စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရဲနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေ (မတ်လ ၇ရက်နေ့ မနက်မြင်ကွင်း) ရုပ်/သံ


အမှတ်(၂၈) ရဲတပ်ရင်းဆောက်လုပ်ရန် မြေဧက ၁၀၀ ကျော် လျော်ကြေးငွေ မရှိပဲ အင်အားသုံး သိမ်းယူနေခြင်းကြောင့် ဒေသခံ ရွာသားတွေနဲ့ ရဲအာဏာပိုင်တွေကြား ပဋိပက္ခဖြစ်ပွားလျက် ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ စုန်းကျင်းအုပ်စု၊ အုံတုံပင်ကျေးရွာအနီး၊ မုံရွာ-ပုသိမ် ကားလမ်းမဘေး ၀ဲယာမှာရှိတဲ့ မြေတွေမှာ ရဲအင်အားသုံးပြီး မြေတူးစက်တွေနဲ့ ထန်းပင်တွေကို ထိုးချနေတာ တွေ့မြင်ရပါတယ်။ မနေ့က စတင်ဖြစ်ပွားတဲ့ ပဋိပက္ခမှာ ဒေသခံ(၃)ယောက် အဖမ်းခံရပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီမနက် ထပ်ဖြစ်တဲ့ ပဋိပက္ခမှာ ဒေသခံ(၅)ယောက် အဖမ်းခံရပြီး တယောက်ကို ကလေးအမေမို့ ပြန်လွှတ်ပေးလိုက်ပေမယ့် ကျန်(၄)ယောက်ကို အချုပ်ကားနဲ့ တင်ခေါ်သွားပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ ယင်းမာပင်မြို့နယ်ထဲမှာ ဒီစီမံကိန်း သိရှိထားခြင်း မရှိသလို လျော်ကြေးငွေကလဲ ဒေသခံ မြေပိုင်ရှင်တွေ မရဘူးလို့ ဆိုကြပါတယ်။ (ရိုက်ကူး - မိုးမင်းဦး icj) DVB TV News

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 



စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရဲနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေ (မတ်လ ၇ရက်နေ့ မနက်မြင်ကွင်း) ရုပ်/သံ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရဲနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေ (မတ်လ ၇ရက်နေ့ မနက်မြင်ကွင်း) ရုပ်/သံ Reviewed by သစ်ထူးလွင် on 18:02 Rating: 5
Powered by Blogger.