မုံရွာ - ကလေးဝ တောင်ပေါ်လမ်းပိုင်း ချောက်ထဲကျ တိမ်းမှောက်သည့်ကားပေါ်မှ လူနှစ်ဦးသေဆုံးပြီး လူငါးဦးပျောက်ဆုံးနေ


ကနီ၊ မတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ - ယာကြီး - ကလေးဝကားလမ်း မိုင်တိုင်အမှတ် ၄၅/၆ - ၇ အကြားရှိ တောင်စောင်းချောက်ကမ်းပါးထဲသို့ ကားတစ်စီးထိုးချတိမ်းမှောက်ခဲ့ရာ လူနှစ်သေဆုံးပြီး လူငါးဦးပျောက်ဆုံးလျက်ရှိနေကြောင်း ကနီမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့မနက်တွင် ဆက်သွယ် ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်ရာအရပ်သို့ ကနီမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်မြင့်အောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းလမ်း မကြီး၏ လက်ဝဲဘက်အခြမ်း အမြင့်ပေ(၂၀)ခန့်ရှိသော ချောက်ထဲသို့ တိုယိုတာ ခြောက်ဘီး သုံးတန်ယာဉ်အမျိုးအစား ယာဉ်အမှတ် ဇ/၇၇၃၉ သည်ထိုးကျတိမ်းမှောက်လျက်ရှိပြီး တိမ်းမှောက်ယာဉ်၏ အောက်တွင် လူနှစ်ဦးပိ၍သေဆုံးနေသည်ဟု ဆိုသည်။

သေဆုံးသူများမှာ ကနီမြို့နယ်၊ ယာကြီးရွာမကျေးရွာနေ ကိုကျောက်ခဲစိန် အသက်(၃၀)နှစ်ဆိုသူနှင့် ကိုမင်းနိုင် အသက်(၃၀) ဆိုသူတို့ဖြစ်ကြောင်း သိရသည်။ ထိုသူနှစ်ဦးအနက် သေဆုံးသူ ကိုမင်းနိုင်သည် မင်္ဂလာဆောင်ပြီး ရက်ပိုင်းခန့်အကြာတွင် မိဘများနှင့် သီးခြား အိမ်ခွဲနေထိုင်ရန်အတွက် တောတွင်းသို့ သစ်ဝါးများသွားရောက်တိုက်ယူရာမှ အပြန်ခရီးတွင် သေဆုံးခဲ့ ရခြင်းဖြစ်ကြောင်း ကနီမြို့မရဲစခန်း မှူး ဒုရဲမှူး စိန်အောင် ထံမှသိရသည်။

အဆိုပါ တိမ်းမှောက်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများအနက် ကိုဖိုးချစ်၊ ကိုဇော်လင်းထွန်း၊ ကိုဇော်ဝင်၊ ကိုမင်းနိုင်၊ ဆိုသူနှင့် ယာဉ်မောင်းဖြစ်သူ ကိုဟန်ဝင်းအောင် ဆိုသူတို့ငါးဦးမှာ ယာဉ်တိမ်းမှောက်ရာ အရပ်တွင်ရှာဖွေတွေ့ရှိခြင်းမရှိဘဲ ပျောက်ဆုံး နေလျက်ကြောင်း သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။
ထို့ကြောင့် အဆိုပါ ယာဉ်တိမ်းမှောက်မှုအား ယခုလ ၅ ရက်နေ့ မနက် ၁၁ နာရီတွင် ကနီမြို့မရဲစခန်းက ယာဉ်(ပ)၂/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (Facebook)



မုံရွာ - ကလေးဝ တောင်ပေါ်လမ်းပိုင်း ချောက်ထဲကျ တိမ်းမှောက်သည့်ကားပေါ်မှ လူနှစ်ဦးသေဆုံးပြီး လူငါးဦးပျောက်ဆုံးနေ မုံရွာ - ကလေးဝ တောင်ပေါ်လမ်းပိုင်း ချောက်ထဲကျ တိမ်းမှောက်သည့်ကားပေါ်မှ လူနှစ်ဦးသေဆုံးပြီး လူငါးဦးပျောက်ဆုံးနေ Reviewed by သစ်ထူးလွင် on 10:22 Rating: 5
Powered by Blogger.