ဒီရက်ပိုင်း အတွင်းငယ်သူငယ်ချင်း များ၊ ကျောင်းနေဖက်များ၊ တခြားသောမိတ်ဆွေများနဲ့ စကားပြောဖြစ်ပါတယ်။ အဲဒီ့ အထဲမှာ များများပြောဖြစ်တဲ့ ကိစ္စကတော့ အရက်အကြောင်း ကပိုများပါတယ်။ မြန်မာပြည်မှာ အရက်တွေဘယ်လိုချက်သလဲ၊ ဘယ်လိုသိုလှောင်သလဲ၊ ဘယ် လိုဖြန့်ဖြူးရောင်းချသလဲစသဖြင့် စုံစီနဖာ ပြောဆိုဆွေးနွေးဖြစ်ကြ ပါတယ်။ အရက်အကြောင်းပြော ဖြစ်သွားတာကလည်း ဒီလိုပါ။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အရွယ် မတိုင်မီ အရက်နဲ့အသက်ဆုံးရှုံးခဲ့ ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ပိုများလာတဲ့အကြောင်း၊ ဒါ့အပြင်စောစောစီးစီးကွယ်လွန်ခဲ့ကြတဲ့ သက်လတ်ပိုင်းအရွယ်ကောင်း စာပေနဲ့အနုပညာသည်များ အကြောင်းကို ပြောရင်းပြောရင်း နဲ့ အရက်စက်ရုံတွေ၊ အရက်ကို ဘယ်လိုချက်ကြသလဲဆိုတာ ကနေ စတယ်လို့ဆိုရင်လည်း မမှားပါဘူး။
ကျွန်တော့်မိတ်ဆွေတစ်ဦး က သူ့ရဲ့အတွေ့အကြုံကိုပြန် ပြောပါတယ်။ တစ်ခါက ကိစ္စတစ် ခုနဲ့ဆက်စပ်လို့ အရက်ချက်စက်ရုံတစ်ခုကို ရောက်သွားပါတယ် တဲ့။ ပထမဆုံးတွေ့ရတာကတော့ အရက်ချက်စက် ရုံအဆောက်အအုံဟာ စနစ်တကျဆောက်ထား တာမျိုးမဟုတ်ဘူးလို့ဆိုပါတယ်။ စက်ရုံရဲ့အပြင်ဘက်မှာတော့မိုး ရွာအစို၊ နေပူအခြောက် အပုံလိုက် ကြီးထားထားတဲ့ ထန်းလျက်ပုံ ကြီးရှိနေတာကိုလည်း မြင်ရပါ တယ်။ ယင်ကောင်တွေတလောင်း လောင်းဖြစ်နေသလို ထန်းလျက် ပုပ်နံ့လိုလို အနံ့ကြီးကိုလည်း တစ်ချိန်တည်းမှာရှူရှိုက်နေရ ပါတယ်။ နောက်မြင်ကွင်းတစ်ခု ကတော့ အရက်ချက်စက်ရုံကို ဓာတ်မြေသြဇာ လာရောင်းတဲ့ လှည်းတန်းကြီးက မျက်စိတစ်ဆုံး ဖြစ်နေပါတယ်။ ဓာတ်မြေသြဇာ အိတ်တွေကျတော့ မိုးရွာရင်မိုး စိုမှာစိုးလို့ အမိုးအကာနဲ့ထား တယ်လို့ပြောပါတယ်။
အရက်ချက်တဲ့စက်ရုံ အ တွင်းဘက်ကိုဝင်ကြည့်တဲ့အခါ အလွန်စိတ်ပျက်စရာမြင်ကွင်း ကတော့ အရက်ဆီပေါင်းခံနေတဲ့ ဧရာမသံကန်ကြီးတွေထဲကို ဓာတ်မြေသြဇာအိတ်တွေဖွင့်ပြီး ဖြော ခနဲ ဖြောခနဲလောင်းထည့်နေတာ ပါပဲ။ ဓာတ်မြေသြဇာဆိုတာ စိုက် ပျိုးရေးအတွက်သုံးတဲ့ဓာတုဗေဒ ပစ္စည်းတွေပါ။ လူသောက်မယ့် အရက်ကိုချက်တဲ့နေရာမှာ ပေါ ပေါလောလောသုံးနေတယ်ဆို တာ ဘယ်လိုမှကောင်းနိုင်မယ် မဟုတ်ပါ။ သို့သော် အရက်စက် ရုံက တာဝန်ရှိတဲ့သူကတော့ သူ တို့စက်ရုံက ထုတ်လုပ်လိုက်တဲ့ အရက်ဆီဟာ ဘယ်လောက် ကောင်းကြောင်း၊ ဘယ်လောက် ပြင်းအားရှိကြောင်း ရှင်းပြနေပါ သေးတယ်။
အဲဒီလိုထုတ်လုပ်လိုက်တဲ့ ပြင်းအားမြင့်အရက်ဆီကို ဈေး ကွက်မတင်ခင် ဂိုဒေါင်ထဲမှာ နှစ်လလောက်ထားရတယ်လို့ဆို ပါတယ်။ အရက်မှာပါဝင်နေတဲ့ လူကိုအဆိပ်ဖြစ်စေတဲ့ဓာတ်တွေ အခိုးပြန်သွားစေဖို့အတွက်ဖြစ်ပါ တယ်။ နှစ်လပြည့်သွားတဲ့အခါ ကျမှ အရက်ဆီပြင်းအားကိုလိုက် ပြီး ရေသုံးဆ၊ ရေငါးဆစသဖြင့် ရောပြီး ပုလင်းသွတ်တံဆိပ်လှလှ လေးတွေကပ်တဲ့အလုပ်တွေလုပ် ရပါတယ်။ အဲဒါတွေပြီးရင်တော့ ဆိုင်တင်ရောင်းရုံပဲလို့ဆိုပါတယ်။သို့သော် ဈေးကွက်တောင်းဆိုမှု ကမြင့်မားနေတဲ့အတွက် အရက် ဆီကို ဂိုဒေါင်ထဲမှာဘယ်တော့မှ နှစ်လကြာအောင်အထိမထားဘဲ ရက်ပိုင်းအတွင်းမှာ ဈေးကွက်ထဲ ကိုတင်သွင်းလေ့ရှိတယ်လို့လည်း သိရပြန်ပါတယ်။
အဲဒီလို အရက်မျိုးတွေကို သုံးလေးနှစ်ဆိုသလို ဆက်တိုက် သောက်နေတဲ့သူတွေဟာ အသည်းနဲ့ပတ်သက်ပြီး ရောဂါ တစ်ခုခုရကြပါတယ်။ အဓိက ကတော့ ဓာတ်မြေသြဇာကို သုံးတဲ့ အတွက်ကြောင့်ပါ။ ဓာတ်မြေသြ ဇာဆိုတာ အက်စစ်တစ်မျိုးပါ။ လိုအပ်တာထက်ပိုသုံးရင် စပါး ပင်တွေတောင် သေနိုင်တဲ့အထိ ပြင်းအားရှိပါတယ်။ အနုပညာ သည်လောကမှာ တချို့သော အရွယ်ကောင်းတွေဟာ မနက် ကိုးနာရီ၊ ဆယ်နာရီလောက် ကတည်းက စသောက်ကြတယ်လို့ သိရပါတယ်။ ညအိပ်ရာဝင်မှ အသောက်ကိုရပ်ပါတယ်။ အဲဒီလိုအရက်မျိုးတွေကို မနက်ကတည်းက သောက်သူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကြပါတယ်။
ကျွန်တော်တို့နိုင်ငံက စာ ပေလောကနဲ့ အနုပညာသည် လောကမှာ အရက်သောက်တာ အဆန်းမဟုတ်ပါဘူး။ အတော် များများသောက်တတ်ကြတဲ့သူ တွေလည်းဖြစ်ပါတယ်။ ဟိုခေတ် တုန်းကဆိုရင် စာရေးဆရာကြီး သော်တာဆွေဟာ အရက်နဲ့ ပတ် သက်ရင် နာမည်ကြီးတဲ့သူဖြစ်ပါ တယ်။ ‘ဘရန်ဒီတစ်ပုလင်း’ဆိုတဲ့ ဟာသဝတ္ထုတိုနဲ့ စာပေလောက ထဲစရောက်ခဲ့တယ်လို့ လူကြီးတွေ ပြောတာကြားဖူးပါတယ်။ အရက် အကြောင်းလူကြိုက်အောင် အဖွဲ့ အနွဲ့တွေနဲ့ ရေးတတ်လွန်းလို့ ဆရာမကြီး လူထုဒေါ်အမာကတောင် ‘‘ကိုဆွေ လူငယ်တွေ အရက်မသောက် သောက်တတ် အောင် သင်ပေးသလို ဖြစ်နေ တယ်’’လို့ ထောက်ပြဆုံးမခဲ့ဖူးပါ တယ်။ ထားပါတော့။ ဆိုလိုချင် တာကဒီလိုပါ။ ဆရာသော်တာ ဆွေဟာ ငယ်ရွယ်စဉ်က အရက် သောက်ကြမ်းခဲ့တယ်။ သို့သော် ငယ်ငယ်ရွယ်ရွယ်နဲ့မသေခဲ့ပါဘူး အသက်ကြီးမှဆုံးသွားခဲ့တာပါ။
အဲဒီခေတ်တုန်းက အရက် တွေကသတ်မှတ်ထားတဲ့ နည်း စနစ်တွေအတိုင်း ချက်လုပ်ခဲ့တဲ့ အရက်များဖြစ်နိုင်ပါတယ်။ ဓာတ်မြေသြဇာတွေလှိုင်လှိုင်ထည့်ပြီးချက်ခဲ့တဲ့အရက်တွေတော့ ဖြစ်ဟန်မတူပါဘူး။ တစ်ချိန်တုန်းက မြန်မာပြည်မှာ အသောက်များခဲ့တဲ့ နာမည်ကြီး အရက်တွေကတော့ မန္တလေးရမ်နဲ့ ဘီအီးဒီစီလို့ခေါ်တဲ့အရက်ဖြူတွေ ဖြစ်ပါတယ်။ တင်လဲဖြူတို့၊ အိုးဘရန်ဒီတို့၊ မော့ဝီစကီတို့လည်းထုတ်လုပ်ခဲ့ပါသေးတယ်။ အရက်သောက်တာများရင် အန္တရာယ်ရှိတယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။ အရက်ဆိုတာ လူကိုဘေးဖြစ်စေတဲ့ အဆိပ်ဓာတ်ပါ တာချည်းပါပဲ။ သို့သော် အဲဒီ အရက်တွေကိုထုတ်လုပ်တဲ့ခေတ် တုန်းက သတ်မှတ်ထားတဲ့အဆင့် အတန်းစံချိန်အတိုင်းထုတ်လုပ်ခဲ့ ကြတာကြောင့် နည်းနည်းတော့ ခံသာသေးတယ်လို့ ဆိုနိုင်ပါ တယ်။
တခြား တိုင်းပြည်တွေမှာ အရက်ချက်တဲ့အခါ စနစ်တကျ ချက်ကြပါတယ်။ စနစ်ကျဖို့ကို လည်း စောင့်ကြည့်နေတဲ့တာဝန် ရှိအဖွဲ့အစည်းများလည်း ရှိပါ တယ်။ ဆိုလိုချင်တာကတော့ Food security လို့ခေါ်တဲ့ စားသုံး ကုန်လုံခြုံရေးကို အမြဲမျက်ခြည် မပြတ်စောင့်ကြည့်စစ်ဆေးတဲ့ စနစ်ရှိနေပါတယ်။ ဥပမာတစ်ခု လောက်တင်ပြရရင် စကော့ တလန်မှာ နာမည်ကြီးစကော့ ဝီစကီများချက်ပါတယ်။ ချက်တဲ့ အခါမှာလည်း ယေဘုယျအားဖြင့် ပြောရရင် အုပ်စပါးတို့၊ ဘာလီ စပါးတို့ကိုသုံးပါတယ်။ ဓာတုဗေဒပစ္စည်းများမသုံးပါ။ မသုံးရပါ။ ဓာတုဗေဒပစ္စည်းလို့ပြောရမယ့် ဟာတစ်ခုကတော့ ‘ယိစ်’လို့ခေါ် တဲ့ တဆေးတစ်မျိုးဖြစ်ပါတယ်။ အဲဒီယိစ်ကလည်း တကယ်ဆိုရင် သဘာဝဓာတုပစ္စည်းပါ။သဘာဝ မှိုတစ်မျိုးပါ။ ပြီးတော့ အလွန် သန့်ရှင်းတဲ့၊ သန့်စင်ထားတဲ့ ချောင်းရေ ဒါမှမဟုတ် မိုးရေကို အသုံးပြုပြီးချက်ပါတယ်။ ကြုံရာ ရေပိုက်က၊ ချောင်းမြောင်းက၊ ရေတွင်းကရေတွေနဲ့ အရက်ကို ချက်လုပ်ခြင်းမပြုပါဘူး။ မြန်မာ ပြည်မှာလို ဓာတ်မြေသြဇာတွေ ထည့်ပြီးချက်လို့ကတော့ တရား စွဲခံရလို့ အလျော်တွေပေးရတာ များလွန်းလို့ ကုမ္ပဏီပြုတ်ပြီး ထောင်တောင်ကျပါဦးမယ်။ မြန် မာပြည်မှာတော့ အရက်ချက်ဖို့ လိုင်စင်ကလည်း လာဘ်ထိုးလိုက် ရင် လွယ်လွယ်နဲ့ရနေပါတယ်။ အရက်ကိုစည်းစနစ်တကျ ချက်၊ မချက်ဆိုတာကိုစောင့်ကြည့်တဲ့ စနစ်မျိုး၊ စမ်းသပ်စစ်ဆေးတာမျိုး မရှိတော့ ချက်ချင်သလိုချက်နေ ကြတာပါ။ အဲဒီလိုအရက်မျိုး တွေကို နိစ္စဓူဝသောက်နေမှတော့ ရောဂါရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေတာမဆန်းပါဘူး။ ငယ်ငယ် ရွယ်ရွယ်နဲ့မသေတောင်အသက် ငါးဆယ်ကျော်တန်းလောက်ဖြစ် လာရင် အသည်းကို ထိခိုက်လာ တာများလို့ သူများထက်အရင် သွားရဖို့ရှိပါတယ်။
မြန်မာပြည်မှာ အရက်တွေ က အရည်အသွေးလည်းမမှန်၊ ဓာတုပစ္စည်းတွေကြောင့် အဆိပ် အတောက်တွေကလည်း အများ အပြားအရက်ထဲမှာကျန်နေသေး တော့ အရက်သောက်များရင် အသက်တိုတာအမှန်ပါပဲ။ အရက်အကြောင်း နည်းနည်းလောက်ဇာချဲ့ပြောချင်ပါသေးတယ်။ စကော့တလန်က ထုတ်လိုက်တဲ့ဝီစကီများအကြောင်း သိမှတ်ဖူးသလောက်ပြောချင်တာပါ။ သာမန်ဈေးနှုန်းနဲ့ရောင်းချတဲ့ ဝီစကီများဟာ စက်ရုံကထုတ်ပြီး တာနဲ့ သစ်သားစည်ကြီးတွေမှာ ထည့်ပါတယ်။ ပုလင်းမသွတ် သေးပါဘူး။ အဲဒီစည်ကြီးတွေကို ၂ နှစ်လောက်ဂိုဒေါင်ထဲမှာသိမ်း ထားရပါတယ်။ အရက်ကို ဓာတ် မြေသြဇာလို ဓာတုဗေဒပစ္စည်း မပါဘဲ သဘာဝအတိုင်းချက်တာ တောင် အရက်ထဲမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ Toxic လို့ ခေါ်တဲ့အဆိပ်ဓာတ်အမျိုးမျိုး အထွေထွေကျန်ရှိနေပါသေးတယ်။ အဲဒါတွေလျော့ပါးအောင် အရက်ကို ဂိုဒေါင်ထဲမှာ သိမ်းထားရပါတယ်။ အဲဒီအဆိပ်ဓာတ်များဟာ တဖြည်းဖြည်းနဲ့ အငွေ့ပြန်ပြီး လေထုထဲကို ရောက်သွားပါတယ်။ သို့သော် အရက်မှန်သမျှ ဈေးပေါသည်ဖြစ်စေ၊ ဈေးကြီးသည်ဖြစ်စေ လူကိုအဆိပ်ဖြစ်စေတဲ့ဓာတ်ဟာ ကျန်နေပါသေးတယ်။ အနည်းဆုံး၂ နှစ်လောက်သိမ်းထားရပါတယ်။ ဒါကြောင့်မို့ သစ်သားစည်ကြီးတွေထဲမှာ နှစ်ကြာကြာသိမ်းထားတဲ့ အရက်အမျိုးအစားဟာ အဆိပ်ဓာတ်တွေပိုလျော့သွားပါတယ်။ နှစ်ကြာလာတာနဲ့အမျှ တန်ဖိုးကြီးလာပါတယ်။ ပုလင်းသွတ်ပြီးမှ ဆက်သိမ်းထားရင် အဆိပ်ဓာတ်တွေဟာ လေထုထဲကို အငွေ့ပြန်ပြီး မတက်နိုင်တော့လို့ပါ။ ဒါကြောင့် စကော့တလန်ကထုတ်လုပ်တဲ့ ဝီစကီတွေမှာ ၁၂ နှစ် အထိကြာအောင် သစ်သားစည်ကြီးတွေထဲမှာသိမ်းထားပြီးမှ ပုလင်းသွတ်တဲ့ အရက်တွေက ဈေးပိုပေးရတာဖြစ်ပါတယ်။ တစ်ခါ အမျိုးအစားအပေါ်မူတည်ပြီး ၁၂ နှစ်၊ ၁၆ နှစ်၊ ၁၈နှစ်၊ ၂၀ နှစ်၊ ၂၅ နှစ် စသဖြင့်ရှိကြပါတယ်။ ဒီထက်နှစ်ပိုများတဲ့အရက်တွေလည်း ရှိပါသေးတယ်။ စကော့တလန်ပါလီမန်က ပြဋ္ဌာန်းထားတဲ့ အရက်ချက်တာနဲ့ပတ်သက်တဲ့ ဥပဒေတွေထဲမှာအရက်မှန်သမျှ ချက်ပြီးတာနဲ့ သစ်သားစည်ကြီး တွေထဲမှာ အနည်းဆုံး ၂ နှစ်ကာလအထိ မထားမနေရဆိုတဲ့ အချက်ပါပါတယ်။ အဲဒါကို ချိုးဖောက်ရင် ပြင်းပြင်းထန်ထန် အရေးယူပါတယ်။
အဆိပ်အတောက်ဖြစ်စေ တဲ့ဓာတ်တွေလျော့ပါးသထက် လျော့ပါးလာလို့ သောက်တဲ့အခါ မှာ လူကိုဥပဒ်ပေးတဲ့နှုန်းလျော့ လာပါတယ်။ သို့သော် သက်တမ်း ရင့်အရက်ဆိုပြီး သောက်ချင် သလိုသောက်နေရင်လည်း အသည်းရောဂါဖြစ်ပါတယ်။ ရောဂါမဖြစ်နိုင်ဘူးလို့ဆိုလိုတာ မဟုတ်ပါ။ ဝီစကီထက် အဆိပ် အတောက်နည်းတဲ့အရက်က ဗော်ဒကာလို့ခေါ်တဲ့အရက်ဖြစ်ပါတယ်။ ရုရှား၊ ဖင်လန်၊ ပိုလန်၊ ဆွီဒင်နဲ့ ဆိုဗီယက်ရုရှားခွဲထက် နိုင်ငံများမှာ ထုတ်လုပ်ပါတယ်။ သို့သော် ရောင်းအားအပေါ်မူတည်ပြီး လွယ်လွယ်ချက်၊ ဈေးပေါပေါနဲ့ရောင်းကြလို့ အခုရုရှားနိုင်ငံ မှာ ဗော်ဒကာအပေါစားသောက် ကြတဲ့သူများအထူးသဖြင့် ဆင်းရဲ တဲ့သူများ အသက် (၅၀)ကျော် ကျော်မှာ သေဆုံးတဲ့နှုန်းများလာ နေတယ်လို့ဆိုပါတယ်။ အရက် သေစာထဲမှာ အဆိပ်အတောက် အနည်းဆုံးကတော့ စပျစ်သီး ကနေဖောက်တဲ့ဝိုင်အရက်ဖြစ်ပါ တယ်။ သို့သော် ဝိုင်အရက်ဟာ အနောက်နိုင်ငံများကတင်သွင်း တာမို့ အခွန်အကောက်အရ အရှေ့တိုင်းနိုင်ငံများမှာဈေးကြီးပါတယ်။ ဆင်းရဲသားများဝယ်ယူ သောက်သုံးဖို့မတတ်နိုင်ကြပါ။ ဝိုင်အရက်ဟာ အဆိပ်အတောက် နည်းတယ်ဆိုပေမယ့် သူ့ကိုလည်း စိတ်ကြိုက် သောက်ချင်သလို သောက်ရင်တော့လူကိုအန္တရာယ် ဖြစ်စေပါတယ်။
အုပ်ချုပ်သူအစိုးရဟာ မြန် မာပြည်က အရက်ကုမ္ပဏီတွေ အရက်ချက်စက်ရုံတွေကို ကြပ် ကြပ်မတ်မတ်စောင့်ကြည့်ဖို့လိုပါ တယ်။ အာဏာပိုင်တွေက ပိုက် ဆံရတိုင်း ဒီအတိုင်းလွှတ်ထား တော့ နောက်ဆုံးမှာစားသုံးတဲ့သူ တွေသာ ဒုက္ခရောက်ရပါတယ်။ စားသောက်ကုန်လုပ်ငန်းအားလုံး ကို စနစ်တကျဖြစ်လာစေဖို့ နည်း နာတွေ၊ ဥပဒေသတွေခိုင်ခိုင်မာ မာရှိဖို့လိုနေပါပြီ။ ဟိုးတစ်နှစ် တုန်းကလည်း လက်ဖက်တွေမှာ ဆိုးဆေးတွေပါတယ်ဆိုပြီး လက်ဖက်တံဆိပ်တော်တော်များများ ရောင်းချခွင့်အပိတ်ခံရပါတယ်။ နောက်တော့ ငါးပိတွေလည်း ဆိုးဆေးပါတယ်လို့ ကြားရပြန်ပါတယ်။ အရက်ကိစ္စကိုတော့ အစိုးရက အခုအထိ ဘာမှ မပြောဘဲ၊အရေးမယူဘဲ ရှိနေသေးတယ်ဆိုတော့ မဟုတ်မှလွဲရော အရက်ကုမ္ပဏီတွေမှာ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ဆွေမျိုးတွေ ရှယ်ယာပါထားလို့ပဲဖြစ်နိုင်ပါတယ်။ အရက်နဲ့သေခဲ့ရတဲ့ စာပေနဲ့အနုပညာလောကက လူလတ်ပိုင်းအရွယ်ကောင်းတွေကို ပမာထားပြောရတာကတော့ မြင်လွယ်အောင်၊ သိသာအောင် တင်ပြရတာပါ။ သာမန်လက်လုပ်လက်စားတွေ အရွယ်မတိုင်ခင်မှာ ဓာတုပစ္စည်းတွေနဲ့ချက်တဲ့ စိတ်မချရတဲ့ အရက်ဆိုးတွေကို သောက်သုံးကြလို့ ငယ်ငယ်ရွယ်ရွယ်မှာ တစ်နှစ်တစ်နှစ် ဘယ်လောက်သေနေရတယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။
မြန်မာပြည်မှာ အရက် ရောင်းချခြင်းဟာ တော်တော် လေးဖွံ့ဖြိုးလာနေတာအမှန်ပါပဲ။ သို့သော် စိတ်ချရပြီး စနစ်တကျ ရှိတဲ့အရက်ချက်လုပ်ခြင်း မဖွံ့ဖြိုးသေးဘူးဆိုတာကိုလည်း မြင်နေရပါတယ်။ တစ်ဖက်မှာ ကြည့်လိုက်ပြန်တော့လည်း ဓာတ်မြေသြဇာလို ဓာတုဗေဒပစ္စည်းတွေကိုသုံးပြီး အမြန်ချက်၊ အမြန်ရောင်းတဲ့နေရာမှာတော့ စကော့တလန်က ဝီစကီချက်သူတွေတောင် မြန်မာအရက်ချက်သူတွေကို လိုက်မမီအောင် မြန်မာပြည်မှာ တိုးတက်ဖွံ့ဖြိုးနေပါကြောင်း။
Author: ဇော်မင်း
7Day News Journal
လူငယ်များနဲ့ အရက်လုံခြုံရေး
Reviewed by သစ်ထူးလွင်
on
16:08
Rating: