မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ခဲ့သူ ကြိုးပြတ်ကျ၍ သေကံမရောက်


မော်လိုက်၊ မတ် ၁၅

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၊ သရက်ကုန်း မြို့မ(၁)ရပ်ကွက်တွင် ယခုလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က အမျိုးသားတစ်ဦးသည် မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့ရာတွင် ကြိုးပြတ်ကျသဖြင့် သေကံမရောက်ခဲ့သော်လည်း မိမိကိုယ်ကို အဆုံးစီရင်းမှုဖြင့် ရဲစခန်းက အမှုဖွင့်အရေးယူခဲ့ရကြောင်း မော်လိုက်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထိုသို့ မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့သည့် သေကံမရောက်ခဲ့သူမှာ ကိုကျော်နိုင်ဦး အသက်(၄၁)နှစ် ဆိုသူဖြစ် ကြောင်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်လင်းအောင်၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။ ထိုသူသည် အမြင့် ( ၉ )ပေခန့်ရှိသော ၎င်း၏နေအိမ်ထုပ်တန်းပေါ်တွင် အရှည်(၅)ပေ၊ လုံးပတ်(၃)မူးလုံးရှိ ကြိုးတစ်ချောင်းဖြင့် မိမိ ကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ခဲ့ရာတွင် ကြမ်းခင်းပေါ်သို့ ပြုတ်ကျခဲ့ပြီး ထိုသူ၏ လည်ပင်တွင် ကြိုဒဏ်ရာများဖြင့် သတိလစ်မေ့မျှောနေခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်း၏ အိမ်နီးနားချင်များမှ ရဲဌာနသို့ ဆက်သွယ်အကြောင်းကြားခဲ့သ ဖြင့် ရဲတပ်ဖွဲ့ဝင်များက အချိန်မီသွားရောက်ကယ်ဆယ်ပေးခဲ့ရာ ထိုသူသည် သေကံမရောက် သက်မပျောက်ခဲ့ကြောင်း သိရသည်။

သို့သော် ထိုသူသည် ရခဲရောက်ခဲသော မိမိကိုယ်ပိုင် အသက်တစ်ချောင်းအား မိမိကိုယ်တိုင် အဆုံးစီရင်ခဲ့သည့်အ တွက် မော်လိုက်မြို့မရဲစခန်းက (ပ) ၃၃/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၉ အရ မိမိကိုယ်ကို အဆုံးစီရင်မှုဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (Facebook)


မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ခဲ့သူ ကြိုးပြတ်ကျ၍ သေကံမရောက် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ခဲ့သူ ကြိုးပြတ်ကျ၍ သေကံမရောက် Reviewed by သစ်ထူးလွင် on 17:46 Rating: 5
Powered by Blogger.