ပန်ဆေးဦးကျော်မြင့် စီးကရက်စက်ရုံ ဗုံးပေါက်ကွဲ


ရန်ကုန်၊ ဧပြီ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ပန်ဆေးဦးကျော်မြင့်၏ ၈၈၈ စီးကရက် စက်ရုံတွင် မတ်လ ၂၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် အချိန်ခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဒုတိယဥက္ကဋ္ဌ ဦးတားဂျုတ်ဂျားက အတည်ပြု ပြောကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲရာ ဒေသတွင် ယခုရက်ပိုင်းအတွင်း အစိုးရ တပ်မတော်နှင့် KIO၊ KIA၊ TNLA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။

ဖြစ်စဉ်တွင် စီးကရက်စက်ရုံ အတွင်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လူအထိအခိုက် မရှိကြောင်း၊ လက်ရှိတွင် ဗုံးပေါက်ကွဲမှုကြောင့် အခြေအနေများကို သိရှိရန် TNLA အဖွဲ့ဝင်များကို စေလွှတ်ထားပြီး ဖြစ်သည်ဟု TNLA ၏ ပြန်ကြားရေး တာဝန်ခံ ဦးမိုင်းအိုက်ကျော်က ပြောကြားသည်။
“ဗုံးပေါက်တာ ဟုတ်တယ်။ လက်နက်ကိုင်တွေရဲ့ ဗုံးအမျိုးအစားတော့ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ပန်ဆေးဦးကျော်မြင့်၏ အဆိုပါ စက်ရုံသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ရပ်နားထားသည့် စီးကရက်စက်ရုံ ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း နမ့်ခမ်းဒေသ ဝန်းကျင်တွင် မြန်မာ့တပ်မတော်နှင့် KIA၊ TNLA တို့ နှစ်ဖက်ထိတွေ့၍ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

The Voice Weekly


ပန်ဆေးဦးကျော်မြင့် စီးကရက်စက်ရုံ ဗုံးပေါက်ကွဲ ပန်ဆေးဦးကျော်မြင့် စီးကရက်စက်ရုံ ဗုံးပေါက်ကွဲ Reviewed by သစ်ထူးလွင် on 16:23 Rating: 5
Powered by Blogger.