တံတားဦးမြို့နယ် ပျားကျေးရွာတွင် မီးကြွင်းမီးကျန် ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွား၊ အိမ်ထောင်စု (၄၉) စု ဆုံးရှုံး
တံတားဦး၊ မတ်- ၁
တံတားဦးမြို့နယ် ပျားကျေးရွာတွင် မတ်လ (၁) ရက်နေ့ (၁၃း၃၀) နာရီတွင် ဦးခင်မောင်ကြည် နေအိမ်မှ မီးကြွင်းမီးကျန်ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပေါ်ခဲ့ရာ အိမ်ထောင်စု (၄၉) စု၊ ရွာပိုင် မီးစက်ထားသည့် အဆောက်အဦးနှင့် ရွာပိုင်သမအဆောက်အဦးတို့ လောင်ကျွမ်းခဲ့ပြီး (၁၄း၃၀) နာရီတွင် မီးကို ထိန်းသိမ်းနိုင်ခဲ့ကာ (၁၄း၄၀) နာရီတွင် မီးအားငြိမ်းသက်နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါမီးလောင်ရာသို့ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၅) စီး၊ ကျောက်ဆည်မီးသတ် စခန်းမှ မီးသတ်ယာဉ် (၂) စီး၊ စဥ့်ကိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီး၊ အမြန်လမ်းမ (စကားအင်း) စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ လေဆိပ်မှ မီးသတ်ယာဉ် (၁) စီး၊ အမရပူရမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ အမရပူရ မြို့နယ်ဓမ္မပါလအသင်းမှ မီးသတ်ယာဉ် (၁) စီးနှင့် လူနာတင်ယာဉ် (၂) စီး စုစုပေါင်း မီးသတ်ယာဉ် (၁၃) စီးနှင့် လူနာ တင်ယာဉ် (၂) စီးတို့ လာရောက်မီးငြိမ်းသက်ကြကြောင်း သိရှိရသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ် (၅၀၇၇၂၅၀) ရှိကြောင်း သိရရှိရသည်။
မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့သော အိမ်ထောင်စု (၄၉) စုမှ မီးဘေးသင့်ပြည်သူ (၂၁၉) ဦးအား မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက အဆိုပါကျေးရွာရှိ ရွှေမုဌောကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပြီး မီးစတင်လောင်ကျွမ်းသည့် ဦးခင်မောင်ကြည်အား အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။
MOI Webportal Myanmar
တံတားဦးမြို့နယ် ပျားကျေးရွာတွင် မီးကြွင်းမီးကျန် ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွား၊ အိမ်ထောင်စု (၄၉) စု ဆုံးရှုံး
Reviewed by သစ်ထူးလွင်
on
17:47
Rating: