မန္တလေးမြို့ လမ်း ၆၀ရှိ X Café ဆိုင်ရှေ့ တွင် အုပ်စု ဖွဲ့ ရိုက်နှက် မှုဖြစ်ပွား


မန္တလေးမြို့၊ ချမ်းအေး သာစံ မြို့နယ်၊ လမ်း (၆၀)၊ (၂၉) လမ်း နှင့် လမ်း (၃၀) ကြား ရှိ X Café ဆိုင် ရှေ့ တွင် မတ်လ (၁၉) ရက် နေ့၊ ည ၈ နာရီ အချိန် က မွေးနေ့ပွဲ ကျင်းပ နေသူ လူငယ် များကို အခြား လူငယ် များက အုပ်စု ဖွဲ့ကာ ရိုက်နှက်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံး မှ သတင်း ရရှိ သည်။

အခင်းဖြစ်စဉ်မှာ မွေးနေ့ပွဲ ကျင်းပ နေသူ များဆိုင်မှအပြန် ဆိုင်ရှေ့တွင် လူငယ်အုပ်စု တစ်စုက အသင့် စောင့်ဆိုင်းကာ ခါးပတ်ဖြင့် ရိုက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ အုတ်ခဲဖြင့် ထုခြင်း တို့ကြောင့် လူငယ်နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့်အပြင် ၄င်းတို့စီးနင်း လာခဲ့ သည့် Mark Xနက်ပြာရောင်ကားမှာလည်း အဆိုပါ ရန်ပြုသူ လ ငယ် အုပ်စု၏ ဖျက်ဆီးမှု ကြောင့် ကျပ်သိန်း (၁၅၀) ဖိုးခန့် ပျက်စီးခဲ့ရ ကြောင်း သိရသည်။ သူတို့အုပ်စုနှစ်စုက ရန်မဖြစ်ခင်က တည်းက ဆိုင်ထဲမှာ ရှိနေခဲ့တာပါ။ ဆိုင်ထဲမှာ တုန်း က အေးအေး ဆေးဆေး ပါပဲ။ အပြန်မှာ ဆိုင်ရှေ့ ရောက်မှ အခုလိုဖြစ်ကြတာ။သူတို့ ရန်ဖြစ်နေကြတာတွေ့လို့ ရဲစခန်း ကို ကျွန် တော် တို့ပဲ ဖုန်းဆက် တိုင် လိုက်တာပါ””ဟု X Café ဆိုင်မှ မန်နေဂျာ ကိုသက်ပိုင်စိုး က The Messenger သတင်းစာ သို့ ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားခဲ့မှုနှင့် ပတ် သက်၍ အွန်လိုင်းစာမျက်နှာများပေါ်တွင် မြန်မာစကားမတတ်သော တရုတ်လူမျိုးများ မှအုပ်စုဖွဲ့ ကာရိုက်နှက်ခဲ့သည်ဟူသောသတင်း များ ပျံ့နှံ့ခဲ့သည်။အဆိုပါ အခင်းဖြစ်ပွားမှုနှင့် ပတ်သက် သည့် တရားခံများအား ဖမ်းဆီးနိုင်ခြင်း မရှိ သေးကြောင်း၊ သက်ဆိုင်ရာနယ်မြေအမှတ် (၃) ရဲစခန်းမှ ပ-၁၂၃/၂၀၁၄၊ ပြစ်မှု ဥပဒေ ပုဒ်မ ၂၉၄/၄၄၀ ဖြင့် အမှုဖွင့်ကာ တရားခံများ အား ဖမ်းဆီးရမိရေး စုံစမ်းလျက် ရှိ ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောသည်။

Messenger News Journal


မန္တလေးမြို့ လမ်း ၆၀ရှိ X Café ဆိုင်ရှေ့ တွင် အုပ်စု ဖွဲ့ ရိုက်နှက် မှုဖြစ်ပွား မန္တလေးမြို့ လမ်း ၆၀ရှိ X Café ဆိုင်ရှေ့ တွင် အုပ်စု ဖွဲ့ ရိုက်နှက် မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 20:17 Rating: 5
Powered by Blogger.