ရန်ကုန်၊ ဧပြီ ၁၃
၁၂.၄.၂၀၁၄ ရက်နေ့၁၉၄၅ အချိန် ကမာရွတ်မြို့နယ်၊ ပြည်လမ်း အတိုင်း၊ ကမာရွတ် မြို့နယ်ဘက်မှ လှိုင်မြို့နယ် ဘက်သို့ ယာဉ်မောင်း စန်းလွင်(ဘ) ဦးစန်းမြင့်၊ (၅)ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ် နေသူ မောင်းနှင်လာသည့် ၅ခ/---- အီဇူးဇူး၊ အမှတ်(၂၂၆)ယာဉ်လိုင်း ခရီးသည် တင်ယာဉ်သည် လှည်းတန်း ဂုံးတံတားထိပ်ရှိ လမ်းညွှန်ဆိုင်းဘုတ်ကို အရှိန်မထိန်း နိုင်ဘဲ ၀င်ရောက်တိုက်မိ ခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များတွင် ပေါက်ပြဲ၊ပွန်းပဲ့၊နာကျင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကျား(၁)၊ မ(၁)ဦးတို့မှာ အတွင်းလူနာများ အဖြစ်လည်းကောင်း၊ ကျား(၈)၊မ(၅)ဦးတို့မှာ ပြင်လူနာများ အဖြစ်လည်းကောင်း ဆေးကုသမှု ခံယူခဲ့ရပါသည်။
ယင်းကဲ့သို့ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း စန်းလွင်ကို ကမာရွတ်မြို့မရဲစခန်းယာဉ်(ပ)၂၇/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

----------------------------------------------------------------------------
ခရီးသည်တင်ယာဉ်မှ အရှိန်လွန်ကာ လမ်းညွှန်ဆိုင်းဘုတ်အား တိုက်မိခဲ့၍ ခရီးသည် (၁၅)ဦး ဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
11:30
Rating: