ရုံးပိတ်ရက်ဖြစ်၍ နေပြည်တော် အောက်ပေါင်းလောင်းဆည်နှင့် မနီးမဝေး ခေါမမြစ်ဆိပ်စားသောက်ဆိုင်တန်းများတွင် လူစည်ကားနေပြီ။ မြစ်ဆိပ် သည် နေပြည်တော် တစ်ခွင်ရှိ အစိုးရ ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းမိသားစုများအတွက် အနားယူအပန်းဖြေရာ အိုအေစစ်အဖြစ် တည်ရှိနေသည်။ လာရောက်သူများ အ တွက် အရက်၊ ဘီယာ မှစ၍အကြော်အလှော်နှင့် စားစရာမျိုးစုံရနိုင်သော ဆိုင်များကလည်း အပန်းဖြေသူများနှင့်အပြိုင် အလုပ်များနေပြီ ဖြစ်သည်။
မြစ်ဆိပ်နှင့်အနီးကပ်ဆုံးတွင်တည်ရှိသော စားသောက်ဆိုင်တန်းများတွင် စားသောက်ကာ ရေဆင်းကူးနေကြသူများ၊ မြစ်ဆိပ်တွင် လွတ်လပ် ပေါ့ပါးစွာဆော့ က စားနေကြသော ကလေးငယ်များကို မြင်တွေ့ရသည်။ ထို့အတူ လာရောက်စားသုံးသူများအား ဖော်ရွေစွာ ကြိုဆိုနေရာပေးနေသော ကျောင်း သားစားပွဲထိုးလေးများ သည် လည်း တက်ကြွစွာ လှုပ်ရှားနေကြသည်။ယခုကဲ့သို့ ပိတ်ရက်များတွင် အသက် ၁၁ နှစ်မှ ၁၄ နှစ်အတွင်းရှိသော ကျောင်းသားစားပွဲထိုးလေးများကို အရေအတွက်များ များမြင်တွေ့ နိုင်သည်။ ကျောင်းတက်ရင်း စားပွဲထိုးလုပ်သောကြောင့် ကျောင်းသားစားပွဲထိုးဟု သုံးနှုန်းရခြင်းဖြစ်သည်။ ပိုတိကျအောင်ဆိုရ လျှင် ကျောင်းတက် ရန်စရိတ်ကို အလုပ်လုပ်ရင်းရှာဖွေရသည့် ကလေးများဖြစ်သောကြောင့်ပင်။
”သားတို့ မိဘတွေက အဆင်မပြေဘူးလေ။ ဒါကြောင့် ဒီနေ့တွေမှာဆို ကျောင်းစရိတ်ရအောင် ဒီလိုပဲရှာရတယ်”ဟု ပြောသော စားပွဲထိုးလေးသည် အသက်ဆယ့် တစ်နှစ် အရွယ်သာရှိသေးသည်။ သို့သော်လည်း ဝန်ဆောင်မှုဖြင့် ငွေရှာနေရသော ၎င်းသည်အသက်အရွယ်နှင့် မလိုက်အောင်ဖော်ရွေသည်။ ဆိုင်ရှင်ထံမှ လုပ်အား ခ ငွေကြေး မရရှိသော်လည်း ထမင်းကျွေးသည့်အတွက် မိဘများ စားစရိတ်သက်သာသည်။ ဆိုင်သို့လာရောက်စားသောက်ကြသူများက ပေးသွားသော မုန့်ဖိုးလေးများသည် လာမည့်ပညာသင်နှစ်အတွက် ကျောင်းစရိတ်ဖြစ်သည်။ ထို့ကြောင့် ပိတ်ရက်များတွင် လာရောက်အလုပ်လုပ်ကြခြင်း ဖြစ်ကြောင်း စွပ်ကျယ်အဖြူ ကို ဘောင်းဘီ တိုလေးဖြင့် တွဲဝတ်ထားသော အထက်ပါကလေးကပြောသည်။
အောက်ပေါင်းလောင်းဆည်အနီး အခြားကျေးရွာများမှ ကျောင်းသားလေးများလာရောက် အလုပ်လုပ်ကြသော်လည်း ကလေးအများစုမှာ ကျည်တောင်ခေါ မကျေး ရွာမှ ဖြစ်သည်။ အဆိုပါရွာတွင် အခြေခံပညာ အလယ်တန်းကျောင်း တစ်ကျောင်းရှိရာ ကျောင်းသားသုံးရာဝန်းကျင်ရှိသည်။ ၎င်းတို့အနက် ကျောင်း သားနှစ်ဆယ် ခန့် သည် စားသောက်ဆိုင်များတွင် လာရောက်အလုပ်လုပ်ကြကြောင်း ဒေသခံများထံမှသိရသည်။
”အဖေအမေတို့က အဆင်မပြေတော့ ဒီလိုမှ မလုပ်ရင်ကျောင်းတက်ဖို့ ခက်တယ်လေ”ဟု အဆိုပါကလေးကပြောရင်း ဆိုင်အပြင်မြစ်ဆိပ်တွင် ကစားနေသော ရွယ်တူ ကလေးများကို ငေးကြည့်လိုက်လေသည်။သက္ကရာဇ် ၂ဝဝဝပြည့်နှစ်မတိုင်မီက ကမ္ဘာပေါ်တွင် ကလေးလုပ်သားပေါင်း ၂၄၆ သန်းရှိရာမှ ၂ဝဝဝ ပြည့် နှစ်တွင် ကလေး လုပ်သားဦးရေ သုံးပုံတစ်ပုံခန့်ကျဆင်းခဲ့သည်။ ကလေးလုပ်သား ပေါင်း ၁၆၈ သန်းရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ထုတ်ပြန်ခဲ့သည်။ အာရှ ပစိဖိတ်ဒေသတွင် ကလေးလုပ်သားပေါင်း ၇၈ သန်းခန့်အထိ ရှိနေသေးပြီး အာဖရိကပြီးလျှင် အရှေ့တောင်အာရှသည် ကလေးလုပ်သားအများဆုံးရှိကြောင်း ထုတ်ပြန် ချက်များအရ သိရ သည်။ ILO မှ ထုတ်ပြန်ချက်အရ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းတွင် ကလေးလုပ်သား ၉ ဒသမ ၂ သန်းခန့် ရှိပြီး တောင်အမေရိကနှင့် ကာရစ်ဘီယံ ကမ်းခြေဒေသများတွင် ၁၂ သန်းခန့်ရှိကြောင်းသိရသည်။ ကလေးလုပ်သား အများစုကို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ တွင် အများဆုံးအသုံးပြုနေကြပြီး ကလေးလုပ် သား စုစုပေါင်း၏ ၅၉ ရာခိုင်နှုန်းသည် စိုက်ပျိုး ရေးလုပ်ငန်းများတွင် အလုပ်လုပ်နေကြကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်မှနောက်ဆုံးထုတ်ပြန်ချက် များအရ မြန်မာနိုင်ငံရှိ အလုပ်သမားစုစုပေါင်း၏ ၂ဝရာခိုင်နှုန်းမှ ၃ဝရာခိုင်နှုန်းသည် အသက် ငါးနှစ်မှ ဆယ့်လေးနှစ်ရှိ ကလေးလုပ်သားများ ဖြစ်သည်ဟု ဆိုသည်။
ပွင့်လင်းစပြုလာနေသော မြန်မာနိုင်ငံ သည်လည်း ခြွင်းချက်နိုင်ငံတစ်ခု ဘယ်သောအ ခါမျှမဟုတ်ခဲ့ပါ။ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေ အနေကြောင့် ကလေးလုပ် သား အဖြစ်အချိန်ပြည့်လုပ်နေရသူ၊ အချိန်ပိုင်းလုပ်နေရသူများပြားလာကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ များကဆိုသည်။ မြန်မာနိုင်ငံ၏ အသက် ၇ နှစ်မှ ၆နှစ်အ တွင်း ကလေးသုံးပုံတစ်ပုံသည် အလုပ်လုပ်နေကြရကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ကလေးများသည်လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ခင်းများတွင်အလုပ်လုပ်နေကြရကြောင်း Equality Myanmar မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောသည်။
”ကလေးဆိုရင် ကာကွယ်ရမယ်ဆိုတဲ့ လူမှုပတ်ဝန်းကျင်ကတဖြည်းဖြည်းနဲ့ ပြောင်းလဲလာနေပြီ။ ဘယ်လိုဖြစ်နေလဲဆိုတော့ကလေးဆိုရင် ခိုင်းကောင်းတယ်ဆို တာေ လာ က်ပဲသိတယ်။ စက်ရုံထဲမှာ အချိန်အများကြီးကို ဈေးပေါပေါနဲ့ခိုင်းလို့ ရတယ်ဆိုတဲ့ အသိတွေပဲရှိတော့တယ်”ဟု ၎င်းက ပြောသည်။ တိုင်းပြည်၏ ပညာရေး စနစ်ကြောင့် စာအုပ် ဖိုးနှင့်မုန့်ဖိုးများအတွက် ကလေးများသည် ပိတ်ရက်များတွင် အလုပ်လုပ်ကိုင်ကြရသည်။ ကိုယ် တိုင်အလုပ်လုပ်သောကြောင့် အလုပ်မလုပ်သည့် ကလေးနှင့် နှိုင်း ယှဉ်ပါက ကိုယ့်အားကိုယ်ကိုးတတ်သည့် အားသာချက်မျိုး ရရှိနိုင်သော်လည်း ကလေးများ၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာကို ကာကွယ်မပေးနိုင်သည့် အလုပ်မျိုးဖြစ် ပါက နောက်ဆက်တွဲပြဿနာများ ရင်ဆိုင်ရနိုင်သည်ဟု ၎င်းက ပြောသည်။
”စားသောက်ဆိုင်တွေမှာ အလုပ်လုပ်တဲ့ကလေးတွေဟာ အရက်သေစာသောက်စားထားတဲ့ သူတွေနဲ့ အမြဲတွေ့နေရတယ်။ သူတို့အတွက် လိင်ပိုင်းဆိုင်ရာ အန္တ ရာယ်ဖြစ်စေနိုင်တယ်။ ဒါ မျိုး ငွေရှာရင်ရပါလားဆိုတဲ့ စိတ်မျိုးဝင်သွားရင် သူတို့အတွက် အရမ်းအန္တရာယ်ရှိတယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
အသက်အန္တရာယ်ထိခိုက်စေနိုင်သော မြင့် လွန်းသည့်နေရာများ၊ သတ္တုမိုင်းများ၊ လှေ၊ တွင်း ထွက်ပစ္စည်းထုတ်သည့်နေရာများစသည့် လုပ်ငန်း လုံခြုံမှုမရှိ သည့်နေ ရာများတွင် ကလေးများအလုပ် လုပ်နေရကြောင်း၊လုပ်ငန်းခွင်များတွင် ကလေးလုပ် သားများကိုတိကျစွာကာကွယ်ပေးထားသည့် ဥပဒေ မရှိ ခြင်းကလည်း ကလေး လုပ် သားများအပေါ်လုပ်ငန်းရှင်များက အမြတ်ထုတ်ရန် တွန်းအားပေးနေ သည့်အခြေအနေဖြစ်ကြောင်း ၎င်းကပြောသည်။
၁၉၅၁ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေအရ အသက်ဆယ့်သုံး နှစ်ပြည့်ပြီးသူများ အလုပ်လုပ်ကိုင်ခွင့်ရရှိပြီး ဆရာဝန်၏ ဆေးစာဖြင့် တစ်နေ့လျှင် ၄နာရီ အလုပ် လုပ်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။ သို့သော် လက်တွေ့တွင်မူ ကလေးလုပ်သားများသည် နံ နက် ၅ နာရီမှ ည ၁၁ နာရီလောက်အထိ အလုပ်လုပ်ကိုင်နေကြရ ကြောင်း ခုံသမာဓိကောင်စီ (အလုပ်သမား ကိုယ် စားလှယ်)မှ ဦးရဲနိုင်ဝင်းက ပြောသည်။
”လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကိုပဲ ကြည့်လိုက်ပါ။ အနည်းဆုံး ကလေးနှစ်ဦးကနေသုံးဦး အထိ ရှိတယ်”ဟု ဦးရဲနိုင်ဝင်းက ဆိုသည်။အလုပ်သမားသမဂ္ဂများ အခွင့်အရေး ကာကွယ်ရေးကော်မတီက လွန်ခဲ့သည့် သုံးနှစ်ခန့်က ရန်ကုန်တိုင်းဒေသကြီးရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင်အလုပ်လုပ်သော ကလေးလုပ်သားကို စစ် တမ်းကောက်ခဲ့ရာ ကလေးလုပ် သားငါးသောင်းရှိသည်ကိုတွေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။
”အဲဒီတုန်းကတောင် ငါးသောင်းဆိုရင် အခုဆို ဒီထက်ပိုတိုးလာဖို့ပဲရှိတယ်”ဟု ၎င်းကပြောသည်။ILO မှ ယမန်နှစ်ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင်ကျောင်းနေရမည့် ကလေးစုစုပေါင်း ၁၁ ရာခိုင်နှုန်းသည်စာသင်ခန်းတွင်မရှိကြဘဲ အလုပ် လုပ်နေရကြောင်းသိရသည်။ ကလေးလုပ်သားအသုံးပြုမှုနှင့် အဓမ္မစေခိုင်းမှုတို့တွင် နာ မည်ကြီးေ သာ မြန်မာနိုင်ငံ၌လည်း ကျောင်းပိတ်ရက်များတွင် အလုပ်လုပ်ကာ ဝင်ငွေရှာဖွေရသော ကလေးလုပ်သားဦးရေသည် လျော့မသွားဘဲတိုးလာလျက်ရှိသည်ဟု အလုပ် သမားအရေးဆောင်ရွက်သူတို့က ထောက်ပြကြသည်။ကလေးများအတွက် ကာကွယ်ပေးထားသည့် ဥပဒေမရှိခြင်း၊ ရှိပြီးသားဥပဒေများကလည်း ခေတ်နှင့်မလျော် ညီတော့ခြင်း၊ ဥပဒေကိုအကောင် အထည်ဖော်မှုအားနည်းခြင်းတို့ကြောင့် ကလေး လုပ်သားများသည် ၎င်းတို့၏ အခွင့်အရေးများ မရရှိကြဘဲ ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။
”ကလေးတွေက ဘာတွေဖြစ်လာလဲဆိုတော့ ကလေးနဲ့ မဆိုင်တဲ့ဖိအားတွေရှိလာတယ်။ စားဖို့ မလောက်မှာပူရတာ၊ လုပ်ငန်းခွင်အရ ထိခိုက်မှု၊ ကျန်းမာရေး၊ စာရိတ္တအရ ထိခိုက်မှုတွေ ရှိလာတဲ့အခါ စာသင်ခန်းထဲ ပြန်ရောက်တဲ့အခါစာကို စိတ်မဝင်စားတော့ဘူး”ဟု Equality Myanmar မှ ဦးအောင်မျိုးမင်းက ပြောသည်။လုပ်ငန်းခွင်တွင် အရိုက်နှက်ခံရခြင်းကလည်း ကလေးများကို စိတ်ပိုင်းဆိုင်ရာ အနာတရဖြစ်စေပြီး အလုပ်မလုပ်ရသော သာမန်ကလေးနှင့် နှိုင်းယှဉ်ပါက စိတ်ပိုင်းဆိုင်ရာကွာခြားမှုများ ရှိ လာနိုင်ကြောင်း ၎င်းကပြောသည်။ ”ငါနောက်ထပ်ဘယ်လိုမျိုးတွေ ကြုံတွေ့ရ ဦးမလဲဆိုတာ အမြဲတွေးပြီး ပူပန်နေလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
ခေါမမြစ်ဆိပ် စားသောက်ဆိုင်များမှက လေးလုပ်သားများကမူ စားစရိတ်လည်းငြိမ်းသည့်အပြင် စားသုံးသူများပေးသွားသော မုန့်ဖိုးက တစ်နေ့လျှင် ၅ဝဝဝ အထိရရှိ တတ်၍ လာရောက်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း အသက် ၁၄ နှစ်ရှိ ရှစ်တန်းကျောင်းသားတစ်ဦးက ပြောသည်။
”ပွဲတော်ရက်တွေဆို နှစ်ဆရတယ်” ဟု အဆိုပါကလေးက တက်ကြွစွာပြောသည်။ သူ၏ ဟန်ပန်မှာ မိမိဝင်ငွေဖြင့် ကျောင်းစရိတ်ရှာဖွေနိုင်သည်ကို ဂုဏ်ယူနေပုံရသည်။ ကလေးများသည် ငွေရသည့်နည်းလမ်းကို မြင်လာသောအခါ အကျင့်စာရိတ္တပျက်ပြားပြီး ကျောင်းစာသင်ခန်းနှင့်ဝေးသွားသည့်အနေအထား များလည်း ဖြစ်လာနိုင် သည် ဟု ဦးအောင်မျိုးမင်းက ပြောသည်။
ထို့ကြောင့် ကလေးလုပ်သားများနှင့် ပတ်သက်၍အထူးဥပဒေပြဋ္ဌာန်းရန်လိုအပ်ပြီး ထိုဥပဒေကို လူထုနားလည်ရန်အတွက် အသိပညာပေးမှု များဆောင်ရွက်သင့်သည်ဟု ၎င်းကအကြံပြုသည်။မြန်မာနိုင်ငံတွင်ရှိသော ကလေးလုပ်သား ဦးရေကို အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ် ဆေးရေးဦးစီးဌာနတွင်တောင်းခံခဲ့ရာ ရန်ကုန် တိုင်း ဒေ သကြီးနှင့်ပဲခူးတိုင်းဒေသကြီးတွင်သာ ကောက်ယူထားကြောင်း၊ သို့သော် စစ်တမ်းများမှာ ကွဲလွဲ မှုရှိနိုင်၍ စစ်တမ်းထပ်မံကောက် ယူသွားရန် ရှိ ကြောင်း ညွှန်ကြားေ ရးမှူး ချုပ် ဦးဝင်းရှိန်က ပြော ကြားခဲ့သည်။ ထို့အပြင် ၁၉၅၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သောဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေသည် ခေတ်စနစ်နှင့် မညီေ တာ့ေ သာကြောင့် ပြန် လည် ပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ ထိုသို့ ပြင်ဆင်ရေးဆွဲရာတွင် ဥပဒေပါအ ကြောင်း အရာများကို အစား ထိုးခြင်း၊ ဖြည့်စွက်ခြင်း နှင့် ပယ်ဖျက်ခြင်းတို့ ပြုလုပ်ကာအသစ်ပြန်လည် ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။
ကလေးလုပ်သားအသုံးပြုမှုနှင့် အဓမ္မစေ ခိုင်းမှုတို့တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာနိုင်ငံသည် ၂ဝ၁၂ ခုနှစ် ဧပြီလအတွင်းက ၂ဝ၁၅ တွင် အတင်းအဓမ္မ လုပ် အားစေခိုင်းခြင်း လုံးဝပပျောက်ရေး သဘောတူညီချက်ကို ILO နှင့် လက်မှတ်ရေးထိုးခဲ့ပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ အပြင် ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းပပျောက်ရေးဆိုင်ရာ ILO ပြဋ္ဌာန်း ချက် အမှတ် ၁၈၂ အား ယမန်နှစ် ဒီဇင်ဘာတွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ယင်းပြဋ္ဌာန်း ချက်သည် ကလေးသူငယ်များအား ကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းများ တွင် ခိုင်းစေခြင်း၊ ကလေးငယ်များ၏ ကျန်းမာ ရေးနှင့် အကျင့်စာရိတ္တထိခိုက်စေသည့် လုပ်ငန်း များကို လုပ်ကိုင်စေခြင်းတို့အား တားဆီးတိုက်ဖျက် ရန် ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။ ပြဋ္ဌာန်းချက်ကို လက်မှတ်ထိုးထားသော်လည်း အဆိုပါ ပြဋ္ဌာန်း ချက်ကို လူတိုင်းနားလည်အောင် အသိပညာပေး မှုများ ဆောင် ရွက်ရန် လည်း အရေးကြီး သည်ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
”ဒီပြဋ္ဌာန်းချက်ကို လက်မှတ်ထိုး လိုက်ပြီး နိုင်ငံတကာက လက်ခုပ်လက်ဝါးတီးကြိုဆိုတာ လောက်နဲ့ ရပ်နေလို့ မရဘူး။ ဒီပြဋ္ဌာန်းချက်ကို စက်ရုံအလုပ်ရုံတွေ၊ ဆိုင်တွေ တိုင်းမှာ လိုက်လံ အသိပညာပေးဖို့ လိုတယ်။ ကျူးလွန်မယ့်သူတွေ ရော၊ အကျူးလွန်ခံရမယ့် သူတွေရော ဒါကို သိဖို့ လိုတယ်။ ကျူးလွန်တဲ့သူတွေရှိလာရင်လည်း ဥပဒေ အတိုင်း ပြတ်ပြတ်သားသား အရေးယူဖို့ လိုမယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
မြန်မာ့ပညာရေး ကျွမ်းကျင်သူတစ်ဦးဖြစ် သည့် ဦးအောင်နိုင်ကလည်း အဆိုပါအချက်ကို ထောက်ခံလိုက်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေများ ကို ပြည်သူများ ကျယ် ကျယ်ပြန့်ပြန့်သိရှိရန် လုပ် ဆောင်သင့်ကြောင်းအကြံပြုပြောကြားသည်။ မြန် မာနိုင်ငံသည် ကုလသမဂ္ဂကလေးသူငယ်အခွင့်အ ရေးများဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၃ ခုနှစ်က လက်မှတ်ရေးထိုးထားကြောင်း၊ ထိုသို့ လက်မှတ်ရေးထိုးထားသည့် အကြောင်းအရာများ ကို ပြည်သူများနှင့် ကလေးသူငယ်များ သိအောင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။
”ဒီကလေးတွေကို ဥပဒေနဲ့ မညီစေခိုင်းရင် ဥပဒေအတိုင်း အပြစ်ပေးသင့်သလို ပြည်သူတွေ ထဲကလည်း ဒီလိုလူသားမဆန်တဲ့ ကျင့်ဝတ်ချိုး ဖောက်တဲ့ လုပ်ငန်း ရှင်တွေ တွေ့ရင် သက်ဆိုင်ရာ ကို ဖော်ထုတ်တိုင်ကြားသင့်တယ်”ဟု ၎င်းက ပြောသည်။ကျန်းမာရေးထိခိုက်ပြီး လုံခြုံမှုမရှိသည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်နေ ရသော ကလေးလုပ်သားဦးရေသည် ၂ဝဝဝ ပြည့်နှစ်မတိုင်မီက ၁၇၁ သန်းရှိခဲ့သော်လည်း ၂ဝဝဝပြည့်နှစ်ရောက်သော အခါ ၈၅သန်းအထိ လျော့ကျ လာခဲ့ကြောင်း ILO ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါအဖွဲ့က ၂ဝ၁၆ ခုနှစ် ရောက်လျှင် အသက်အန္တရာယ်များ သော လုပ်ငန်းများတွင် ကလေးလုပ်သားများ လုံးဝမရှိစေရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ ဒေသတွင်း နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၌ ကလေးဦးရေ၏ ၂၆ ရာခိုင်နှုန်းသည် ၂ဝဝဝ ပြည့်နှစ်က ကလေးလုပ်သားများအဖြစ် ရှိခဲ့သော် လည်း လက်ရှိတွင် ၁၂ ရာခိုင်နှုန်းသာ ရှိတော့ ကြောင်းသိရသည်။
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးသည် မြန်မာ နိုင်ငံ၏ ကလေးလုပ်သား လျှော့ချရေးအတွက် အဓိကအချက်ဖြစ်ပြီး အတတ်ပညာ မသင်ယူနိုင် သော ကလေးလုပ် သားများ အတွက် အသက်မွေး ဝမ်းကျောင်း သင်တန်းများ တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးရမည်ဟု ခုံသမာဓိကောင်စီ (အလုပ်သမားကိုယ်စားလှယ်)မှ ဦးရဲနိုင် ဝင်းက ပြော သည်။
အလုပ်မျိုးစုံ ပုံစံမျိုးစုံဖြင့် စေခိုင်းခံနေရ သော ကလေးလုပ်သားများကို တစ်နေ့ ၄ နာရီသာ ခိုင်းစေရမည်ဆိုသော်လည်း ၄နာရီ ထက်မက ခိုင်းနေသောကြောင့် ဥပဒေအ တိုင်းအရေးယူမည်ဆိုပါက ကလေး လုပ်သားများ အလုပ်လက်မဲ့ဖြစ်မည် ဟု ၎င်းက ပြောသည်။ ခေါမမြစ်ဆိပ်မှ ကလေးများ သည်လည်း ဆိုင်ဖွင့်ချိန် မနက် ၇ နာရီမှ ညနေ ၆ နာရီလောက် အ ထိ အလုပ်လုပ် ကြရသည်။ ၄ နာရီ အလုပ်ချိန်သတ်မှတ်ထားသော် လည်းထိုအ လုပ်ချိန်အတိုင်းဆိုပါက သူတို့၏ကျောင်း စရိတ်ရှာဖွေရေး ခက်ခဲသွားနိုင်သည်။
”ကလေးအလုပ်သမားတွေကို တရားဝင် မှတ်ပုံတင်မယ်။ စစ်တမ်းကောက်မယ်။ အဲဒီစစ် တမ်းပေါ်မှာကြည့်ပြီး သူတို့အနာဂတ်ကို ဘယ်လို ဖန်းတီးမလဲဆိုတာ ကျွမ်းကျင် ပညာရှင်တွေ၊ ဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ ကလေးတွေကို ခိုင်းနေတဲ့ လုပ်ငန်းရှင်တွေအားလုံး ပါဝင်ဆွေး နွေးသင့်တယ်” ဟု ဦးရဲနိုင်ဝင်းက ပြောသည်။အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနက လုပ်သားအင်အား ဆန်းစစ် လေ့လာချက်လုပ်ငန်းအတွက် ILO နှင့် နားလည်မှု စာချွန်လွှာကို ယမန်နှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့ပြီး တစ်နိုင်ငံလုံးရှိ လုပ်သား အင်အားစစ်တမ်းကို ယခုနှစ်အတွင်း ကောက်ယူ မည်ဖြစ်သည်။ နားလည်မှုစာချွန်လွှာအရအလုပ် ဌာနဆိုင်ရာ စစ်တမ်း များ၊ အခကြေးငွေဆိုင်ရာ စစ်တမ်းများ၊ ပုံမှန်သတ်မှတ်ထားခြင်း မရှိသော လုပ်ငန်းကဏ္ဍဆိုင်ရာ စစ်တမ်းများ၊ ကလေးလုပ် သား စစ်တမ်းများနှင့် ကျောင်းအပြီး လုပ်ငန်း ခွင် ဝင်ရောက်မှုအကူးအပြောင်း စစ်တမ်းများကို ကောက်ယူမည်ဟု သိရသည်။
”စစ်တမ်းကရလာတဲ့ ပကတိ အခြေအနေ ကို ကြည့်ပြီးတော့ ဘယ်လိုလုပ်ကြမလဲ ဆွေးနွေး ကြရမယ်။ လက်ဖက်ရည်ဆိုင်မှာ ကလေးလုပ် သားကို ခိုင်းမှ ဖြစ်မယ် ဆို ရင်လည်း ကလေးကိုအ ချိန်ပိုင်းနဲ့ခိုင်းပြီး သူ့အတွက်အသက်မွေးဝမ်းကျောင်း ပညာလေးကိုသင်ပေးနိုင်မလား၊ ဒီအတွက် အစိုးရ ကလည်း ဆိုင်ပိုင်ရှင်တွေဆီကယူတဲ့ အခွန်တွေ ကို လျှော့ယူမလားဆိုတာမျိုးလေးတွေလည်း စဉ်းစားဖို့လိုတယ်”ဟု ဦးရဲနိုင်ဝင်းက အကြံပြုသည်။
ခေါမမြစ်ဆိပ်ကမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်သော အသက် ၁၂ နှစ်ရှိ ကလေးတစ်ဦးက ၎င်းတို့မိသားစုတွင် မောင်နှမဦးရေ များသည့် အတွက် နွေ ရာသီရောက်တိုင်း ယခုလိုအလုပ်လုပ်ကာ ကျောင်းစရိတ် ရှာရသည်မှာ ထုံးစံဖြစ်နေပြီဟု ညှိုးငယ်စွာ ဆိုသည်။ တစ်နေကုန်အလုပ်လုပ်ထားပြီး ဆိုင်လည်း ပိတ်ပြီ။ အပန်းဖြေသူများလည် အိမ်ပြန်ကြပြီဖြစ် ၍ ကျည်တောင်ခေါမကျေးရွာမှ ကျောင်းသား စားပွဲထိုးလေးများသည်လည်း ရွာသို့ပြန်ရန် ပြင်ဆင်နေကြပြီ။
နောက်နေ့အလုပ်လုပ်ရန်အတွက် သူတို့ ယနေ့အနားယူရမည်။ အလုပ်လုပ်နိုင်မှ သာ လာမည့်စာသင်နှစ်တွင် သူငယ်ချင်းများနှင့် စာသင်ခန်းတွင် ပြန်ဆုံနိုင် မည်ဖြစ် သည်။နည်းပညာတိုးတက်ပြီး အတတ်ပညာနှင့် ပတ်သက်၍ အပြိုင်အဆိုင်များသော ခေတ်တွင်ကလေးသူငယ်များ၏ အနာဂတ်သည် တိုင်းပြည်အတွက် လွန်စွာ အရေးကြီးလှသည်။ မြန်မာနိုင်ငံရှိ ကလေးလုပ်သားများ၏ ပကတိအခြေအနေနှင့် ပတ်သက်၍ ဦးရဲနိုင်ဝင်းက ယခုလိုသုံးသပ်သည်။
”နောင်တစ်ချိန် လူကြီးဖြစ်မယ့် ကလေးတွေက မမျှတတဲ့ ဝန်တွေထမ်းနေရတာ တိုင်းပြည်အတွက် ဘယ်လို မှ မကောင်းနိုင်ဘူး”ဟု ၎င်းက ဆိုသည်။
မေဇင်ဝင်း၊ စိုင်းလမင်း၊ ထူးထူး
Popular Myanmar News Journal
နွေဦးကာလ ကျောင်းပိတ်သောအခါ ‘ကလေးများ’ ဝမ်းစာရှာနေကြလေသည်
Reviewed by သစ်ထူးလွင်
on
19:39
Rating: