Petronas ရေနံကုမ္ပဏီမှ အုပ်ချုပ်မှုဌာန၏ မတရားမှုများကို မကျေနပ်၍ ၀န်ထမ်းများ နှုတ်ထွက်

ရန်ကုန်မြို့ရှိ မလေးရှားပိုင် Petronas ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီရုံးမှ ၀န်ထမ်းများ ဖြစ်ကြသော ယာဉ်မောင်းများ၊ သန့်ရှင်းရေး လုပ်သားများသည် အုပ်ချုပ်မှု ဌာန၏ မတရားမှုများကြောင့်  ယနေ့ (၃၁-၀၃-၂၀၁၄)တွင် အလုပ်မှ နှုတ်ထွက်ကြကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါသည်။

ထိုဝန်ထမ်းများသည် အင်္ဂလိပ်ပိုင် Premier Oil ကုမ္ပဏီ ရှိစဉ်ကတည်းက အမြဲတမ်းဝန်ထမ်းများအဖြစ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မလေးလူမျိုးများသည် အင်္ဂလိပ်တို့ထံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများကို လွှဲပြောင်းရယူစဉ်က ရန်ကုန်မြို့ရုံးရှိ ထိုဝန်ထမ်းများကို အမြဲတမ်း ၀န်ထမ်းများ အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်စေရမည်၊ Premier Oil ကုမ္ပဏီ ရှိစဉ်က ရခဲ့သော လစာနှုန်းထားနှင့် အကျိုးခံစားခွင့်များကို ဆက်လက်ရရှိစေမည်ဟု အင်္ဂလိပ်လူမျိုးတို့ ရှေ့မှောက်တွင် ကတိပေးပြီး ဆက်လက်ခန့်ထားခဲ့ပါသည်။

သို့သော် နှစ်အနည်းငယ်ကြာလာသောအခါ Petronas၏ အုပ်ချုပ်မှုဌာနသည် ထိုဝမ်းထမ်းများအား စာချုပ်ချုပ်ဆိုစေပြီး စာချုပ်ပါကာလအတိုင်းသာ  အလုပ်လုပ်စေခြင်း၊ Premier Oil ကုမ္ပဏီ ရှိစဉ်က ပေးခဲ့သော ခံစားခွင့်များကို ပယ်ဖျက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

မကြာသေးမီက ၀န်ထမ်းများ၏လစာကို ၅၀ % အထိ လျှော့ချခြင်း ပြုလုပ်ခဲ့ပါသည်။ မိသားစု ကိုယ်စီရှိကြသည့် ထိုဝန်ထမ်းများသည် လစာကို ထက်ဝက်အထိ လျှော့ချခံရ၍ စားဝတ်နေရေး ခက်ခဲလာခြင်း၊ အုပ်ချုပ်မှုဌာန၏ မန်နေဂျာမှာ မြန်မာလူမျိုး ဖြစ်ပါလျက် မလေးလူမျိုးတို့ကို သခင်အားရကျွန်ပါးဝပြီး မြန်မာအချင်းချင်း မတရား အနိုင်ကျင့်မှုများကို မခံနိုင်တော့ခြင်းတို့ကြောင့် ယဉ်မောင်းနှင့် သန့်ရှင်းရေးလုပ်သား စုစုပေါင်း ၁၃ယောက်တွင် ၁၂ယောက်သည် ယနေ့ (၃၁-၀၃-၂၀၁၄)တွင် အလုပ်မှနှုတ်ထွက်စာ တင်ထားကြောင်း သစ်ထူးလွင် မှ စုံစမ်း သိရှိရသည်။

နောက်ဆုံးရရှိသော သတင်းများအရ Petronas ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီရုံးမှ နှုတ်ထွက်စာတင် ထားသော ယာဉ်မောင်ဝန်ထမ်း ဦးရေမှာ လုပ်သက် ( ၁၇ ) နှစ်နှင့်အထက် ပေါင်း ( ၂၃ ) ဦး ၊ လုပ်သက် ( ၁၀ ) နှစ်နှင့်အောက် ပေါင်း ( ၉ ) ဦး ယာဉ်မောင်းစုစုပေါင်း ( ၃၂ ) ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

မောင်ပြည့်ဝ 

BY THIT HTOO LWIN




Petronas ရေနံကုမ္ပဏီမှ အုပ်ချုပ်မှုဌာန၏ မတရားမှုများကို မကျေနပ်၍ ၀န်ထမ်းများ နှုတ်ထွက် Petronas ရေနံကုမ္ပဏီမှ အုပ်ချုပ်မှုဌာန၏ မတရားမှုများကို မကျေနပ်၍ ၀န်ထမ်းများ နှုတ်ထွက် Reviewed by သစ်ထူးလွင် on 17:00 Rating: 5
Powered by Blogger.