လေပြင်းနှင့်အတူ မိုးသီးများကြွေကျ

ဧပြီ ၁၂ ရက်ညနေ ၄ နာရီမိနစ်၂ဝ ခန့်က နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရိ မြို့နယ်တွင် လေပြင်း တိုက်ခတ်ရာမှ လေနှင့်အတူ မိုးရွာခြင်း၊ မိုးသီး ကြွေကျခြင်း တို့ဖြစ်ပေါ်ခဲ့သည်။

သဲကြီးမဲကြီး ရွာသော မိုးနှင့်အတူ ပမာဏ အတော်ကြီးသော ဖန်ဂေါ်လီလုံးခန့် မိုးသီးများ အဆက်မပြတ် ကြွေကျ လာကြောင်း သိရသည်။ လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ကျိုးကျခြင်းများ ရှိခဲ့ကြောင်း မိုးရွာမှုမှာ နာရီဝက် ကျော်ကျော်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဆီးသီးအရွယ် မိုးသီးကြွေကျခဲ့သည်။

ယခုပြီးခဲ့သည့် ရက်ပိုင်းကလည်း ရမည်းသင်းမြို့နယ်တွင် ကြက်ဥအရွယ်အစား အတော်ကြီးသော မိုးသီးများ ကြွေကျမှုကြောင့် စပျစ်စိုက်ခင်းများ ပျက်စီးရပါကြောင်း ရမည်းသင်းမြို့နယ်နေသူတစ်ဦးက ပြောပြသည်။

ယခုလို မိုးသီးကြွေကျမှုကြောင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဖရဲ၊ ဂေါ်ဖီနှင့်အခြားသီးနှံ စိုက်တောင်သူများမှာ သီးနှံများ ပျက်စီးမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

သက်ထက်

The Mirror Daily


လေပြင်းနှင့်အတူ မိုးသီးများကြွေကျ လေပြင်းနှင့်အတူ မိုးသီးများကြွေကျ Reviewed by သစ်ထူးလွင် on 11:04 Rating: 5
Powered by Blogger.