ပဲခူးတိုင်း ဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့မှာ ယနေ့ (၂၉၊၃၊၂၀၁၄) ရက်နေ့ မနက် (၉း၃၀)မိနစ် အချိန်ခန့်က ပြည်မြို့ လေးဆူ ဓါတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး အနောက်ဘက် စောင်းတန်း မုဒ်ဦးရှေ့မှစတင်၍ ပြည်ခရိုင်အတွင်းရှိ လယ်သမား (၅၀၀)ခန့်  စုပေါင်း၍ ပြည်မြို့အတွင်းသို့ လည့်လှည်စီတန်း လမ်းလျှောက်ဆန္ဒပြ ခဲ့ကြပါတယ်။
အဆိုပါ လယ်သမားများမှ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး ၊ ဖမ်းဆီးခံ လယ်သမားများ ပြန်လွှတ်ပေးရေး ၊လယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေပေါ်ပေါက်ရေး ၊ လယ်သမားအရေး ပြဿနာများ ဖြေရှင်းရာတွင် တရားမျှတရေး ဆိုသည့် အချက်များကို တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
BY THIT HTOO LWIN

ပြည်မြို့တွင် တောင်သူ လယ်သမားများ ဆန္ဒပြတောင်းဆို
Reviewed by သစ်ထူးလွင်
on
18:09
Rating: