မီးကြိုးအဆက်ပေါ်သို့ ရေစိုလုံချည်လှန်းရာမှ အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ ဧပြီ ၂၇

၂၆.၄.၂၀၁၄ ရက်နေ့ ၁၉၅၀ အချိန်တွင် ရွှေပြည်သာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံသို့ အမျိုးသမီးတစ်ဦး ဓါတ်လိုက် သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်ခင်အေးမူ၊ (၄၄)နှစ်၊ (ဘ)ဦးသိန်း၊ (၁၀/၃၄)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူဖြစ်ပြီး ၀ဲ/ယာ လက်ဖ၀ါးများ ဖူးရောင်ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၁၈၃၀ အချိန်တွင် ရေချိုးပြီး နေအိမ် ခြေရင်း၌ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးပေါ်သို့ ရေစိုလုံချည်လှန်းစဉ် မီးကြိုးအဆက်မှဓါတ်လိုက်ကာ ဒဏ်ရာများရရှိပြီး သတိလစ်သွားသဖြင့် အင်းစိန်ဆေးရုံသို့ပို့အပ်ခဲ့ရာ ၁၉၃၀အချိန်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁၇/၂၀၁၄)ဖြင့်ရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မီးကြိုးအဆက်ပေါ်သို့ ရေစိုလုံချည်လှန်းရာမှ အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံး မီးကြိုးအဆက်ပေါ်သို့ ရေစိုလုံချည်လှန်းရာမှ အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံး Reviewed by သစ်ထူးလွင် on 17:58 Rating: 5
Powered by Blogger.