မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်အတွင်း လုံခြုံရေးစခန်း၃၅ခု တည်ဆောက်


မောင်တော၊ မတ် ၁၄- မြန်မာ- ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနိုင်ငံနယ်စပ် များ တွင် ဆောင်ရွက်နေသည့် နယ်စပ် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများနှင့် အတူ နယ်စပ်တစ်လျှောက် လုံခြုံရေး စခန်း ၃၅ခုကိုလည်း တည်ဆောက်နေ ကြောင်း သက်ဆိုင် ရာမှ သိရသည်။

အဆိုပါနယ်စပ်လုံခြုံရေးကင်း စခန်းများကို ချောင်းဝင်ပေါက် တစ် နေရာတွင် တစ်ခုစီ တည်ဆောက် ထား ခြင်းဖြစ်ပြီး ချောင်း ၀င်ပေါက်မရှိသော် လည်း လူဝင်/လူထွက်များသည့် နေရာ များတွင်လည်း တည်ဆောက်ထား ကြောင်း သိရသည်။

““ပထမအဆင့်မှာ လုံခြုံရေးစခန်း ၂၅ခု၊ ဒုတိယအဆင့်မှာ ၁၀ခု တည် ဆောက် ထားပါတယ်။ မောင်တော မြို့နယ် Boundary Point ၅၄ အထိ တည်ဆောက်ထားပါတယ်။ မိုင်တိုင် အမှတ် ၅၀အနီး မှာဆိုရင် လူဝင်/လူ ထွက် အများဆုံးပြုလုပ်တဲ့အတွက် လုံခြုံရေး စခန်းတစ်ခုကို တည်ဆောက် နေပါတယ်””ဟု တာဝန်ရှိသူတစ်ဦး က ပြော သည်။

နယ်စပ်ချောင်းပေါက်များနှင့် လူဝင်/လူထွက်များသည့်နေရာများ တွင် တည်ဆောက်ထားသည့် လုံခြုံ ရေးစခန်းများ ၌ မျှော်စင်တစ်ခုလည်း ပါဝင်ပြီး မျှော်စင်ပေါ်မှ အဝေးသို့ လှမ်းကြည့်နိုင်သည့် သင်္ဘောစလစ် မီးလုံးကြီးနှစ်လုံးလည်း တည်ဆောက် ထားကြောင်း သိရသည်။

အဆိုပါလုံခြုံရေးစခန်းများတွင် လုံခြုံရေးဝန်ထမ်းများအဖြစ် ရဲတပ်ရင်း လုံခြုံရေးဝန်ထမ်းများနှင့် နိုင်ငံခြား သားများ တရားမ၀င် ၀င်ရောက်ခြင်း မှ ကာကွယ်တားဆီးရေးအဖွဲ့(မကဖ) ၀န်ထမ်းများက တာဝန်ယူဆောင် ရွက်နေကြောင်း သိရသည်။

NT [--Democracy today Daily Newspaper--]

Myanmar News Network


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်အတွင်း လုံခြုံရေးစခန်း၃၅ခု တည်ဆောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်အတွင်း လုံခြုံရေးစခန်း၃၅ခု တည်ဆောက် Reviewed by သစ်ထူးလွင် on 15:51 Rating: 5
Powered by Blogger.