ညောင်ပင်ပြိုလဲစဉ် ဘုန်းကြီးကျောင်း ဆောင်ပေါ်သို့ ပိမိသဖြင့် သံဃာ(၁)ပါး ပျံလွန်တော်မူ၊ (၁)ပါးဒဏ်ရာရ


ရန်ကုန်၊ ဧပြီ ၂၈

၂၈.၄.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်တွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ အုတ်ကျင်း ဘူတာရုံလမ်း၊ ဇေယျမင်္ဂလကျောင်း တိုက်ဝင်းနှင့် ကပ်လျက်ရှိ စက်မှုဝန်ကြီးဌာနပိုင် လွယ်ဟိန်း ကုမ္ပဏီမှ ငှားရမ်းထားသော ဘီစကွတ် စက်ရုံခွဲ(၂)၀င်းအတွင်းမှ နှစ်ပေါင်း(၆၀)ခန့် သက်တမ်းရှိ အဆောက်အဦ အုတ်နံရံအနီး၌ ကပ်ပေါက်နေသော ညောင်ပင်ပြိုလဲရာမှ အစပြုပြီး အုတ်နံရံ အလျား(၁၂၀)ပေ၊ အမြင့်(၂၅)ပေခန့်မှာ ပြိုကျခဲ့ပါသည်။

ထိုသို့အုတ်နံရံ ပြိုကျခဲ့သဖြင့် ဇေယျမင်္ဂလကျောင်း တိုက်ဝင်း အတွင်းရှိ သံဃာများ သီတင်းသုံး နေထိုင်သော အလျား(၉၀)ပေ၊ အနံ(၃၀)၊ အမြင့်(၁၅)ပေခန့်ရှိ သွပ်မိုး၊ အုတ်ကာ (၁)ထပ်အဆောင်ပေါ်သို့ပိမိခဲ့ရာ ကျောင်းဆောင်အတွင်း၌ ကျိန်းစက်နေသော အရှင်စန္ဒောဘာသ သက်တော်(၅၀)နှစ်၊ ၀ါတော်(၇)၀ါမှာ အုတ်နံရံပိ၍ အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူခဲ့ပြီး အရှင်ခေမာသီရိ သက်တော်(၄၀)နှစ်၊ ၀ါတော်(၇)၀ါတွင် တံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပါသည်။

ယင်းကဲ့သို့ အုတ်နံရံပြိုကျခဲ့ရာမှ အရှင်စန္ဒောဘာသ ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ လှိုင်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police


ညောင်ပင်ပြိုလဲစဉ် ဘုန်းကြီးကျောင်း ဆောင်ပေါ်သို့ ပိမိသဖြင့် သံဃာ(၁)ပါး ပျံလွန်တော်မူ၊ (၁)ပါးဒဏ်ရာရ  ညောင်ပင်ပြိုလဲစဉ် ဘုန်းကြီးကျောင်း ဆောင်ပေါ်သို့ ပိမိသဖြင့် သံဃာ(၁)ပါး ပျံလွန်တော်မူ၊ (၁)ပါးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 19:14 Rating: 5
Powered by Blogger.