လူနည်းစု ဘာသာခြား မွတ်စလင်တွေကို ဖိနှိပ်နေမယ်ဆို ရင်တော့ မြန်မာနိုင်ငံ အနေနဲ့ တိုးတက်မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ အိုဘားမားက မနေ့က ပြောကြား လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ချီးကျူးခဲ့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပဋိပက္ခတွေ၊ ဘာသာရေး နှိပ်ကွပ်မှုတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရကိုညှိုးနွမ်းတဲ့ လုပ်ရပ်တွေ ဖြစ်တာကြောင့် ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် မြန်မာဟာ လမ်းမှားထဲကို ရောက်သွားနိုင်တယ်လို့ မလေးရှားကို ရောက်နေခိုက်မှာ မစ္စတာ အိုဘားမားက ပြောကြားလိုက်တာပါ။
ကွာလာလမ်ပူမြို့တော် မလေးရှား တက္ကသိုလ် မှာပြုလုပ်တဲ့ အာဆီယံ ၁၀ နိုင်ငံက လူငယ်ခေါင်းဆောင် ၁၀၃ ဦးနဲ့ တွေ့ဆုံပွဲမှာ အမေရိကန် သမ္မတ က ပြောကြား သွားတာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲကို မြန်မာနိုင်ငံက အမျိုးသား နဲ့ အမျိုးသမီး ၅ ဦးစီ တက်ရောက်ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။
ABC Radio Australia
အာဆီယံ ၁၀ နိုင်ငံက လူငယ်ခေါင်းဆောင် ၁၀၃ ဦးနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် သမ္မတ အိုဘားမား။ (Credit: AFP) |
မွတ်စလင် ဖိနှိပ်ရင် မြန်မာ မတိုးတက်နိုင်
Reviewed by သစ်ထူးလွင်
on
09:50
Rating: