ရခိုင်ပြည်နယ် ဘူးသီးတောင် တိုင်းရင်းသား ပြည်သူများနှင့် သံဃာများ အပါအဝင် အင်အား ၃၀၀၀ ကျော်သည် ယနေ့ ၁၆.၃.၂၀၁၄ နေ့လည် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအထိ သန်ခေါင်စာရင်းတွင် ဘင်္ဂါလီအစား ဘင်္ဂါလီများ နုတ်မှပြောသည့် အတိုင်း ရိုဟင်ဂျာလူမျိုးဟု ရေးသွင်းသွားမည့် ကိစ္စကို ကန့်ကွက်ဆန္ဒထုတ်ဖေါ် ခဲ့ကြသည်။
ထိုဆန္ဒဖေါ်ထုတ်ပွဲတွင် “၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးပါ”၊ “ဘင်္ဂါလီစာရင်းစစ် စာရင်းကောက်အလိုမရှိ”၊ “အနောက်ဘက် နယ်စပ်လုံခြုံရေး ပြည်ထောင်စုလုံခြုံရေး”၊ “ရိုဟင်ဂျာဟုထည့်သွင်းအသုံးပြုလျှင် သန်းခေါင်စာရင်းကို ရခိုင်တမျိုးသားလုံး သပိတ်မှောက်မည်” စသည့် ဆိုင်းဘုတ်ပိုစတာများ ကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။
BY THIT HTOO LWIN
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ အမည်ထည့်သွင်း ကောက်ခံမည်ကို ဘူးသီးတောင်တွင် ဆန္ဒပြကန့်ကွက်
Reviewed by သစ်ထူးလွင်
on
19:03
Rating: