- အလှူမှ ကြက်သား ဒံပေါက်စားပြီး နောက် အစာအဆိပ်သင့်မှုဖြစ်ပွား
- သစ်ပါးလွှာစက်ရုံ အတွင်း ဝန်ထမ်းများ နံ နက်စာစားသောက်ရာ မှ အစာအဆိပ်သင့်မှု ကြောင့် လူနှစ်ဦးသေဆုံး
- ကန်ကြီးထောင့် ပေကြီးပင်မှ
ကျောင်းသားများ အစာအ ဆိပ်သင့် စသည့် သတင်းများကို ရေဒီယို၊ ရုပ်မြင်သံကြား
(သို့မ ဟုတ်) ဂျာနယ်များတွင် ကြားဖူး၊ ဖတ်ဖူးကြ လိမ့်မည်။
သတင်းတစ်ပုဒ်ထက် ပိုထူးခြားခဲ့သူ
ဗဟန်းမြို့နယ်မှ ကိုကျော်ဇင်ထက်(အမည်လွှဲ)ကတော့ လက်ဖက်အစို ဝယ်စားရာ မှ
တစ်အိမ်သားလုံး အစာအဆိပ်သင့်ခဲ့ရသည့် သူ့အဖြစ်ကို ပြန် ပြောင်းပြောပြသည်။
”အမေ ဈေးကဝယ်လာတဲ့ လက်ဖက်သုပ်ကို တစ်အိမ်လုံး အများကြီး စားလိုက်မိတယ်။ အဲဒီလိုစားပြီးနောက် ညနေ လောက်ကျတော့ စဖြစ်တာပဲ။
လက်ဖက်သုပ်စားပြီး ညနေပိုင်းတွင်
ကိုကျော်ဇင်ထက်တစ် ယောက် ကိုယ်ပူချိန်တွေ တအားတက်လာပြီး မူးဝေခြင်း၊ အော့
အန်ခြင်းတို့ကို စတင်ခံစားရသည်။ ည ဘက်ရောက်သည့်အခါ မှာတော့ ဝမ်းကလည်း ၈
ကြိမ်ခန့် သွားပြီးဖြစ်သည်။
နီးစပ်ရာဆေးခန်းကိုပြေးတော့လည်း ဆေးခန်းက
လက်မခံ ဘဲ အရေးပေါ်အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တင်လိုက်ရ သည်။
ဆရာဝန်ကြီးကတော့အစာအဆိပ်သင့် သည်ဟု ဆို၍ ဆေးရုံတွင် ၃ရက်ခန့်
သောင်တင်လိုက်ရသည်ဟု ၄င်းကပြောသည်။
”လက်ဖက်သုပ် စားတုန်းကတော့ သတိလည်း မထားမိဘူး”ဟု ကိုကျော်ဇင်ထက်က ပြောသည်။
”ပြောမယုံ၊ ကြုံဖူးမှသိ” ဆိုသည့်
စကားအတိုင်း ကိုယ်တိုင် မကြုံ့တွေ့ မခံစားရပါက ၄င်းတို့သည် လေလှိုင်းပေါ်မှ
မိနစ်အ နည်းငယ်စာ (သို့မဟုတ်) ဂျာနယ်စာမျ က်နှာပေါ်မှ သတင်းတစ်
ပုဒ်ဆိုသည်မှတပါး ထူးခြားမှုမရှိ။
တကယ်တော့ ၄င်းသတင်းများသည် သင်တို့
အသက်ရှင်ရန် နေ့စဉ် ပုံမှန်စားသုံးနေရသော အစားအစာများက သင်တို့၏
အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသည့် အနေအထားကို ပြသခြင်းဖြစ်နေသည်။
အိမ်တွင် ကိုယ်တိုင်သန့်ရှင်းလတ်ဆတ်စွာ
ချက်ပြုတ် စားသောက်ခြင်းက ကိစ္စမရှိဟုဆိုသော်လည်း လူမှုရေးအရ၊ ငွေ
ကြေးအခက်အခဲအရ လမ်းဘေးဆိုင်များ၊ စားသောက်ဆိုင် များမှ အစားအစာများနှင့်
မဖြစ်မနေပတ်သက်နေရသေးသရွေ့မသန့်ရှင်းအစားအစာမှတစ်ဆင့် ကူးစက်ဖြစ်ပွားသည့်
ရောဂါ များနှင့် အစာအဆိပ် သင့်ခြင်းတို့ကို တစ်ကြိမ်မဟုတ် တစ်ကြိမ်
ကြုံတွေ့ရနိုင်သည်။
အကြောင်းမှာ ယင်းအစားအစာများမှာ
သန့်ရှင်းပြီး ကျန်း မာရေးနှင့်ညီညွတ်ကြောင်းအတွက် မည်သည့် အဖွဲ့အစည်းကမှ
ထောက်ခံချက်ပေးထားခြင်းမရှိသလို မည်သူကမျှ ၄င်းအပေါ် တာဝန်ယူမှု
မရှိသေးခြင်းကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေမှာ
မည်သည့်အ စားအသောက်ကိုမဆို ယုံကြည်မှုအတိုင်းအတာတစ်ခုအထိ ထား နိုင်သော
အနေအထားမရှိသေးကြောင်း ဘေးဥပါဒ်ကင်းသော အစားအသောက်များ ( Food Safety
)နှင့်ပတ်သက်သော မူဝါဒ ဆိုင်ရာ အကြံပြုချက်များကို ဟောပြောရေးသားနေသည့် ပညာ
ရှင် ဒေါ်စိမ့်ရည် ထက်က ပြောသည်။
”အသုပ်စားတယ်ဆိုပါတော့
စကော့ဈေးမှာပဲစားစား၊ မြို့ စွန်က လမ်းဘေးဆိုင်မှာပဲစားစား၊
စားသောက်ဆိုင်မှာပဲစားစား ကျန်းမာရေးအတွက် ထိုက်သင့်တဲ့ ယုံကြည်မှု
တစ်ခုတော့ ရှိဖို့လို အပ်တယ်” ဟု ၄င်းက ပြောသည်။
နိုင်ငံတိုင်းတွင် နိုင်ငံသားများ
ဘေးဥပါဒ်ကင်းသော အစား အသောက်များကို လက်လှမ်းမီစေရန်နှင့် အစားအသောက်
နှင့်ပတ်သက်သော ယုံကြည်မှုအဆင့်တစ်ခုကို ထူထောင်ပေး ရမည် ဖြစ်သည်။
၎င်းအပြင် အစားအသောက်နှင့်ပတ်သက်၍
ပြည်သူကို အကာအကွယ်ပေးသည့် ဥပဒေ၊ နည်းဥပဒေများ ရှိရမည့်အပြင် အဆိုပါ
ဥပဒေများကို ထိရောက်အောင် ဆောင်ရွက်ရန်နှင့် ဥပဒေအတိုင်း
လိုက်နာဆောင်ရွက်ရန်လည်း လိုအပ်သည်။
မြန်မာနိုင်ငံအတွင်းရှိ
အစားအသောက်များနှင့် ပတ်သက် ၍ ပြည်သူများ၏ ယုံကြည်မှုတစ်ခု
မတည်ဆောက်နိုင်သေး သည်မှာ ပြဋ္ဌာန်းထားသော ဥပဒေများကိုပင် လိုက်နာဆောင်ရွက်
မှုနှင့် ဥပဒေကိုထိထိရောက်ရောက်ဖြစ်အောင်
မဆောင်ရွက်နိုင်မှုကြောင့်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍
ဆောင်ရွက်သူများက ဆိုသည်။
စင်ကာပူနိုင်ငံတွင် အဆင့်မြင့်အာဟာရ
ထုတ်လုပ်ရေး လုပ်ငန်းများ၌ ၁ဝနှစ်ကျော်အတွေ့အကြုံရှိသူ ပညာရှင်တစ်ဦးက
အစားအသောက်နှင့်ပတ်သက်၍ လက်ရှိ တည်ဆဲဥပဒေတစ်ခုဖြစ် သော
အမျိုးသားအစားအသောက်ဥပဒေသည် ခေတ်ကာလ အရအသစ်ဖြစ်ပေါ်လာသော ဘေးဥပါဒ်များကို
လျှော့ချနိုင်ရန် အသေးစိတ် ထပ် မံဖြည့်စွက်ရန် လိုအပ်သေးသော်လည်း ပြည်
သူများ လိုက်နာဆောင်ရွက်အောင် ပြုလုပ်နိုင်ပါက အစားအ သောက်ကြောင့် ဖြစ်သော
ဘေးဥပါဒ်များကို လျှော့ချရေးအ တွက် အတော်ပင် ပြည့်စုံကြောင်း ပြောသည်။
ထို့အပြင် ပြည်တွင်းရှိ အစားအသောက်
ရောင်းချသည့် ဈေးဆိုင်များမှာ လမ်းဘေးတွင် တည်ရှိပြီး အဆိုပါနေရာ၌ပင်
သားငါးခုတ်ခြင်း၊ အသုပ်ရောင်းခြင်းကို လက် အိတ်၊ မျက်နှာဖုံး မပါဘဲ
လုပ်ကိုင်ကြပြီး ရေပုံးလေးတစ်ပုံးဖြင့် ပန်းကန်များစွာ
ဆေးကြောနေကြခြင်းမှစ၍ ဘေးဥပါဒ်ကင်းသော အစားအ သောက်များ (Food Safety)
အတွက် ကိုင်တွယ်ဖြေရှင်းသင့် သည်ဟု ၄င်းကဆိုသည်။
”ကျွန်တော့်တစ်ဆိုင်တည်းမှမဟုတ်တာ
လူတိုင်းဒါမျိုးသုံးနေ တာပဲ။ ဒီလိုသာဆိုရင်လူတိုင်းရောဂါဖြစ်ကုန်မှာပေါ့”
ဟုသာကေတ မြို့နယ်မှ လမ်းဘေးမုန့်ဟင်းခါး ဆိုင်ရောင်းသူတစ်ဦးကဆိုသည်။
မလိုလားအပ်သော ရုပ်ဝတ္ထု၊ ဓာတ်ပစ္စည်းနှင့်
အဏုဇီဝ ပိုးမွှားများ အန္တရာယ်ပေးနိုင်သည့်အဆင့်အထိ မပါဝင်သော
ဘေးဥပါဒ်ကင်းသော အစားအသောက် (Food Safety ) ရရှိ ရေးသည်
အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုး တက်လာသည်နှင့်အမျှ
အစားအစာ ဘေးကင်းစိတ်ချရမှုကို လည်း မဖြစ်မနေရရှိအောင်
ဆောင်ရွက်ရမည်ဖြစ်သည်။
စီးပွားရေးဖွံ့ဖြိုးမှု ရရှိလာသည်နှင့်
အင်အားကြီးမားသော အစားအသောက် ကုန်ထုတ်လုပ်ငန်းများ ဝင်ရောက်လာချိန်တွင်
မိမိတို့နိုင်ငံ၌ တိကျကောင်းမွန်သက်ေ ရာက်ေ သာ ဥပဒေဖြင့်
အကာအကွယ်ပြုမထားနိုင်ပါက စားသုံးသူပြည်သူများဘက်မှ
လျော်ကြေးပြန်ရရေးကိစ္စများတွင် အခက်အခဲများ ရှိလာနိုင် ကြောင်း
အထက်ပါပုဂ္ဂိုလ်က သုံးသပ်သည်။
”သူတို့က ဘုန်းကြီးတစ္ဆေလိုပေါ့။ ဖြစ်လို့သာ ဖြစ်သွားတာ။ Food Safety) ကိုနားမလည်လို့မှ မဟုတ်ဘဲ”ဟု ၄င်းကဆိုသည်။
မိမိနိုင်ငံ၏ ဈေးကွက်တွင်
တင်သွင်းရောင်းချရန် အစားအ သောက်များ၏ စံများကို
တိတိကျကျသတ်မှတ်နိုင်ခြင်း၊ စစ်ဆေး၊ ထိန်းချုပ်နိုင်ခြင်း မရှိပါက
အခြားဈေးကွက် များတွင် ရောင်းချရန် စံမမီသော အရည်အသွေးညံ့၊ ဥပါဒ်မကင်းသည့်
အစားအ သောက်များ စုပုံရာ အမှိုက်ပုံဖြစ်လိမ့်မည်ဟု ဒေါ်စိမ့်ရည်ထက်က
ပြောသည်။
အာဏာအရှိဆုံး အဖွဲ့အစည်း၏ တာဝန်သည်
ထောက်ခံ ချက်များ၊ လက်မှတ်များ ထုတ်ပေးရုံမျှသာ ဖြစ်မည်ဆိုပါက သက်
ဆိုင်ရာအဖွဲ့အစည်း၏ အာဏာလွှမ်းမိုးမှု နည်းပါးနေမည်လား ဆိုသည်ကို
သုံးသပ်ရန်လိုအပ်သည်။
အစားအသောက်များမှ ဖြစ်သော
ဘေးဥပါဒ်လျှော့ချရေး အတွက် နိုင်ငံတော်အဆင့် အာဏာပိုင်အဖွဲ့အစည်းတစ်ခုသည်
အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချ သူများ ဥပဒေ အတိုင်း မလိုက်နာလျှင်
လုပ်ငန်းရပ်ခိုင်းရုံဖြင့်မပြီးဘဲ ဥပဒေ မလိုက်နာသောကြောင့် ကျဆင်းသွားသော
ယုံကြည်မှုအဆင့်ကို မူလအဆင့်ရောက်သည် အထိ ပြန်လည်မြှင့်တင်ပေးနိုင်ရန်လည်း
လိုအပ်သည်။
ပြည်တွင်းမှစားသောက်ကုန်များကိုပင်
ပြည်ပဈေးကွက်စံ ချိန်မီထုတ်လုပ်နိုင်အောင် အားပေးနိုင်ပါက ဘေးဥပါဒ်ကင်းသော
အစားအသောက်စီမံခန့်ခွဲမှုစနစ် အားကောင်းလာရေးအတွက်
လှေကားထစ်တစ်ခုပင်ဖြစ်သည်ဟု ဒေါ်စိမ့်ရည်ထက်က ပြောသည်။
လမ်းဘေးအစားအသောက်များ၊
ပြည်တွင်းထုတ်လုပ်သော အစားအသောက်များကို ဘေးဥပါဒ်နည်းနိုင်သမျှနည်းအောင်
သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်များ
ချမှတ်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်းစားသုံးသူကာကွယ်ရေး
ဆောင်ရွက်သူတချို့က ဆိုသည်။
”လမ်းဘေးအစားအသောက်နဲ့ပတ်သက်ပြီး အပြင်မှာ
ကြားနေရပေမယ့် ဆာလာရင်တော့ ဝင်စားလိုက်တာပဲ။ အဓိက ကတော့
ပိုက်ဆံများများမကုန်ဘဲ ဗိုက်ပြည့် သွားဖို့က အရေးကြီး တယ်” ဟု
လမ်းမတော်မြို့နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ် ခုမှအလုပ်သမားတစ်ဦးက
အချဉ်ရည်ရွှဲရွှဲ ထည့်ထားသည့် ကြာ ဆန်သုပ်ကို အားရပါးရစားရင်း ပြောလိုက်သည်။
ရန်ကုန်၏
မြို့တွင်းလမ်းမကြီးများတွေမှာတော့ သပ်သပ် ရပ်ရပ်နှင့်
သန့်သန့်ရှင်းရှင်းရှိသည့် လမ်းဘေးဆိုင်ကလေးများ၊
စားသောက်ဆိုင်ကြီးများကိုတော့ ဟိုတစ်စ ဒီတစ်စ တွေ့လာရ ပြီဖြစ်သည်။
အေးဆေးဆိတ်ငြိမ်သည့်
သပ်ရပ်သောအပြင်အဆင်နှင့်မို့ ဝင်စားချင်စဖွယ်ဖြစ်သော်လည်း
ထိုအဆင့်အတန်းနှင့်အညီ ဈေး နှုန်းကလည်း လက်လုပ်လက်စား
တို့အတွက်အမြဲစားဖို့မဖြစ်နိုင်။
သာမန်အစိုးရဝန်ထမ်းများသာဖြစ်သော
ကိုကျော်ဇင်ထက် ကတော့ ထိုကဲ့သို့ သန့်သန့်ရှင်းရှင်း စားသောက်နိုင်သော
ဆိုင် ငယ်များကို ချစ်သူနှင့်အတူသာ သွားဖြစ်ပြီး အများအားဖြင့်တော့
လမ်းဘေးဆိုင်တွင်ပင် တစ်နပ်ငါးရာ၊ ခြောက်ရာဖြင့် ပြီးခဲ့ရသည် ဟုဆိုသည်။
”လခစားဆိုတော့ တစ်ခါတလေမှ စားဖြစ်တယ်။ အမြဲ တော့ စားချင်တာပေါ့။ ချစ်သူနဲ့ဖြစ်နိုင်ရင်ပေါ့”ဟု သူကဆိုသည်။
Popular Myanmar News Journal
အစာလည်းဆေး အစာလည်းအဆိပ်
Reviewed by သစ်ထူးလွင်
on
18:32
Rating: