သံမဏိလူသား၊ မီးငှက် လူသားစသည့် ဂုဏ်ပုဒ်များဖြင့် ဂုဏ်ပြုခြင်း ခံရသူဖြစ်ပြီး ရဲရင့် သော စိတ်ဓာတ် ကြောင့် ခေတ် အဆက်ဆက် အာဏာရှင်များ၏ ဖိနှိပ်ခြင်း ခံခဲ့ရသူ၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ပါတီကို စတင် တည်ထောင်ခဲ့သူ ပါတီနာယက ဟံသာဝတီဦးဝင်းတင်သည် ကိုယ်တွင်းအင်္ဂါများ ပျက်စီးသည့် ရောဂါ ဖြင့် ဧပြီ ၂၁ ရက်နံနက် ၆ နာရီခွဲ တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ် လွန်သွားခဲ့သည်။
မတ်လလယ်ပိုင်းတွင် GreenCross ဆေးရုံ၌ တက်ရောက်ကုသ ခံယူခဲ့ပြီးနောက် ၀ိတိုရိယဆေးရုံ ကြီးသို့ပို့ကာ ကုသစေခဲ့သည်။ ထို့ နောက်မှ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ ပြောင်းရွှေ့ကုသခံယူခဲ့ ခြင်းဖြစ်သည်။ ကွယ်လွန်ခါနီး ရက်ပိုင်းများတွင် သုံးကြိမ်တိတိ ကျောက်ကပ်ဆေး၍ ကုသခြင်းကို ခံနိုင်ရည်ရှိခဲ့သော်လည်း အခြား သော ကိုယ်တွင်းအင်္ဂါများလည်း ထိခိုက်ပျက်စီးနေပြီဖြစ်သော ကြောင့် ဧပြီ ၂၁ ရက်တွင် ကွယ် လွန်သွားခဲ့ခြင်းဖြစ်သည်။
အကျဉ်းထောင်တွင်းနေထိုင် ခဲ့ရသည့် (၁၉) နှစ်ကြာတွင် အချိန်အများစုကို တိုက်ပိတ်ခံခဲ့ရသည့် ဟံသာဝတီဦးဝင်းတင်ကို ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် အာဏာပိုင်များက လွှတ်ပေးခဲ့သည်။ ဦးဝင်းတင်က သံတိုင်ကြားမှ ချောင်းကြည့်ခဲ့ရသည့် စကြာဝဠာကို ဘွားခနဲ တွေ့လိုက်ရသော်လည်း အမှန်တကယ်မှာ သံတိုင်များဝိုင်းဝိုင်းလည်နေသည့် စကြာဝဠာသာဖြစ်သည်ဟု မြန်မာ့နိုင်ငံရေး အခြေအနေကို သူ၏ ‘‘ဘာလဲဟဲ့လူငရဲ့’’ စာအုပ်တွင် ရေးသားခဲ့သည်။
အိမ်ထောင်မရှိဘဲ တစ်ကိုယ် တည်း လူပျိုကြီးဘ၀ဖြင့် ဘ၀ တစ်သက်တာတွင် သတင်းစာ ဆရာ၊ နိုင်ငံရေးသမားတစ်ဦးအ ဖြစ်သာ နေထိုင်ခဲ့သည့် ဦးဝင်း တင်သည် ထောင်တွင်း၌ ရှိနေစဉ်ပင် နေထိုင်သည့်အိမ်ကို အစိုး ရက သိမ်းသွားခဲ့သည့်အတွက် လွတ်မြောက်လာသည့်အချိန်တွင် သတင်းစာသမားဘ၀ လုပ်ဖော် ကိုင်ဖက်သူငယ်ချင်းဖြစ်သူ ဦး မောင်မောင်ခင်နှင့် ငယ်သူငယ်ချင်းဖြစ်သူ ဦးအုံးထွန်း၏နေအိမ်တို့ တွင် တစ်လှည့်စီနေထိုင်ခဲ့ရသည်။ ကျန်းမာရေးအတွက် တူမ၀မ်းကွဲ များနှင့် သူငယ်ချင်းဦးအုံးထွန်း၏ မိသားစုများက အနီးကပ်စောင့် ရှောက်ပေးခဲ့ကြခြင်း ဖြစ်သည်။
ဦးဝင်းတင်၏ ကွယ်လွန်ခြင်း ကို နိုင်ငံတော်သမ္မတရုံးနှင့် နိုင် ငံရေးပါတီများအားလုံးက ၀မ်း နည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့က ၀မ်းနည်းခြင်းအထိမ်းအ မှတ်အဖြစ် အလံတိုင်ဝက်လွှင့်ထူ ခဲ့ကြသည်။
ဦးဝင်းတင်အမှတ်တရ အောက်မေ့ဖွယ်အခမ်းအနားကို ပြည်လမ်းမရှိ ယုဒဿန်ခန်းမတွင် စာအုပ်များ၊ အမှတ်တရဓာတ်ပုံ များဖြင့် ဧပြီ ၂၃ ရက်ထိ ပြခန်းဖွင့် လှစ်ထားမည်ဖြစ်သည်။
ကြေးမုံသတင်းစာ၏ အယ်ဒီ တာအဖွဲ့ဝင်၊ ဟံသာဝတီသတင်း စာ၏ အယ်ဒီတာချုပ်အဖြစ် တာ ၀န်ယူခဲ့သော ဦးဝင်းတင်ကွယ် လွန်ခြင်းကို မြန်မာနိုင်ငံ၏ တိုက်ပွဲ ၀င်နေရဆဲ ဒီမိုကရေစီလှုပ်ရှားမှု အတွက် အကြီးမားဆုံး ဆုံးရှုံးမှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွင်လည်း ရပ်တည်ချက် ပြတ်သားသော ရဲရဲတောက် ခေါင်းဆောင်တစ်ဦးကို ဆုံးရှုံးမှုအဖြစ် နိုင်ငံရေးအသိုင်းအ၀န်းက သတ် မှတ်ခဲ့ကြသည်။
အိဖြူလွင်
7Day News Journal အတွဲ (၁၃)၊ အမှတ်(၇)
သံမဏိလူသား၏ နောက်ဆုံးခရီး
Reviewed by သစ်ထူးလွင်
on
17:11
Rating: