ခံစားမှု ပုံရိပ်များ အသက်ဝင်နေဆဲ မာလာဆောင်


ရန်ကုန်ပြည်လမ်းမပေါ် တည်ရှိနေသည့်သက်တမ်းအနုဆုံး မာလာဆောင်

မာလာဆောင်သည် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ သီရိ ဆောင်နှင့် ကျောချင်းကပ်လျက်တည်ရှိနေပြီး ပြည်လမ်းမပေါ်တွင် ခံ့ညား စွာ မျက်နှာမူလျက် တည်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

မာလာဆောင်သည် တက္ကသိုလ်နယ်မြေထဲရှိ ကျောင်းဆောင် ထဲတွင် သက်တမ်းအနုဆုံး အဆောင်ဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင် ဆောက် လုပ်ပြီးစီး အသုံးပြုခဲ့ကာ ယင်းနှစ် အောက်တိုဘာလ ၁ ရက်တွင် အခမ်း အနားဖြင့် ဖွင့်လှစ်ခဲ့သော ကျောင်းဆောင်ဖြစ်ကြောင်း လေ့လာသိရှိရပါ သည်။

ခံစားမှုပုံရိပ်များဖြစ်တည်ရာ မာလာ

မာလာဆောင်သည်လည်း တက္ကသိုလ်နောက်ခံ အချစ်ဇာတ် လမ်းများ မွေးဖွားရာ၊ ခံစားချက်တို့ဖြစ်ပေါ်ရာ ကဗျာ၊ ဝတ္ထု၊ သီချင်းများ ဖြင့် တင်စားဖွဲ့နွဲ့ရာ တက္ကသိုလ်အဆောင်တစ်ခုအဖြစ် တစ်ခေတ်တစ်ခါ က အထင်ကရ ဖြစ်ခဲ့ဖူးပါသည်။

''မာလာဆောင်ပြည်လမ်းရှေ့ဝယ် ဂီတာသံ ညတိုင်းကြားတယ် စာသင်လာသူလေးရဲ့ အခန်းကကွယ်...''ဆိုသည့် စတီရီယိုခေတ်ဦးက မာလာဆောင် ကျောင်းသူများအကြား ခေတ်စားခဲ့သည့် နိုင်ငံကျော်အဆို တော် မေဆွိ၏ 'မာလာဆောင် မောင်မလာ' တေးသီချင်းသည် မာလာ ဆောင်ကို ညွှန်းဆိုရာအဖြစ် ယနေ့အထိ အထင်အရှားရှိနေဆဲ၊ သီဆို နေကြဆဲပင် ဖြစ်သည်။

ထိုခေတ်အခါကတက္ကသိုလ်သည် ကျောင်းတော်သူ၊ ကျောင်း တော်သားများ၏ စာပေလေ့လာသင်ကြားရာ ဘဝတက္ကသိုလ်ကြီးဖြစ်သည့် အပြင် တက္ကသိုလ်ပရိဝုဏ်အတွင်း တည်ရှိနေသည့် ဂျပအ်ဆင်၊ သစ်ပုပ် ပင်နှင့် အာရ်စီတို့သည်လည်း တက္ကသိုလ်ကြီး၏ ဇာတ်လိုက်များ ဖြစ်ခဲ့ဖူး ပါသည်။

ယင်းဇာတ်လိုက်များကို အမှီပြု၍ တေးသီချင်းများ၊ ကဗျာများ၊ ဝတ္ထုများ ခံစားရေးဖွဲ့ကြသည်။ ဖွင့်ထုတ်ကြသည်။ ဒါကြောင့် တက္ကသိုလ် ကြီးမှ နိုင်ငံကျော်အဆိုတော်များ၊ နိုင်ငံကျော်စာရေးဆရာ၊ ဆရာမကြီး များစွာ ပေါ်ထွက်လာခဲ့ကြဟန် တူပါသည်။

ထိုသူတို့ နေထိုင်ခဲ့ကြသည့် မာလာ

ထိုခေတ်အခါက မာလာဆောင်၌ နေထိုင်ခဲ့ကြသည့် အထင် ကရ ကျောင်းသူဟောင်းများမှာ ပုသိမ်လှလှသီ(၁၉၅၅-၅၉)၊ စာရေးဆရာမ ရွှေကူမေနှင်း(၁၉၆ဝ-၁၉၆၁)တို့ နေထိုင်ခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရသည်။

မာလာဆောင်၌ ၁၉၆ဝ ပြည့်နှစ် နောက်ပိုင်းတွင်လည်း ဘာသာ ရပ်နယ်ပယ်အစုံမှ ကျောင်းသူကြီးများ၊ ပါမောက္ခဆရာမကြီးများ၊ တက္က သိုလ်ကထိက ဆရာမများနေထိုင်ခဲ့ကြသည်။ မြန်မာပြည် အရေးအခင်း ကြောင့် ရန်ကုန်တက္ကသိုလ်ကြီးကို ပိတ်ထားချိန်နှင့် ကျောင်းများပြန်လည် တက်ရောက်ခွင့်ပြုချိန်အထိ အဆောင်နေကျောင်းသူများအား နေထိုင်ခွင့် မပြုတော့ကြောင်း သိရသည်။

လက်ရှိဖွင့်လှစ်ပေးလျက်ရှိသည့် ဂလိုဘယ်အင်္ဂလိပ်ဒီပလိုမာ

မာလာဆောင်၌ အင်္ဂလိပ်စာမဟာတန်းနှင့် ပါရဂူတန်းများ၊ ဒီပလိုမာတန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနေသည်မှာ ဆယ်စု နှစ်တစ်စု ကြာမြင့်ခဲ့ပြီဖြစ်သည်။ မာလာဆောင်၏ Global English Diploma သည် လူငယ်ကျောင်းသား၊ ကျောင်းသူများအကြား အထင် အရှား တက်ရောက်လျက်ရှိသည့် ဒီပလိုမာသင်တန်းတစ်ခုဖြစ်သည်။ ယခု လက်ရှိ၌ ယင်းဒီပလိုမာသည် အစိုးရဝန်ထမ်း၊ အရာထမ်းများကိုသာ လက် ခံသင်ကြားပေးလျက်ရှိနေပြီး ပြင်ပရှိ ကျောင်းသား၊ ကျောင်းသူများအား လက်ခံသင်ကြားပေးခြင်း မရှိတော့သည်ကို တွေ့ရသည်။

လွတ်လပ်စွာတွေးခေါ်ခွင့် ပြန်လည်ဖော်ထုတ်ပေးသင့်

ယနေ့လက်ရှိအစိုးရသစ်လက်ထက်တွင် တက္ကသိုလ်များ ပေါင်း စည်းရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးတို့ကို ဖော်ဆောင်နေသလို တစ် ခေတ်တစ်ခါက အဆောင်နေ ကျောင်းသားကျောင်းသူများဖြင့် စည်ကား သက်ဝင်နေခဲ့သည့် တက္ကသိုလ်ပရိဝုဏ်ကြီးကိုလည်း ပြန်လည်လှုပ်ရှား သက်ဝင်လာအောင် ဖော်ဆောင်နေသည်ကို တွေ့ရပါသည်။ သို့သော် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏ လွတ်လပ်စွာ ပညာသင်ကြား လိုခွင့်၊ တွေးခေါ်ခွင့်တို့သည် ယခင်တစ်ချိန်ကလို ရရှိခဲ့မည်ဆိုပါက တက္က သိုလ် ရွှေခေတ်တစ်ခေတ်သည်လည်း မဝေးလှသော အနာဂတ်တွင် ပေါ် ပေါက်လာမည်ဟု ထင်မြင်မိပါသည်။

[ မယ်သင်း ရေးသားသည် ]
Yangon Media Group


ခံစားမှု ပုံရိပ်များ အသက်ဝင်နေဆဲ မာလာဆောင် ခံစားမှု ပုံရိပ်များ အသက်ဝင်နေဆဲ မာလာဆောင် Reviewed by သစ်ထူးလွင် on 16:27 Rating: 5
Powered by Blogger.