အရွယ်မရောက်သေးသည့်အမျိုးသမီးနှစ်ဦးကို ၃ ကြိမ် အဓမ်္မပြုကျင့်သတ်ဖြတ်သူကို အရေးယူပြီ


 ပဲခူးတိုင်း ဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာ အုပ်စု၊ ပွင့်တကောင်းကျေးရွာ အနီးရှိ ရွှေအင်ဒုံစား ကျက်မြေ ပေါ်၌ သင်္ကြန်အတက်နေ့ ဧပြီ လ ၁၆ ရက်နေ့က အမျိုးသမီး နှစ်ဦးအဓမ်္မပြုကျင့် ခံရပြီး တစ် ဦး အသတ်ခံခဲ့ရကြောင်း ဒေသ ခံများထံမှ သိရှိရသည်။

အဆိုပါ အမျိုးသမီး နှစ်ဦးမှာ ဇင်မာဌေး ၁၆ နှစ် (သေဆုံးသူ)နဲ့ သီသီနွယ်(ခ)မိပု အသက် ၁၄ ဖြစ်ပြီး သင်္ကြန် အတက်နေ့က ရွှေအင်ဒုံကျေးရွာ သက်ကြီးပူဇော်ပွဲရှိ၍ ရေကစား ရန် သူငယ်ချင်းများနဲ့ ချိန်းထား သဖြင့်အိမ်မှထွက်လာခဲ့ရာ သက် ကြီးပူဇော်ပွဲနေရာအနီးအရောက် အသိအမျိုးသားတစ်ဦးမှ ဆိုင် ကယ်နှင့်ရောက်ရှိလာပြီး ဒိုက်ဦး ဘက်မှာ ရေကစားမဏ္ဍပ်ရှိ ကြောင်းပြောကာ လိမ်လည်ခေါ် ဆောင်ကာ အဓမ်္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက် ၍သီသီနွယ်(ခ)မိပုက ပြန်လည် ပြောပြရာတွင် “ဇော်မှိုင်းဝေဆိုင် ကယ်နဲ့ရောက်လာပြီး နင်တို့ ဘယ်သွားမှာလဲ၊ လာလိုက်ခဲ့ ငါ့ ဆိုင်ကယ်ပေါ်တက်ဆိုပြီး သမီး တို့ညီအစ်မနှစ်ယောက်ကို ခေါ် တင်သွားတယ်၊ ရေကစား မဏ္ဍပ် ရှိတဲ့ နေရာရောက်တော့ချပေးလို့ ပြောတော့ သူက မချပေးဘူး၊ ရှေ့ မှာမဏ္ဍပ်တွေရှိသေးတယ်၊ ရှေ့ကျ မှဆော့မယ်ဆိုပြီး အတင်းမောင်း သွားတာ ဒိုက်ဦးအထိ ရောက်သွား တယ်။ သမီးက ဒိုက်ဦးကိုလည်း တစ်ခါမှမသွားဖူးဘူး၊ ဇော်မှိုင်းဝေ ကသမီးအစ်မနဲ့ သူရောက်ဖူးတယ် လို့ပြောတယ်။ပြောပြီးတော့ ဒိုက်ဦး နားက လမ်းတွေကိုဝင်တယ်၊ထွက် တယ်၊ သင်္ကြန်ရေဆော့ကြတယ်၊ ပြီးတော့ဆိုင်တစ်ဆိုင်မှာ သွားရပ် တယ်၊ ဇော်မှိုင်းဝေရယ်၊ သမီး အစ်မရယ် ဆိုင်ပေါ်တက်ပြီး သူတို့ နှစ်ယောက်ဘာတွေလည်း မသိဘူး သောက်နေကြတယ်”ဟု သီသီနွယ် က ပြောသည်။

ထို့နောက် ၄င်းကို သူ အမက ငါးကြင်းခွက်ဖြင့် အချမ်း ပြေစေရန် အရည်တစ်ခွက်တိုက် ကြောင်း၊ ထို့နောက် ၄င်းအမကို မိုးချုပ်နေပြီ အိမ်ပြန်ကြမယ်ဟု ပြောကာ သုံးဦးသားပြန်ခဲ့ကြောင်း၊ လမ်းတွင် ကိုဇော်မှိုင်းဝေမှ ကွမ်း အစိမ့်ဝယ် ကျွေးကြောင်း၊ ၄င်းမှာ တစ်ခါနှစ်ခါဝါးပြီး ထွေးထုတ် လိုက်သော်လည်း ၄င်းအမမှာ ၀ါးမ ၀ါးကိုမူ မသိကြောင်း ထို့နောက် ဆိုင်ကယ်ဖြင့် ရွှေအင်ဒုံရွာဘက် မောင်းလာကြောင်း သူမက ဆက် ပြောသည်။
“သမီးက အိမ်ကိုပဲ မောင်းနော် ဘယ်ကိုမှမမောင်းနဲ့လို့ ဇော်မှိုင်းဝေကိုပြောတယ်။ပြောတော့ အေးပါဆိုပြီးတော့ ဆက်မောင်း လာတယ်။ သမီးတို့ရဲ့ဆရာမ ဆေး ပေးခန်းနားလည်းရောက်ရော ခုံး တက်နားမှာ ဆိုင်ကယ်ကနည်း နည်းယိုင်သွားတယ်၊ ဒါသမီးတို့ ရွာမဟုတ်ဘူးလို့ပြောတော့ နင်တို့ ရွာလို့ပြောတယ်၊ အဲအချိန်မှာ ဇော် မှိုင်းဝေက သူနှစ်ယောက် မတင် နိုင်တော့ဘူးပြောတယ်။ ဒါဆိုရင် လည်း ကိုကြီးဇော်မှိုင်းဝေပြန်သွား တော့ဆိုပြီး သမီးတို့ညီအစ်မနှစ် ယောက်က ပြန်မယ်လုပ်တော့ ဇော် မှိုင်းဝေက အဲဒါဆိုတစ်ယောက် တက်ခဲ့၊ ပြီးတော့မှ နောက်တစ် ယောက်လာခေါ်မယ် ပြောတယ်။ မမက နင်အရင်လိုက်သွားပြော တော့ သမီးကလိုက်သွားတယ်။ သမီးတော်တော်မူးနေတယ်။ မျက် လုံးဖွင့်ကြည့်လိုက်တော့ ပွင့်တ ကောင်းရွာထိပ်ကိုရောက်နေတယ်။ ဒါသမီးတို့ရွာမဟုတ်ဘူးလို့ ပြော တော့ ဇော်မှိုင်းဝေက နင့်ပါးစပ် ပိတ်ထား။ တိတ်တိတ်နေပြောပြီး ဆိုင်ကယ်ကိုပတ်မောင်းတယ်။ ကြည့်လိုက်တော့ ပွင့်တကောင်းရွာ အရှေ့နဲ့အနောက်ကြားမှာ ဆိုင် ကယ်ရပ်ပြီးတော့ သမီးကိုတွန်းလှဲ လိုက်တယ်” ဟုသူမက ဆက်ပြော သည်။

ထို့နောက် သူမ၏ ဘောင်းဘီကိုဆွဲချွတ်ကာ နင့်ကိုယူ မယ်ဟုပြောရင်း မဖွယ်မရာများ ပြု လုပ်ကာ အဓ်္ဓမပြုကျင့်ပြီးနောက် ၄င်းတို့ရွာရှိ သူမတို့နေအိမ်အထိ ပြန်လိုက်ပို့ပြီး ၄င်းအစ်မကိုပြန် ခေါ်ဦးမည်ဟုဆိုကာ ပြန်ထွက်သွား ကြောင်း ဆက်ပြောသည်။

ဒိုက်ဦးမြို့ ဆိုင်တစ်ဆိုင် တွင် Grand Royal ရှစ်ပက်ပြား နှစ်ပြား၊ ဘီယာတစ်ဗူးနဲ့လက်ဖက် သုပ်တစ်ပွဲ စားသောက်ခဲ့ကြောင်း၊ ကွမ်းယာဝယ်ကျွေးရာတွင်လည်း ကွမ်းယာထဲတွင်ဆေးပါရှိကြောင်း၊ ဘာဆေးမှန်းမသိကြောင်းနှင့် ကွမ်း ယာကို တစ်ချက်နှစ်ချက်ဝါးပြီး ထွေးထုတ်ခဲ့ကြောင်း သီသီနွယ် (ခ)မိပု၏ ဖြေကြားချက်ကို ဒိုက်ဦး မြို့နယ်ရဲ့စခန်းမှ စခန်းမှူးဒုရဲမှူး ဦးတင်ထွန်းက ပြောပြပါတယ်။

တရားခံ ဇော်မှိုင်းဝေ၏ ထွက်ဆိုချက်နှင့်ပတ်သက်၍ စခန်း မှူးဒုရဲမှူးက ပြောကြားတွင် “ကျန် ခဲ့တဲ့ သေဆုံးသူ ဇင်မာဌေးဆီကို ပြန်သွားတယ်။ သွားပြီးတော့ တကောင်းရွာကိုကူးတဲ့တံတားဘေး လှည်းလမ်းမှာ ဆိုင်ကယ်ရပ်ပြီး တော့ ပွင့်တကောင်းကျေးရွာအနီး က ရွှေအင်ဒုံစားကျက်မြေပေါ် ကောင်မလေးကို ပွေ့ခေါ်သွား တယ်၊ အင်္ကျီအ၀တ်အစားတွေ ချွတ်တယ်၊ အဲဒီအချိန်မှာ ဇင်မာ ဌေးကထွက်ပြေးတယ်။ ထွက်ပြေး တဲ့အခါကျတော့ ပေတစ်ရာ လောက်အထိ ရောက်သွားတယ်။ အဲဒီနေရာမှာ မိသွားတယ်။မိတော့ ပထမအကြိမ်အဓမ်္မပြုကျင့်တယ်၊ ဒုတိယအကြိမ်ထပ်ပြီး ပြုကျင့်ချိန် မှာ ကောင်မလေးက သတိပြန် လည်ရလာတဲ့အခါကျတော့ ခုခံ ကာကွယ်လာတယ်။အဲလိုခုခံလာ တဲ့အချိန်မှာပါးတွေကို ရိုက်တယ်။ ဒုတ်နဲ့လည်း ရိုက်တယ်။ နောက် လည်ပင်းကိုညှစ်တယ်။ လည်ပင်း ကို ညှစ်လိုက်တော့ ငြိမ်သွားတယ်။ အဲတော့ တတိယအကြိမ်ပြုကျင့်ခဲ့ တယ်။ ပြုကျင့်ပြီးထားခဲ့တယ်။ ထားခဲ့ပြီးအိမ်မှာ ပြန်အိပ်နေလိုက် တယ်” ဟု တရားခံဇော်မှိုင်းဝေက ထွက်ဆိုခဲ့ကြောင်း စခန်းမှူး ဒုရဲ မှူး ဦးတင်ထွန်းက ပြောသည်။

သေဆုံးသွားသူ ဇင်မာ ဌေးကို ၄င်းအဖေဦးကျော်မြင့်က သမီးဖြစ်သူနဲ့လိုက်သွားသည့် သီသီ နွယ်(ခ)မိပုရဲ့အဖေ ဦးဝင်းနိုင်နဲ့ လိုက်လံရှာဖွေတဲ့အခါမတွေ့ရှိသဖြင့် ဒိုက်ဦးရဲ့စခန်းသို့ လူပျောက် ကြောင်းပြောဆိုပြီး အိမ်ပြန်လာခဲ့ ကြောင်း၊ နောက်တစ်နေ့ မနက် ၁၀ နာရီအချိန်ခန့်တွင် ပွင့်တကောင်း ရွာအနီး၌ လူသေလောင်းတစ် လောင်းတွေ့ရှိကြောင်း သတင်း ကြားသိရသဖြင့် သွားရောက်ကြည့် ရှုရာ ပျောက်ဆုံးနေသော ဇင်မာ ဌေး ၁၆ နှစ်ဖြစ်ကြောင်းသိရှိရဖြင့် ဒိုက်ဦးရဲ့စခန်းကို အကြောင်း ကြားခဲ့ရာ ရဲစခန်မှူးနဲ့အဖွဲ့ ရောက်ရှိစစ်ဆေးပြီး အလောင်း ကိုဆေးရုံပို့လိုက်ကြောင်း သေဆုံး သူဖခင်က ဆိုသည်။

သေဆုံးခဲ့သူ ဇင်မာ ဌေးမှာ ဆရာဝန်၏ ဆေးစစ်ချက် အရ လည်ပင်းရိုးကျိုးပြီး သေဆုံး သည်ဟုမှတ်ချက်ပြုထားကြောင်း စခန်းမှူးဒုရဲမှူး ဦးတင်ထွန်းထံမှ သိရသလို အဆိုပါအမှုနဲ့ပတ် သက်၍ တရားခံဇော်မှိုင်းဝေကို ဒိုက်ဦးမြို့နယ်ရဲစခန်းမှ (ပ) ၁၇၅/၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇/ ၃၇၆/၃၀၂ အရ အမှုဖွင့်အရေး ယူထားကြောင်းကိုလည်း သိရှိရ သည်။

ထို့ပြင် သီသီနွယ်(ခ) မိပု၏ ဖခင်ဦးဝင်းနိုင်ကလည်း နာရေးကိစ်္စပြီးပါက သမီးဖြစ်သူ အား အဓမ်္မပြုကျင့်ခဲ့သည့်ကိစ်္စနှင့် ပတ်သက်၍ တရားခံဇော်မှိုင်းဝေ ကို ထပ်မံတရားစွဲဆိုသွားမည် ဖြစ်ကြောင်းနှင့် တရားခံမှာ အိမ် ထောင်နှစ်ဆက်ရှိပြီး ရွှေအင်ဒုံ ကျေးရွာမှ ဒုတိယအိမ်ထောင် ၏မိဘများအိမ်သို့ လာလည်စဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

24-4-2014 နေ့ထုတ် The First Weekly News Journal မှ


အရွယ်မရောက်သေးသည့်အမျိုးသမီးနှစ်ဦးကို ၃ ကြိမ် အဓမ်္မပြုကျင့်သတ်ဖြတ်သူကို အရေးယူပြီ  အရွယ်မရောက်သေးသည့်အမျိုးသမီးနှစ်ဦးကို ၃ ကြိမ် အဓမ်္မပြုကျင့်သတ်ဖြတ်သူကို အရေးယူပြီ Reviewed by သစ်ထူးလွင် on 19:46 Rating: 5
Powered by Blogger.