တောင်ငူ၊ ဧပြီ ၁
မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂နာရီခွဲအချိန် တောင်ငူမြို့ (၁၀)ရပ်ကွက် အောက်ချိုင်းနေ အသက် ၅၃နှစ်အရွယ် အမျိုးသားတစ်ဦး ၄င်းနေအိမ်တွင် ကြိုးဆွဲချ၍ သေဆုံးခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှစုံ စမ်းသိရှိရသည်။
ဖြစ်စဉ်မှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း (၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူး ၏ ဖုန်းဆက်သတင်းပေးမှုကြောင့် တောင်ငူမြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ (၁၀)ရပ်ကွက် အောက်ချိုင်းနေ ဦးအောင်ခို်င်ထွန်း (ဘ)ဦးထွန်းရွှေ ကျဘမ်းလုပ်သူဖြစ်ပြီး ၄င်းနေအိမ်ဘေး အဖီ အခန်းထဲတွင် ၆ပေ ၈လက္မခန့်အမြင့်ရှိ ထုတ်တန်းမှ အလျား ၂ ခန့်ရှိ အဖြူရောင် လျှပ်စစ်ဝါယာကြိုး ကြိုးဆွဲချသေ ဆုံးနေကြောင်းသိရသည်။
သေဆုံး၏ လည်ပင်းတွင် ကြိုးဒဏ်ရာမလွဲ၍ ပြင်ပဒဏ်ရာမတွေ့ရပဲ ကြိုးဆွဲချသူများတွင် တွေ့ရသည့် ယောကျာင်္း လိင်အင်္ဂါမှ သုတ်ရည်များ ထွက်လျှက်သေဆုံးနေ၍ ရင်ခွဲစစ်ဆေးနိုင်ရန် တောင်ငူဆေးရုံ ကြီးသို့ ပို့ဆောင်ခဲ့သည်။
သေဆုံးမှုပတ်သတ်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄) ဖြင့်အမှုဖွင့်ဆောင်ရွက်ခဲ့သည်။
သေဆုံးသူမှာ အရက်အလွန်အကြွံသောက် သူတစ်ဦးဖြစ်ပြီ ကျန်းမာရေးမကောင်း၍ အရက်ဖြတ်ထားသည်မှာ (၃)ရက်ခန့် ရှိပြီ နေအိမ်တွင် တစ်ဦးရှိစဉ် ယခုကဲ့သို့ ကြိုးဆွဲချသေဆုံးခြင်းဖြစ်ကြောင်း တောင်ငူမြို့မရဲစခန်း၏ ကနဦးမှတ်တမ်းအရသိရသည်။
Ko Kyaw Swar
ဓါတ်ပုံ- ကိုမင်းဆွေ
အရက်အလွန်အကြွံသောက်သူ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
Reviewed by သစ်ထူးလွင်
on
09:49
Rating: