ရန်ကုန်၊ ဧပြီ ၂၇
၂၆.၄.၂၀၁၄ ရက်နေ့ ၀၉၄၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်နေ ဦးအောင်ကျော်မိုးသည် ညီဖြစ်သူ စိုးမင်းအောင်၊ (၃၄)နှစ်၊ (ဘ)ဦးအောင်မြင့်၊ (င/ခ)ရပ်ကွက်၊ သင်္ဃန်းကျွန်း မြို့နယ်နေသူမှာ ဓါးထိုးခံရ၍ သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှုခဲ့ရာ ညီဖြစ်သူအား ၀ဲရင်အုံနှင့် ၀ဲချိုင်းအောက်တို့တွင် ထိုးသွင်း ဒဏ်ရာများ ရရှိပြီး သေဆုံးနေသည်ကို တွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ စိုးမင်းအောင်နှင့် ရဲဇော်ဦး၊ (၂၆)နှစ်၊ (ဘ)ဦးအောင်ထွန်း၊ (င/က)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူတို့သည် (င/က)ရပ်ကွက်၊ ပဲကြော်တန်းလမ်း၌တွေ့ဆုံစဉ် ရဲဇော်ဦးမှ ၎င်း၏ဇနီးနှင့် စိုးမင်းအောင်တို့ ယခင်ကချစ်ကြိုက်ခဲ့ကြသည်ကို သ၀န်တိုစိတ်ဖြင့် မကျေမနပ်ဖြစ်ကာ ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာများရရှိသေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ရဲဇော်ဦးအား အရေးယူပေးရန် တိုင်တန်းလာပါသည်။
တိုင်တန်းချက်အရ သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၁၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
ဇနီးနှင့် ချစ်ကြိုက်ခဲ့ဖူးသူကို သ၀န်တိုစိတ်ဖြင့် မကျေမနပ်ဖြစ်ကာ ဓါးနှင့်ထိုးခဲ့သဖြင့် သေဆုံး
Reviewed by သစ်ထူးလွင်
on
17:53
Rating: