကူးခြင်းက တွင်ကျယ်လာသည်။
အလှူမင်္ဂလာအခမ်းအနား များ(သို့) ပန်းခြံ၊ ကစားကွင်းစ သည့် အပန်းဖြေနေရာများတွင် လက်တစ်ဖက်ကို အပေါ်သို့ ဆန့်တန်းပြီး ဖုန်း(သို့) iPad ဖြင့် မိမိကိုယ်ကိုယ်အလှဓာတ်ပုံရိုက် ကူးနေသော မိန်းကလေးငယ်များကို မြို့ပြ၏ မြင်ကွင်းသစ်များအ ဖြစ် တွေ့လာရသည်။
တစ်ဦးချင်းရိုက်ကူးမှုအပြင် သူငယ်ချင်းမိတ်ဆွေများ ဖုန်းတစ်လုံးနှင့် အဖွဲ့လိုက်ရိုက်ကူးမှုများ လည်း ရေပန်းစားလာသည်။
Selfie စွဲလမ်းမှုက ကမ္ဘာပေါ် တွင် ကြီးထွားလာနေပြီဖြစ်ပြီး မြန် မာနိုင်ငံတွင်လည်း Selfie စွဲလမ်း သူ လူငယ်များစွာရှိပါသည်။ အမျိုးသမီးအများစုက ထိုသို့ရိုက် ကူးလေ့ရှိကြပြီး လူငယ်အမျိုးသား များလည်း Selfie နှင့် သိပ်မကင်း ကြပေ။ ၎င်းတို့က မိမိကိုယ်ကိုယ် ဖုန်းဖြင့် ပြန်လည်ရိုက်ကူးထား သည့် Selfie ဓာတ်ပုံများကို လူမှု ကွန်ရက် Facebook စာမျက်နှာ ပေါ်သို့ မလွတ်တမ်းတင်လာခဲ့ကြ သည်။ ပုံထွက်ကောင်းလျှင် ၀ိုင်း ၀န်အားပေးကြပြီး ပုံထွက်မ ကောင်းပါက ဟာသမှတ်ချက်များ ပေးခြင်းခံရသဖြင့် စိတ်ပျော်ရွှင်ခြင်း၊ စိတ်တိုခြင်းတို့လည်း ဒွန်တွဲဖြစ်ပေါ်ရစမြဲဖြစ်သည်။
‘‘သူငယ်ချင်းတစ်ယောက်ရှိ တယ်။ တစ်နေ့ကို ဆယ်ပုံလောက် ရိုက်တင်တယ်။ ဆယ်ပုံတင်ဖို့ဆို တာက ဘယ်နှပုံတောင် ရိုက်ပြီးမှဆယ်ပုံပြန်ရွေးထားလဲမသိနိုင်ဘူး လေ။ ရုပ်ခံကြီးအတိုင်းတင်နေ တော့ Like လုပ်သူလည်း မရှိဘူး။ ဒါလည်း ဇွဲမလျှော့ဘူး။ တင်မြဲတင်နေတာပဲ။ တခြားသူငယ်ချင်းတွေ ဆို မျက်စိနောက်လို့ Unfriend တောင်လုပ်သွားကြတယ်’’ဟု ဖေ့စ်ဘွတ်ခ်သုံးစွဲသူ မနှင်းအိဖြူ ၀င်းကပြောပြသည်။
မြန်မာနိုင်ငံတွင်တော့ Selfie ဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ်စာ မျက်နှာသို့ တင်လေ့ရှိကြပြီး မိန်း ကလေးများက အများဆုံးရိုက်ကူး ကြသည်ကို တွေ့ရသည်။ ယောက်ျားလေးများ ရိုက်ကူးခြင်း များရှိသော်လည်း အချို့က အပျော်အပြက်သဘောဖြင့်သာ ရိုက်ကူး မှုများရှိသည်။
‘‘ကိုယ့်ဖေ့စ်ဘွတ်ခ်ထဲက သူ ငယ်ချင်းတွေကို ပျော်ရွှင်ရယ်မော စေတာမျိုး၊ လက်ရှိအဖြစ်အပျက် တစ်ခုခုကို သရော်ကလိချင်တာ မျိုးအပေါ် မူတည်ပြီး တမင်ရိုက် ကူးပြီး တင်တာမျိုးလည်း လုပ် တတ်ပါတယ်’’ဟု နေပြည်တော် အစိုးရရုံးတစ်ခုမှ လက်ထောက် ညွှန်ကြားရေးမှူးတစ်ဦးကပြော သည်။
‘‘အမြဲရိုက်ဖြစ်နေတော့ ဘယ်လိုပြောရမလဲ။ စွဲနေပြီလို့ပဲ ၀န်ခံ လိုက်တော့မယ်ဗျာ။ အဓိကက တော့ ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်နက် ဝေါ့ခ်တွေပေါ်ပြီးနောက်ပိုင်း ဓလေ့ တစ်ခုဖြစ်လာတာလို့ထင်တယ်။ ကျွန်တော်လည်း နေ့တိုင်းနီးပါး ကြုံရင်ကြုံသလိုရိုက်ဖြစ်ပါတယ်။ ထွက်လာတဲ့ ပုံတွေအပေါ် ခံစားမှု ကတော့ မှန်ကြည့်နေတဲ့ အချိန် ဖြစ်တဲ့ ခံစားမှုလေးမျိုးပါပဲ’’ ဟု နာမည်ကျော်လူငယ်ဂရပ်ဖစ်တီသမား အာကာကျော်ကဆိုသည်။
Selfie ဟူသည့် စကားလုံး သည် မိမိပုံကို မိမိကင်မရာ၊ ဖုန်း ကိုင်၍ ရိုက်ကူးခြင်းကို ခေါ်ဆိုခြင်းဖြစ်ကာ ယခင်နှစ်ကမှ အောက် စဖို့ဒ်အဘိဓာန်တွင် စတင်ပါဝင် လာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဝေါ ဟာရသစ်တစ်ခုအဖြစ် သတ်မှတ် ခြင်းပင်ခံလိုက်ရသည့် Selfie ယဉ် ကျေးမှုသည် စိတ်ရောဂါတစ်ခု ဖြစ်ကြောင်းကိုလည်း ထုတ်ပြန် ချက်များရှိလာခဲ့သည်။
အမေရိကန်စိတ်ရောဂါဆိုင် ရာအသင်းကြီး (American Psy-chiatric Association-APA) က Selfie ရိုက်ကူးခြင်းကို စိတ်ဝေဒ နာတစ်မျိုးဖြစ်ကြောင်း ချီကာဂို မြို့တွင်ပြုလုပ်သည့် အသင်းအ စည်းဝေး၌ တရားဝင်သတ်မှတ် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
Selfie ရိုက်ကူးခြင်းကို အဆင့်သုံးဆင့်ရှိ စိတ်ဝေဒနာတစ်မျိုးအ ဖြစ် သတ်မှတ်ခဲ့ပြီး အဆင့် (၁) မှာ မိမိကိုယ်ကိုယ်တစ်နေ့သုံးကြိမ်ထက်မနည်း ဓာတ်ပုံရိုက်ကူးသော် လည်း လူမှုကွန်ရက်စာမျက်နှာ များတွင် မျှဝေခြင်းမပြုလုပ်သူ၊ အဆင့် (၂) မှာ မိမိကိုယ်ကိုယ် တစ်နေ့သုံးကြိမ်ထက်မနည်း ဓာတ်ပုံရိုက်ကူးပြီး ရိုက်ထားသည့် ဓာတ်ပုံအားလုံးကို လူမှုကွန်ရက် စာမျက်နှာများပေါ် ဖြန့်ဝေလေ့ရှိ သူ၊ အဆင့် (၃) မှာ မိမိစိတ်ကို ထိန်းချုပ်နိုင်စွမ်းမရှိဘဲ Selfie ရိုက်ကူးပြီး ပုံများကို တစ်နေ့ခြောက် ကြိမ်ထက်မနည်းလူမှုကွန်ရက် ပေါ် တင်လေ့ရှိသူဟူ၍ သတ် မှတ်လိုက်ခြင်းဖြစ်ကာ ရောဂါ အမည်ကို Selfie ဟု ခေါ်ဝေါ်စေခဲ့ သည်။
‘‘တခြားနိုင်ငံတွေမှာ အဲဒါ မှန်ချင်မှန်ပါလိမ့်မယ်။ ကိုယ့်နိုင်ငံ က Selfie ရိုက်သူတွေကတော့ သူများလုပ်လို့ လိုက်လုပ်ကြတဲ့ အဆင့်ပဲရှိပါသေးတယ်။ စိတ်ဝေ ဒနာတစ်ခုအနေနဲ့ ဖြစ်လာကြ တယ်လို့ မတွေးမိပါဘူး။ ကိုယ် တိုင်လည်း အဲဒီလိုရိုက်လေ့ရှိ သူမဟုတ်တော့ Selfie ရိုက်လေ့ ရှိသူတွေကို စိတ်ဝေဒနာရောဂါ ခံစားကြရတယ်လို့ အမည်မတပ်ရဲ ပါဘူး’’ဟု လူငယ်စာရေးဆရာ၊ လူရွှင်တော် သူရဿဝါ(ခ) ဘုန်း သန့်ကျော်က မှတ်ချက်ပြုသည်။
Selfie ရိုက်လေ့ရှိသည့် ဖေ့စ် ဘွတ်ခ်သုံးစွဲသူ ဆယ်ကျော်သက် အရွယ် မအေးမြတ်မင်းကလည်း ‘‘ဒါဟာ အပန်းဖြေမှုတစ်ခုပါပဲ။ ဒီလို Selfie ရိုက်တဲ့သူတွေထဲမှာ ဆရာဝန်တွေကိုယ်တိုင်လည်း ပါနိုင်ပါတယ်။ ရိုးရိုးကင်မရာနဲ့ ရိုက်တဲ့အခါ ကိုယ့်ပုံကိုမမြင်ရဘူး။ ရိုက်ပေးတဲ့လူက ဘယ်လိုလေး နေ၊ ဘယ်လိုက လှတယ်ဆိုတာ မျိုးနဲ့ ကျေနပ်ရတယ်။ ထွက်လာ တဲ့ ပုံကို စိတ်တိုင်းမကျခဲ့ရင်လည်းရိုက်ပေးမယ့်သူ ထပ်ရှာရတာ အားနာရတယ်။ Selfie ကျတော့ ကိုယ့် ပုံကို တိုက်ရိုက်မြင်ရတယ်။ မ ကြိုက်ရင်လည်း ချက်ချင်းပြန်ဖျက် ပြန်ရိုက်။ ဘယ်သူ့အကူအညီမှ မလိုဘူး’’ဟု သုံးသပ်သည်။
‘‘ပြီးတော့ မျက်နှာလေး တင် ပေါ်တာမျိုးဆိုတော့ ကိုယ့်ခန္ဓာ ကိုယ်အနေအထားကို ဖုံးကွယ်လို့ ရတယ်လေ။ ဒီတော့ တချို့ဝတဲ့ မိန်းကလေးတွေက နှစ်သက်ကြပုံ ပေါ်ပါတယ်’’ဟု မအေးမြတ်မင်း က ပြောသည်။
ဗြိတိန်နိုင်ငံမှ လူငယ်လေး တစ်ဦးသည် အသက် (၁၅) နှစ် အရွယ်မှစ၍ မိမိကိုယ်ကိုယ် Selfieဓာတ်ပုံရိုက်ကူးခဲ့ရာမှ စိတ်ရောဂါ စွဲကပ်လာပြီး နောက်ဆုံးတွင် မိမိကိုယ်ကိုယ်သေကြောင်းကြံ သည့် အဆင့်ထိ ဖြစ်ပျက်ခဲ့သည့် သတင်းက တစ်ကမ္ဘာလုံးကို တုန် လှုပ်စေခဲ့သည်။
တစ်ရက်လျှင် ဖုန်းဖြင့် မိမိ ကိုယ်ကိုယ် ဓာတ်ပုံ ၂၀၀ ခန့်ရိုက် ကူးပြီး အလှဆုံးဟု ထင်သည့်ပုံ များကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တင်လေ့ရှိရာ သူငယ်ချင်းများက မလှသည့်နေရာများကိုရွေး၍ မှတ်ချက်ပြုကြသည့် အတွက် စိတ်ဖိစီးမှုဖြစ်ပွားလာပြီး အကောင်းဆုံးဓာတ်ပုံထွက်စေ ရန် နေ့မအား၊ ညမနား ရိုက်ကူး ၍ ကျောင်းပင်ထွက်ရသည်အထိ ဖြစ်ခဲ့သည်။ လနှင့် ချီ၍ ရိုက်ကူးနေခဲ့ပြီး နောက်ဆုံးတွင်အလှ ဆုံးပုံမထွက်တော့ဟု စိတ်ဓာတ် ကျဆင်းကာ မိမိကိုယ်ကိုယ်ဆေး အလွန်အကျွံသောက်၍ သေ ကြောင်းကြံခဲ့ခြင်းဖြစ်သည်။
ပထမဆုံး Selfie ဓာတ်ပုံကို ၁၈၃၉ ခုနှစ်တွင် Robert Cornelius အမည်ရှိ အမေရိကန်လူမျိုးက စတင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မှန်ရှေ့မှာရပ်၍ ရိုက်ကူးသည့် Selfie များခေတ်စားလာသည်။ ရုရှားမင်းသမီး အန်နက်စတေးရှားကလည်း သူငယ်ချင်းတစ်ဦးကို လက်ဆောင်ပေးရန် Selfie ဓာတ်ပုံကို ၁၉၁၄ ခုနှစ်က မှန်ရှေ့တွင် ရိုက်ကူးခဲ့ သည်။
၂၀၁၃ ခုနှစ်တွင် Time မဂ္ဂ ဇင်းမှ ကောက်ယူခဲ့သည့် စစ်တမ်း များအရ အသက် (၁၈) နှစ်နှင့် (၃၅) နှစ်အကြား သြစတြေးလျ အမျိုးသမီးများသည် ဖေ့စ်ဘွတ်ခ် တင်ရန် ရည်ရွယ်ချက်ဖြင့် Selfie ပုံများ ရိုက်ကူးလာကြသည်ကို တွေ့ရသည်ဟု ဖော်ပြထားသည်။ နာမည်ကျော် စမတ်ဖုန်းနှင့် ကင် မရာကုမ္ပဏီတစ်ခုဖြစ်သည့် ဆမ် ဆောင်းကုမ္ပဏီ၏ မကြာသေးမီ က ပြုလုပ်ထားသော စစ်တမ်းအရ Selfie ပုံများကို အသက် (၁၈) နှစ် မှ (၂၄) နှစ်အကြားလူငယ်တို့ အရိုက်များသည်ဟု ဖော်ပြထားခဲ့ သည်။
လူငယ်များသာမဟုတ်ပါ။ နိုင်ငံအသီးသီးမှ ထိပ်တန်းခေါင်း ဆောင်များလည်း Selfie ရိုက်ကူး ခြင်း ယဉ်ကျေးမှုတွင် နစ်မျော ပျော်ဝင်လာကြသည်။ နိုဗယ်ဆု ရှင်ကြီး နယ်လ်ဆင်မန်ဒဲလား၏ ဈာပနတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ဗြိတိန် ၀န်ကြီးချုပ်၊ ဒိန်းမတ်ဝန်ကြီးချုပ် တို့သုံးဦး ဖုန်းလေးကိုင်၍ Selfie ဓာတ်ပုံရိုက်ကူးနေခြင်းကို AFP သတင်းထောက်က အမိအရ ရိုက် ကူးခဲ့သည်။
အဆိုပါဓာတ်ပုံအင်တာနက် ပေါ် ပျံ့နှံလာချိန်မှာတော့ အများ အမြင်တွင် ဟာသသဖွယ်ဖြစ် သွားခဲ့သည်။
အမေရိကန်ဒုတိယသမ္မတ ဂျိုးဘစ်ဒန်သည်လည်း သမ္မတအိုဘားမားနှင့်အတူ ရိုက်ကူးထား သော ကိုယ်တိုင်ရိုက် Selfie ပုံကို သူ၏ အင်စတာဂရမ်စာမျက်နှာမှ တစ်ဆင့် မျှဝေခဲ့ဖူးသည်။ လောလောလတ်လတ်အနေဖြင့် အာရှသို့ ခရီးနှင်လာသော သမ္မတ အိုဘားမားနှင့်အတူ သတင်းစာရှင်းလင်းပွဲအပြီးတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ် က Selfie ပုံရိုက်ကာ သူ၏ ဖေ့စ်
ဘွတ်ခ်စာမျက်နှာ၌ မျှဝေပေးခဲ့ သည်။
နာမည်ကျော်ရုပ်သံတင် ဆက်သူ Ellen က ပြီးခဲ့သည့် အော်စကာဆုပေးပွဲတွင် နာမည် ကျော် သရုပ်ဆောင်များနှင့် တွဲ ဖက်ရိုက်ကူးခဲ့သည့် Selfie ဓာတ် ပုံကို တွစ်တာစာမျက်နှာတွင် မျှ ဝေခဲ့ရာ ကမ္ဘာတွင် အကျော်ကြား ဆုံး Selfie ပုံတစ်ပုံဖြစ်လာခဲ့ သည်။
‘‘ရည်းစားကို ပြဖို့ ရိုက်ရင်းနဲ့ အကျင့်ပါသွားတာ။ တစ်နေ့နှစ်ပုံ လောက်တော့ ရိုက်ဖြစ်တယ်။ သူ များကို ပြချင်တာ ထက် မျက်နှာ ပြောင်ချင်တာပေါ့လေ။ ဖေ့စ် ဘွတ်ခ်ပေါ်တင်တာနည်းတယ်။ အဓိကက ကောင်မလေးဆီပို့ဖို့ပဲ’’ ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ် သည့် အသက် (၂၄) နှစ်အရွယ် ကိုပြည့်ဖြိုးနိုင်ကဆိုသည်။
အနုပညာရှင်နှင့် အခြား Selfie ရိုက်ကူးသူအချို့ကတော့ မိမိပုံကို သာမန်ရိုက်ကူးခြင်းမျိုး ထက် အနုပညာမြောက်အောင် ရိုက်ကူးဖန်တီးမှုများလည်း ရှိ သည်။ သူများနှင့်မတူသည့် Selfie ပုံများကို စိတ်ဝင်တစားရိုက်ကူး သူများလည်းရှိသည်။
တက်သစ်စမော်ဒယ်တစ်ဦး ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်တွင် လူသိများ လာသည့် လဲ့ယမင်းက ‘‘ရေခဲ သေတ္တာထဲ ၀င်ရိုက်တာတို့၊ ရေ ပန်းအောက်မှာတို့ ဘာတို့က ကိုယ့်ဘာသာ Timer ပေးပြီး ရိုက် ခဲ့တာတွေပါ။ အလင်းအမှောင် က အစပေါ့နော်။ အနည်းဆုံး တော့ ကိုယ့်မျက်နှာက ဘယ်ဘက်
က ကင်မရာရှုထောင့်ယူရင် ပိုလှ တယ်ဆိုတာလောက်တော့ သိ သွားမှာပဲလေ။ တလောက ကြားလိုက်တဲ့ ကိုယ့်ကိုယ်ကိုယ် Selfie ရိုက်ပြီး သတ်သေတယ်ဆိုတာ လောက်ထိ မဖြစ်ဖို့ဘဲ လိုတာပါ’’ ဟု မှတ်ချက်ပေးသည်။
‘‘သူများရိုက်ပေးတာထက် ကိုယ်ဘာသာကင်မရာမှာ ကိုယ့်ပုံ စံဘယ်လိုနေလဲဆိုတာကြည့်ပြီး ရိုက်ရတဲ့အတွက် ပုံထွက်လှတယ် လို့ ထင်တာပေါ့။ သူများရိုက်တာ ထက် ကိုယ့်ဘာသာကြည့်ပြီး ရိုက် တာဆိုတော့ ပိုယုံကြည်မှုရှိတယ်’’ ဟု ဖေ့စ်ဘွတ်ခ်သုံးစွဲသူ မသက် ရည်ဦးကပြောသည်။
မော်ဒယ်သရုပ်ဆောင်တစ် ဦးဖြစ်သည့် သဲနော်ဇာကလည်း ‘‘အလုပ်ရှိတဲ့နေ့တွေဆို နေ့တိုင်း ရိုက်ဖြစ်တယ်။ အိမ်မှာနေရင်း သနပ်ခါးလိမ်းထားတာမျိုး၊ ဒါမှမ ဟုတ် တစ်ခုခုထူးထူးခြားခြားလုပ် မှ ရိုက်ဖြစ်တယ်’’ဟု ပြောသည်။
Selfie ယဉ်ကျေးမှုက ခေတ် နှင့်အညီ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ လာပြီး လူငယ်များသာမက လူလတ်ပိုင်းများလည်း Selfie ရိုက်ကူးလာကြသည်ကို မြင်တွေ့လာရသည်။ ဖုန်းများတွင် အသင့်ပါဝင်လာ သည့် ကင်မရာဖြင့် အလွယ်တကူ မိမိဘာသာရိုက်ကူးနိုင်ခြင်း၊ မျက်နှာတစ်ခုတည်း ကွက်၍ လှပအောင်ကွက်၍ရိုက်ကူးနိုင်ခြင်း၊ Camera360 ကဲ့သို့ ဓာတ်ပုံဆော့ဖ်ဝဲဖြင့် မိမိပုံကို လှလှပပပြင်ဆင်၍ ဖေ့စ်ဘွတ်ခ်ပေါ်တွင်တင်၍ ဖြန့်ဝေနိုင် ခြင်းတို့ကြောင့် လူအများသဘောတကျရိုက်ကူးလာကြသည်။
ပထမဆုံး Selfie ဓာတ်ပုံကို ၁၈၃၉ ခုနှစ်တွင် Robert Corne-lius အမည်ရှိ အမေရိကန်လူမျိုး က စတင်ရိုက်ကူးခဲ့သည်ဟု မှတ် တမ်းများက ဆိုသော်လည်း ပထမ ဆုံးသော မော်ဒန် Selfie ရိုက်ကူး ခြင်းကို ၁၉၂၀၌ စတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း Fastcodesign. com ၀က်ဘ်ဆိုက်က ဖော်ပြခဲ့ သည်။ အဆိုပါဖော်ပြချက်တွင် ၁၉၂၀ တွင် လူတစ်စုက Kodak ကင်မရာကြီးတစ်ခုလုံးကို လက် ဖြင့် ၀ိုင်းကိုင်လျက် မိမိတို့ပုံကို ပြန်လည်ရိုက်ကူးခဲ့သည့် ဓာတ်ပုံ နှစ်ပုံကို တွဲဖက်ဖော်ပြခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် Selfie ရိုက်ကူးခြင်းကို စွဲလမ်းနေသူ သိန်း နှင့်ချီရှိနေပြီး စိတ်ဝေဒနာအဖြစ် သတ်မှတ်ခြင်း ခံရသည့်အပြင် ကုရာနတ္ထိဆေးမရှိသည့် ရောဂါ ဟုပင် Selfie ကို မှတ်ယူထားခဲ့ ကြသည်။
Selfie အမြဲရိုက်ကူး၍ ဖေ့စ် ဘွတ်ခ်ပေါ် တင်နေသည့် ဆယ် ကျော်သက်အရွယ် မအေးမြတ် မင်းကတော့ Selfie ရိုက်ကူးခြင်း အပေါ် ‘‘ဓာတ်ပုံရိုက်တာ ရောဂါ လို့ ဝေဖန်ကြရင်တောင် ဆေးကု စရာမလိုတဲ့ရောဂါ၊ ဒီထက်လည်း ထပ်ပြီး ဆိုးရွားစရာမလိုတဲ့ ရောဂါ၊ ငွေကြေးအကုန်အကျခံပြီး စနစ်တကျ ကုသစရာမလိုတဲ့ ရောဂါမျိုးဖြစ်တာကြောင့် ကျေ ကျေနပ်နပ်ကြီးကို ရောဂါအဖြစ် ခံယူလိုက်မှာပါ’’ဟု ပြတ်သားစွာ ပြောပါသည်။
Author: ဥက္ကာကိုကို
7Day Daily
မိုဘိုင်းဖုန်းဖြင့် ကိုယ့်ပုံကိုယ်ပြန်ရိုက်နေကြသည့် အမျိုးသမီးငယ်နှစ်ဦး (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)) |
ရိုက်မယ်နော် ပြုံးထား
Reviewed by သစ်ထူးလွင်
on
06:00
Rating: