ယခုနှစ် ပွင့်လင်းရာသီ တွင် ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲ၌ ရန်ကုန်တိုင်းအ တွင်း လစ်လပ်နေရာ အားလုံး အ နိုင်ရရှိရေးအတွက် အောင်နိုင်ရေး စီမံချက်များ ရေးဆွဲနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး ဦးသာဝင်း က ပြောသည်။
ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေးစီမံချက်တွင် ပြီးခဲ့ သည့် ရွေးကောက်ပွဲများ၌ ရှုံးနိမ့် ခဲ့ရသည့် အားနည်းချက်များအ ပေါ် မူတည်ရေးဆွဲနေခြင်းဖြစ် သည်ဟုလည်း ၎င်းက ဆိုသည်။
‘‘ပြီးခဲ့တဲ့ ကြားဖြတ်ရွေး ကောက်ပွဲရှုံးကြွေးကို ပြန်ဆပ်နိုင် အောင် အောင်နိုင်ရေးစီမံချက်ကို ရေးဆွဲနေတာ ဖြစ်ပါတယ်’’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူးဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်းက ပြောသည်။
လစ်လပ်မဲဆန္ဒနယ်များရှိနေ သော မြို့နယ်များတွင် ပါတီအ ပေါ် လူထုထောက်ခံအင်အား၊ ပါတီမှ ကိုယ်စားလှယ်အောင်နိုင် ရေးအတွက် ပါတီ၏ အားသာ ချက်၊ အားနည်းချက်များကိုလည်း ထည့်သွင်းရေးဆွဲနေသည်ဟု ဦး သာဝင်းက ဆိုသည်။
ကြားဖြတ် ရွေးကောက်ပွဲ တွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် လစ်လပ်မဲဆန္ဒနယ် ၃၀ နေ ရာရှိရာ ရန်ကုန်တိုင်းဒေသကြီး တွင် လစ်လပ်ငါးနေရာရှိပြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ယင်းလစ်လပ်နေရာအား လုံးတွင် ၀င်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအ တွင်း လစ်လပ်မဲဆန္ဒနယ်အဖြစ် အမှတ် (၆) မဲဆန္ဒနယ်တွင် အမျိုး သားလွှတ်တော်တစ်နေရာ၊ ပြည် သူ့လွှတ်တော် နေရာများအဖြစ် ဒဂုံတောင်၊ အင်းစိန်၊ လသာနှင့် ပန်းဘဲတန်းမြို့နယ်များ ပါဝင်နေ သည်။
ပြီးခဲ့သည့် မတ်လအတွင်း က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယခုနှစ် ပွင့်လင်းရာသီ၌ ကြားဖြတ်ရွေး ကောက်ပွဲ တစ်ခု ကျင်းပပေးမည် ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါဝင်ယှဉ်ပြိုင်ခဲ့သော ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီသည် လစ်လပ်နေရာ အားလုံး၌ ရှုံးနိမ့်ထားသည်။
Author: ရန်မျိုးနိုင်
7Day Daily
ရှုံးကြွေးပြန်ဆပ်ရန် အောင်နိုင်ရေး စီမံချက်ဆွဲနေဟု ပြည်ခိုင်ဖြိုး ပါတီပြော
Reviewed by သစ်ထူးလွင်
on
17:23
Rating: