Samsung Galaxy S5 ဧပြီ ၁၁ရက်တွင် နိုင်ငံတကာနှင့် တပြိုင်နက် ပြည်တွင်းတွင် ဝယ်ယူနိုင်မည်


ရန်ကုန်၊ မဇ္ဈိမ။              ။ Samsung ၏ နောက်ဆုံးထွက် မော်ဒယ်ဖြစ်သော  Galaxy S5 စမတ်ဖုန်းကို ဧပြီလ ၁၁ ရက်တွင် တစ်ကမ္ဘာလုံးသို့ ဖြန့်ချိမည်ဖြစ်ပြီး စတင်ဖြန့်ချိသည့်နေ့၌ပင် ပြည်တွင်းတွင် တပြိုင်နက် ဝယ်ယူနိုင်မည်ဖြစ်သည်ဟု Samsung ၏ အကြီးတန်းဈေးကွက်ရှာဖွေရေး အရာရှိ ကိုသီဟလုလင်က မဇ္ဈိမ ကိုပြောသည်။

ဧပြီလ ၁၁ရက်တွင် ဝယ်ယူနိုင်ရန်အတွက် ဧပြီ ၁ ရက်မှ ၉ ရက်အတွင်း ကြိုတင်စာရင်းပေးမှာယူ နိုင်မည်ဖြစ်သည်။  ဈေးနှုန်းမှာ ကျပ် ၆၄၅၀၀၀ ဖြစ်သည်။

ကိုသီဟလုလင်က “ တစ်သိန်းကိုတော့ ကြိုပေးထားရပါမယ်။ ၁၁ ရက်နေ့မှာ ရောက်သလောက်ကို ပေးသွားပါမယ်။  အဲ့ဒါမလောက်ရင် ၂၂ ရက်နေ့မှာ ဆက်ပေးသွားပါမယ်။ ” ဟုဆိုသည်။

Galaxy S5 တွင် Samsung ၏ နည်းပညာသစ်များ ပါဝင်မည်ဖြစ်ပြီး Ultra Power Saver ၊ finger print  ၊ heart rate sensor စသည့် နည်းပညာများလည်း ပါဝင်မည်ဖြစ်သည်။ Samsung Galaxy S5 အား ကြိုတင်မှာ ယူသူများအနေဖြင့် Galaxy Music Concert ပွဲလက်မှတ် နှစ်စောင်အပါအဝင် Promotion လက်ဆောင်များ ရရှိနိုင်မည်ဖြစ်သည်။

ဆက်သွယ်ဝယ်ယူလိုသူများအနေဖြင့် Samsung Brand Shop များတွင် ကြိုတင်စာရင်းပေး နိုင်မည်ဖြစ်ပြီး ပစ္စည်းရောက်ရှိမှုအပေါ် မူတည်၍ လိုအပ်မှုရှိပါက သင်္ကြန်အပြီးတွင် ဆက်လက်ရောင်းချသွားမည် ဖြစ်သည်။

မောင်မန်း
Mizzima - News in Burmese



Samsung Galaxy S5 ဧပြီ ၁၁ရက်တွင် နိုင်ငံတကာနှင့် တပြိုင်နက် ပြည်တွင်းတွင် ဝယ်ယူနိုင်မည် Samsung Galaxy S5 ဧပြီ ၁၁ရက်တွင် နိုင်ငံတကာနှင့် တပြိုင်နက် ပြည်တွင်းတွင် ဝယ်ယူနိုင်မည် Reviewed by သစ်ထူးလွင် on 17:08 Rating: 5
Powered by Blogger.