ဆေးခန်းသွားပြသော မိခင်နှင့်ဖခင် ပြန်အလာကို စောင့်ဆိုင်းနေစဉ် နေအိမ်ဝရံတာမှ အမျိုးသမီး တစ်ဦးပြုတ်ကျ သေဆုံး


ရန်ကုန်-မတ်၅

ပုဇွန်တောင်မြို့ နယ်တွင် နေအိမ်ဝရံတာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျ၍ သေဆုံးမှုတစ်မှု ယနေ့ နံနက် ၂း၀၀ တွင်ဖြစ်ပွားခဲ့ကြောင်း ပုဇွန်တောင်မြို့ မရဲစခန်းမှ သိရသည်။

ယနေ့ နံနက် ၂း၀၀ အချိန်ခန့် ကအမှတ် (--)ရေကျော်လမ်းမကြီး၊(၇)ရပ်ကွက် ပုဇွန်တောင်မြို့ နယ် နေ မရွှေဇင်ဦး(၂၃) သည် ၄င်းဧ။် နေအိမ်ပထမ ထပ်ရှိဝရံတာတွင် ဆေးခန်းသွားပြသော မိခင်နှင့်ဖခင် ပြန်အလာကိုစောင့်ဆိုင်းနေစဉ် ပြုတ်ကျခဲ့ပြီး ၀ဲချိုစောင်းစုတ်ပြဲဒဏ်ရာ၊ ယာချိုစောင်း ဖူးရောင်ဒဏ်ရာများ ရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ၍ ဆေးကုသမှုခံယူစဉ် ယနေ့  နံနက် ၂း၅၀ အချိန်တွင်သေဆုံးသွားကြောင်းပုဇွန်တောင်မြို့ မရဲစခန်းမှသိရသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ပုဇွန်တောင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၄)ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ပုဇွန်တောင်မြို့ မရဲစခန်းမှထပ်မံသိရှိရသည်။

zwy
Popular Myanmar News Journal


ဆေးခန်းသွားပြသော မိခင်နှင့်ဖခင် ပြန်အလာကို စောင့်ဆိုင်းနေစဉ် နေအိမ်ဝရံတာမှ အမျိုးသမီး တစ်ဦးပြုတ်ကျ သေဆုံး ဆေးခန်းသွားပြသော မိခင်နှင့်ဖခင် ပြန်အလာကို စောင့်ဆိုင်းနေစဉ် နေအိမ်ဝရံတာမှ အမျိုးသမီး တစ်ဦးပြုတ်ကျ သေဆုံး Reviewed by သစ်ထူးလွင် on 17:56 Rating: 5
Powered by Blogger.